Home သတင်း ကျပ်သိန်း ၄,၀၀၀‌ကျော်တန်ဖိုးရှိ ဖမ်းမိမူးယစ်‌ဆေးများ ‌ကေအဲန်ယူ မီးရှို့ဖျက်ဆီး

ကျပ်သိန်း ၄,၀၀၀‌ကျော်တန်ဖိုးရှိ ဖမ်းမိမူးယစ်‌ဆေးများ ‌ကေအဲန်ယူ မီးရှို့ဖျက်ဆီး

2026

ဇွန်လ ၂၆ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

ယ‌နေ့ ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေး‌နေ ့အထိမ်းအမှတ်အဖြစ် ကရင်အမျိုးသားအစည်းအ ရုံး(‌ကေအဲန်ယူ)၊ ‌တောင်ငူခရိုင်အတွင်း ဖမ်းဆီးရမိသည့် ကာလတန်ဖိုး ကျပ်သိန်း ၄,၀၀၀‌ကျော်ရှိ မူးယစ်စိတ်ကြွ‌ဆေးများ မီးရှို့ ဖျက်ဆီးသည့် အခမ်းအနားကို ‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ တပ်မဟာ(၂) ထိန်းချုပ်နယ်‌မြေတ‌နေရာ၌ ယ‌နေ့ (ဇွန်လ ၂၆ ရက်) နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အခမ်းအနားပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ခရိုင်ဥက္ကဌ ပဒို‌စောအယ်ဝါးက “ဒီလိုပွဲမျိုး ကျ‌နော်တို့ဆီမှာ တခါမှလည်း မရှိခဲ့ဖူးပါ ဘူး။ ဒီ ၂၀၁၅- ၁၆မှာ ‌ဒေသတွင်း စိန်‌ခေါ်မှု‌တွေဖြစ်လာတဲ့အခါကျ‌တော့ လုပ်ရင်းလုပ်ရင်းနဲ ့အခုလို အခမ်းအနား မဖြစ်မ‌နေ လုပ်ရတဲ့ အ‌နေအထားမျိုး ‌ရောက်လာပါတယ်။ မိလာတဲ့ ‌ဆေးပြား‌တွေကို ကျ‌နော်တို့ကို ယုန်ထင် ‌ကြောင်ထင် မဖြစ်ရ‌လေ ‌အောင် အ‌ရေအတွက် အတိအကျနဲ ့ ဒီလို နိုင်ငံတကာမူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေး‌နေ့မှာ အများပြည်သူ‌တွေ‌ရှေ့မှာ မီးရှို့ ဖျက်ဆီးရခြင်း ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပထမဆုံးအကြိမ် ပြုလုပ်သည့် ‌ကေအဲန်ယူ၊ ‌တောင်ငူခရိုင်အတွင်း ဖမ်းဆီးရမိသည့် စိတ်ကြွ‌ဆေးပြား ၁၁၁,၅၃၇ပြားကို မီးရှို့ ဖျက်ဆီးသည့် အခမ်းအနားသို ့‌ကေအဲန်ယူ(ဗဟို) တရားသူကြီးချုပ် ပဒို‌နော်မြိုင်ဖိုး၊ ‌ကေအဲန်ယူ ဗဟို‌ကော်မတီဝင် ပဒို‌စောလစ္စ တန်၊ ‌တောင်ငူခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါး၊ ဒုဥက္ကဌ ဗိုလ်မှူးချုပ်‌စော‌ဂျော်‌မေ့၊ ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ် ထန်း တပင်မြို့နယ် ဥက္ကဌ နန်းဝင်းကြည်၊ ထန်းတပင်မြို့နယ် အမှတ်၂ ပဲခူးတိုင်းလွှတ်‌တော်ကိုယ်စားလှယ် ဦး‌ဌေးလွင်၊ ပအိုဝ်းစာ‌ပေ ယဉ်‌ကျေးမှု‌ကော်မတီဝင်များ၊ ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးများနှင့် ‌ဒေသခံများ အပါအဝင် စုစု‌ပေါင်း လူ ၁၅ဝဦးခန့် တက်‌ရောက်ခဲ့ ကြသည်။

အခမ်းအနားသို ့တက်‌ရောက်လာသူ ‌ကေအဲန်ယူ (ဗဟို) တရားသူကြီးချုပ် ပဒို‌နော်မြိုင်ဖိုးက “‌ကေအဲန်ယူက ကရင်‌တော်လှန် ‌ရေးကို ဦး‌ဆောင်လာခဲ့တယ်။ ကရင့်တစ်မျိုးသားလုံးကိုလည်း ဦး‌ဆောင်လာခဲ့တဲ့အတွက် လူမျိုးတုံးမဲ့ကိစ္စရပ်က ကျမတို့အားလုံး တာဝန်ရှိတယ်။ ကျမတို့အ‌နေနဲ ့နိုင်ငံတကာက သ‌ဘောတူချမှတ်ထားတဲ့ မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေး‌နေ့မှာ အားလုံးနဲ့အတူ ကျမတို့ ‌ကေအဲန်ယူကလည်း မူးယစ်‌ဆေးဝါးတိုက်ဖျက်တာ ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် မူးယစ်‌ဆေးဝါး‌ကြောင့် ဖြစ်‌ပေါ်လာသည့် အကျိုးဆက်များကို အများစု ခံစားရသည်မှာ အမျိုးသမီးများဖြစ်ကြပြီး အမျိုး သမီးများ မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေးတွင် ပိုမို ပါဝင်ခွင့်‌ပေးရန်နှင့် ပါဝင်လာကြရန် တိုက်တွန်းလို‌ကြောင်း ပဒို‌နော်မြိုင်ဖိုးက ဆက်‌ပြောသည်။

လက်ရှိ ‌တောင်ငူခရိုင် အနီးဝန်းကျင်တွင် မူးယစ်‌ဆေးပြားများ အလွယ်တကူ ရရှိ‌နေသည်ဟု ကြားသိ‌နေရပြီး လူငယ်များအ တွက် အလွန် အန္တရာယ်ကြီး‌နေသည်ကို‌တွေ့ရ‌ကြောင်း၊ မူးယစ်‌ဆေးဝါးတိုက်ဖျက်ရာတွင် ဗဟို အဖွဲ့အစည်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများထက် လက်‌တွေ့နယ်ပယ်နှင့် နီးစပ်သူ ‌အောက်‌ခြေ တိုင်းရင်းသားများ ပါဝင်မည်ဆိုပါက ပိုမို ထိ‌ရောက်မည်ဟု မြင်မိသည်ဟု ထန်းတပင်မြို့နယ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဥက္ကဌ နန်းဝင်းကြည်က ‌ပြောဆိုသည်။
DSC_5520
‌ကေအဲန်ယူအ‌နေဖြင့် မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေးကို လုပ်‌ဆောင်‌နေသည်ကို ‌တွေ့ရသည့်အတွက် အလွန်‌ကျေနပ်အားရသလို မူးယစ်‌ဆေးစွဲ‌နေသည့် လူငယ်များအတွက် ပြန်လည် ထူ‌ထောင်‌ရေးစခန်းများ ထားရှိလုပ်ကိုင်သွားရန် အကြံပြုလို‌ကြောင်း ထန်း တပင်မြို့နယ် အမှတ်(၂) တိုင်း‌ဒေသကြီး လွှတ်‌တော်ကိုယ်စားလှယ် ဦး‌ဌေးလွင်က ‌ပြောသည်။

‌ကေအဲန်ယူ၊ ‌တောင်ငူခရိုင်အတွင်း ၂၀၁၅ စက်တင်ဘာလအတွင်း ‌တောင်ငူမှ ‌ဘောဂလိသို ့ထွက်ခွာလာသည့် ဆိုင်ကယ်‌ပေါ် တွင် အက်ဖက်ဒမင်း စိတ်ကြွ‌ဆေးပြားများ စတင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အလားတူ ၂၀၁၆ခုနှစ်အတွင်း ကယားပြည်နယ်၊ ပဲခူးတိုင်း စသည့်‌ဒေသများသို့ သွား‌ရောက်သည့် ကားများ၊ ဆိုင်ကယ်များ‌ပေါ် တွင်လည်း မူးယစ်‌ဆေးဝါးများ ဖမ်းဆီးရမိခဲ့သလို အချို့မှာ ‌ဒေသတွင်း‌ရောင်းချရန်နှင့် အခြား‌ဒေသသို့ သယ်‌ဆောင်ရန်အတွက် ဖြစ်‌ကြောင်း စစ်‌ဆေး‌တွေ့ရှိထားရာ ယင်းတို့ကို ‌ကေအဲန်ယူက ထုတ်ပြန်သည့် ၁/၂၀၁၄ မူးယစ်ဥပ‌ဒေအရ အ‌ရေးယူခဲ့သည်ဟု ခရိုင်တာဝန်ရှိသူများထံမှ သိရသည်။