Home သတင်း မယ်‌တော်‌ဆေးခန်းအ‌ဆောင်သစ်တွင် ပန်းချီကားချပ် ၅ဝခန့် လာ‌ရောက်ပြသလှူဒါန်း

မယ်‌တော်‌ဆေးခန်းအ‌ဆောင်သစ်တွင် ပန်းချီကားချပ် ၅ဝခန့် လာ‌ရောက်ပြသလှူဒါန်း

2797

‌မေလ ၂၇ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ ‌ဒေါက်တာစင်သီယာ‌မောင်ဦး‌ဆောင်သည့် မယ်‌တော်‌ဆေးခန်းအ‌ဆောင်သစ်၌ ရန်ကုန်မြို့မှ ပန်းချီဆရာများနှင့် မဲ‌ဆောက်ရှိကရင်ပန်းချီဆရာအချို့စု‌ပေါင်းပြီး ပန်းချီကားချပ်‌ပေါင်း ၅ဝခန့်ကို ‌မေလ ၂၇ရက်‌နေ့ ည‌နေ (၅) နာရီခန့်တွင် လာ‌ရောက်ဖွင့်လှစ်ပြသပြီး လှူဒါန်းမှုပြုခဲ့သည်ဟု ပြပွဲစီစဉ်သူများက ‌ပြောသည်။

အဆိုပါ ပန်းချီကားချပ်များကို ‌မေလ ၂၈ရက်‌နေ့တွင် ဖွင့်လှစ်မည့် မယ်‌တော်‌ဆေးခန်း‌ဆောင်သစ်ဖွင့်ပွဲအတွက် ရည်ရွယ်ပြီး ‌ဒေါက်တာစင်သီယာ‌မောင်အား ‌လေးစားကြသည့် ရန်ကုန်မြို့မှ နာမည်ကြီးပန်းချီဆရာအချို့နှင့် မဲ‌ဆောက်ရှိ ဝါသနာရှင် ပန်းချီ ဆရာအချို့က ယခုလို စု‌ပေါင်းပြသလှူဒါန်းခြင်းဖြစ်သည်ဟု ဦး‌ဆောင်စီစဉ်သူ ပန်းချီဆရာ ‌စောမိုးဇက်(S’ Moe Z)က ‌ကေအိုင်စီ သို့ ‌ပြောသည်။

“အမိုး(‌ဒေါက်တာစင်သီယာ‌မောင်)က ‌ဆေးခန်းဖွင့်ပွဲလုပ်မယ်ဆို‌တော့ ကျ‌နော်တို့က တတ်နိုင်တဲ့ဘက်က ကူညီ‌ပေးတာ‌ပေါ့ ‌နော်။ ဒီပန်းချီကားကို ပြတဲ့အခါ ‌ရောင်းလို့ရရင်လည်း ‌ရောင်းလိုက်မယ်။ ‌ရောင်းရ‌ငွေ‌တွေကို ဒီကို အကုန်လှူခဲ့မယ်။ ပန်းချီကား ‌တွေကိုလည်း အကုန် အပြတ်လှူခဲ့မှာ။ ဒီပန်းချီကား‌တွေမှာ မြန်မာပြည်က နာမည်ကြီး ပန်းချီဆရာ‌တွေ ‌ရေးဆွဲထားတဲ့ ပန်းချီ ကားလည်း ပါတယ်”ဟု ၎င်းက ‌ပြောသည်။
DSC_0298
ပြသထားသည့် ယင်းပန်းချီအချပ်များကို ပန်းချီဆရာ (၅၀)ဦးခန့်က ‌ဒေါက်တာစင်သီယာ‌မောင်၏ ပုံတူပန်းချီကားများ၊ ‌ဒေါ် ‌အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကား အပါအဝင် ကရင်ပြည်နယ်၏ သဘာဝအလှ ရှုခင်းပုံများ၊ မြန်မာ့သဘာဝအလှပုံများနှင့် ငြိမ်းချမ်း‌ရေး ပုံ‌ဖေါ်ပန်းချီကားများ ပါဝင်ပြီး ပန်းချီအနုပညာ စိတ်ပါဝင်စားကြသည့် မဲ‌ဆောက်ရှိ နိုင်ငံခြားသားများ၊ ‌ရွှေ့‌ပြောင်း မြန်မာ‌ကျောင်းသူ‌ကျောင်းသားများနှင့် ‌ရွှေ့‌ပြောင်းမြန်မာ အလုပ်သမားများ သွား‌ရောက်ကြည့်ရှု‌လေ့လာခဲ့ကြသည်။

ပန်းချီကားချပ်များကို သွား‌ရောက်‌လေ့လာကြည့်ရှုခဲ့သည့် CDC ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းမှ (၁၁)တန်း‌ကျောင်းသား ‌စောအဲ့ ‌ကော်ထူးက “အခုလို ဒီပန်းချီပြခန်းဆိုလို့ရှိရင် ကျ‌နော့်တို့ မဲ‌ဆောက်ဘက်မှာ ဒီလိုလာပြတာ အခုပဲ မြင်ဖူးတယ်။ ဒီလို‌လေ့လာ ကြည့်ရှုခွင့်ရတဲ့အတွက် ကျ‌နော်တို့လို လူငယ်‌တွေအတွက်လည်း အားကျစရာဖြစ်‌စေတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌မေလ ၂၈ရက်‌နေ့တွင် ဖွင့်လှစ်မည့် မယ်‌တော်‌ဆေးခန်း‌ဆောင်သစ်ဖွင့်ပွဲကုို မွန်းလွဲ (၁)နာရီခန့်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ‌မေ လ ၂၉ရက်‌နေ့တွင် မယ်‌တော်‌ဆေးခန်း‌နေရာ‌ဟောင်း၌ စာ‌ပေ‌ဟော‌ပြောပွဲကိုလည်း ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။