Home သတင်း ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံနယ်စပ် အ‌ခြေစိုက် ကရင်ရွာ ၂ ရွာမှ စု‌ပေါင်းသစ်ပင်စိုက်ပွဲ ကျင်းပ

ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံနယ်စပ် အ‌ခြေစိုက် ကရင်ရွာ ၂ ရွာမှ စု‌ပေါင်းသစ်ပင်စိုက်ပွဲ ကျင်းပ

2045

ဇွန် ၂၇ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် အ‌ခြေစိုက်‌နေထိုင်သည့် ကရင်‌ကျေးရွာ ၂ရွာမှ ရွာသူရွာသားများ စု‌ပေါင်းပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် ‌ကော့ကရိတ်မြို့နယ်၊ ‌သေ့‌ဘောဘိုး ‌ကျေးရွာ အထက်တန်း‌ကျောင်းတွင် ဇွန် ၁၅ ရက်‌နေ့က သစ်ပင်စိုက်ပွဲတစ်ခု ကျင်းပခဲ့‌ကြောင်း သိရသည်။

နှစ်နိုင်ငံ သစ်‌တောဧရိယာနှင့် ‌တော‌တောင်များ ပြန်လည်ထူ‌ထောင်‌ရေးအစီအစဉ်အရ မြန်မာဘက်ခြမ်းရှိ ‌သေ့‌ဘောဘိုး‌ကျေးရွာနှင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်အတွင်းရှိ ‌မော်လီချိုင်း ‌ကျေးရွာတို့က အဆိုပါ သစ်ပင်စိုက်ပွဲကို စီစဉ်ကျင်းပခြင်းဖြစ်သည်။

‌သေ့‌ဘောဘိုး‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ‌စောလားဒိုက “အဓိကက‌တော့ နှစ်နိုင်ငံစလုံးမှာ ‌နေထိုင်‌နေကြတဲ့ ကရင်လူမျိုး‌တွေ အချင်းချင်း ထိ‌တွေ့ရင်းနှီး‌စေမယ့် ချစ်ကြည်‌ရေးသ‌ဘောအပြင် သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ ထိန်းသိမ်းပြီး ကာကွယ်‌စောင့်‌ရှောက် တတ်ဖို့ ဒီသစ်ပင်စိုက်ပွဲကို ပြုလုပ်ခြင်းဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံမှ မ‌ဟော်ဂနီ၊ ပိ‌တောက်၊ ပျဉ်းကတိုး၊ ကျွန်းနှင့် ‌အော်‌ရေးရှားပိ‌တောက် စသည့် သစ်ပင်အမျိုး‌ပေါင်း ၉ မျိုးမှ အပင်‌ရေ ၃၀၀ဝ ခန့်ကို ‌သေ့‌ဘောဘိုး အထက်တန်း‌ကျောင်း၊ ဘုန်းကြီး‌ကျောင်း နှင့် ‌ကျေးရွာလမ်း‌ဘေးများတွင် စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။
13530820_1798676690377630_312152163_n
၎င်းသစ်ပင်စိုက်ပွဲသို့ ‌ဒေသအတွင်းရှိ KNUနှင့် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်-DKBA တို့မှ တာဝန်ရှိ သူများ၊ ထိုင်းဘက်ခြမ်းမှ ဖုတ်ဖမြို့နယ်အုပ်ချုပ်‌ရေးမှူး၊ စစ်ဘက်နှင့် သစ်‌တောဌာနတို့မှ ဌာနဆိုင်ရာများနှင့် ‌ဒေသခံ ရွာသူရွာသားများ အပါအဝင် လူဦး‌ရေ ၅၀ဝ ခန့် တက်‌ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲအ‌ပေါ် ‌သေ့‌ဘောဘိုး‌ကျေးရွာသူတစ်ဦးက “ကျမအ‌နေနဲ့‌တော့ အထက်ညွန်ကြားချက်‌တွေ ခွင့်ပြုချက်‌တွေထက် လူထုပါဝင်မှုအားကို ပိုမိုမြှင့်တင်‌စေချင်ပါတယ်။ အခု‌သေနတ်သံ‌တွေ မကြားရ‌တော့တဲ့ အတွက် ရွာနှစ်ရွာရဲ့ ရင်းနှီးမှုနဲ့ ထိ‌တွေ့မအရင်ကထက် ပို‌ကောင်းလာတာပါ”ဟု ‌ပြောသည်။

‌သောင်ရင်းမြစ်ကမ်း တစ်ဖက်စီတွင်ရှိသည့် ‌သေ့‌ဘောဘိုးရွာနှင့် ‌မော်လီချိုင်း‌ကျေးရွာတွင် ‌နေထိုင်သည့် ကရင်လူမျိုးများသည် ယခင်ကတည်းက ကူးလူးဆက်ဆံမှုရှိခဲ့သလို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ယင်း‌ကျေးရွာ ၂ ရွာစု‌ပေါင်းပြီး ယခုလို သစ်ပင်စိုက်ပွဲတစ်ကြိမ်ကျင်းပခဲ့ဖူး‌ကြောင်း သိရသည်။