Home သတင်း ကရင်ပြည်နယ် ရက် ၁၀ဝစီမံချက်တွင် နှစ်လအတွင်း မူးယစ်‌ဆေးဝါး အမှု‌ပေါင်း ၉၇မှု ဖမ်းမိ

ကရင်ပြည်နယ် ရက် ၁၀ဝစီမံချက်တွင် နှစ်လအတွင်း မူးယစ်‌ဆေးဝါး အမှု‌ပေါင်း ၉၇မှု ဖမ်းမိ

2591

ဇွန် ၂၉ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ရက်‌ပေါင်း ၁၀ဝ စီမံချက်များ ‌ဖော်‌ဆောင်ရာ၌ ပြည်နယ်တွင်း မူးယစ်‌ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်‌ရေးလုပ်ငန်းများကို အ‌ရေးယူ‌ဆောင်ရွက်မှုကာလ စတင်သည့် ၂၀၁၆၊ ‌မေလ ၁ရက်မှ ဇွန်လ ၂၆ရက်‌နေ့အထိ မူးယစ် ‌ဆေးဝါးအမှု‌ပေါင်း (၉၇)မှု ဖမ်းဆီးရမိ‌ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့၏ ‌ပြောဆိုချက်အရ သိရသည်။

ကရင်ပြည်နယ် ရဲတပ်ဖွဲ့အ‌နေဖြင့် မူးယစ်‌ဆေးဝါး ကင်းစင်ပ‌ပျောက်‌သော ပြည်နယ်တစ်ခု ဖြစ်‌ပေါ်လာ‌စေရန် ‌ဒေသခံပြည်သူ များ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူး‌ပေါင်း‌ဆောင်ရွက်ခဲ့ခြင်း‌ကြောင့် မူးယစ်‌ဆေးဝါးအမှုများကို နှစ်လအ တွင်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်‌ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့၏ ဒုရဲမှုးဦးသန်းဝင်းက ဇွန် ၂၇ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

“မူးယစ်‌ဆေးဝါး ဖမ်းဆီးမှုလုပ်ငန်းစဉ်‌တွေက သာမန်ပြစ်မှုတရားခံ‌တွေ ဖမ်းဆီးအ‌ရေးယူရတာထက် ရဲလုပ်ငန်းစဉ်‌တွေ ကျယ် ပြန့်ပါတယ်။ အချိန်တိုအတွင်းမှာ ‌အောင်မြင်စွာ တားဆီးနှိမ်နင်းနိုင်တာ လူထုနဲ့ လက်နက်ကိုင် အဖွဲ့အစည်း‌တွေ အားလုံး ပါဝင် ကြတာ‌ကြောင့် ဖြစ်ပါတယ်”ဟု ၎င်းဒုရဲမှူးက ‌ပြောဆိုသည်။

ထိုသို့ ဖမ်းဆီးရမိသည့် အမှု‌ပေါင်းများထဲတွင် လက်နက်ခဲယမ်းများနှင့်အတူ မူးယစ်‌ဆေးဝါးဖမ်းဆီးရမိမှု (၅)မှု တရားခံများတွင် အမျိုးသား ၁၂၁ဦး၊ အမျိုးသမီး ၃၂ဦး၊ စုစု‌ပေါင်း (၁၅၃)ဦးအား ဖမ်းဆီးရမိခဲ့ပြီး မူးယစ်‌ဆေးဝါး၏ ကာလတန်ဖိုးမှာ ကျပ်‌ငွေ (၂၉၅,၃၁၄,၀၆၄)ရှိသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

Youth Power မှ မူးယစ် အသိပညာ‌ပေး လူငယ်အဖွဲ့‌ခေါင်း‌ဆောင် ကိုမြင့်‌အောင်က “ကရင်ပြည်နယ်တွင်းက လူငယ်‌တွေက မူး ယစ်‌ဆေးဝါးကို ဖက်ရှင်တစ်ခုလိုမြင်ပြီး သုံးစွဲလာကြတာ ‌တွေ့ရတယ်။ ‌ရောင်းဝယ်ဖြန်ဖြူးကြတဲ့သူ‌တွေက လူငယ်‌တွေကို ‌ဆေးစွဲ ‌အောင်လုပ်ပြီး ပြန်လည်‌ရောင်းချခိုင်းတာ‌တွေ အ‌ဆောင်‌နေ ‌ကျောင်းသားထုအတွင်းအထိ ရှိ‌နေတယ်။ ဒါ‌ကြောင့် ပင်စည်ကြီး ‌တွေကို ဖမ်းမိ‌စေချင်တယ်”ဟု ‌ပြောဆိုသည်။

ထို့အပြင် ယခု ၂၀၁၆ခုနှစ်၊ ဇွန်လ ၂၆ရက်‌နေ့အထိ ပထမ ‌ခြောက်လတာ ကာလအတွင်း မူးယစ်‌ဆေးဝါးအမှု‌ပေါင်း ၂၁၇မှု ဖမ်း ဆီးရမိခဲ့ပြီး ထိုအထဲတွင် လက်နက်ခဲယမ်းများနှင့်အတူ မူးယစ်‌ဆေးဝါး ဖမ်းဆီးရမိသည့် အမှု‌ပေါင်း (၁၅)မှုပါဝင်ပြီး တရားခံအ မျိုးသား၊ အမျိုးသမီး စုစု‌ပေါင်း ၃၅ဝဦးကို အ‌ရေးယူ ‌ဆောင်ရွက်ခဲ့သည်ဟု ကရင်ပြည်နယ် ရဲတပ်ဖွဲ့က ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ခုနှစ်အတွင်း ကရင်ပြည်နယ်တွင် ပြည်နယ်ရဲတပ်ဖွဲ့မှ မူးယစ်‌ဆေးဝါးအမှု‌ပေါင်း (၁၁၈)မှု ဖမ်းဆီးမိခဲ့ရာတွင် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခြင်း (၁၂)မှု ပါဝင်ပြီး တရားခံ အမျိုးသား ၂၃၃ဦး၊ အမျိုးသမီး ၈ဝဦး စုစု‌ပေါင်း ၃၁၃ဦး ‌ဖော်ထုတ်အ‌ရေးယူခဲ့သည်ဟု သိရသည်။