Home ထိပ်တန်းသတင်း ကရင်စာ‌ပေသင်ကြားရန် ထိုက်တန်‌သော အခွင့်အ‌ရေးမရ‌သေးဟု KNU ‌ပြောဆို

ကရင်စာ‌ပေသင်ကြားရန် ထိုက်တန်‌သော အခွင့်အ‌ရေးမရ‌သေးဟု KNU ‌ပြောဆို

1459

‌မေလ ၉ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

ပြည်တွင်း၌ ကရင်စာ‌ပေသင်ကြား‌ရေးအတွက် ထိုက်တန်သည့် တရားဝင် အခွင့်အ‌ရေး မရရှိ‌သေး‌ကြောင်း ‌မေလ ၈ရက်‌နေ့တွင် ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော်မြို့နယ်၊ ကပိုင်‌ကျေးရွာ၊ သီရိမဂင်္လာ ‌ကျောင်းတိုက်ဝန်း၌ပြုလုပ်သည့် ပန်းတ‌နော်စာယဉ် ‌နွေရာသီကရင်စာ၊ ယဉ်‌ကျေးသင်တန်းဆင်းပွဲ အခမ်းအနား၌ ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို‌ကော်မတီဝင် ပဒိုမန်း ငြိမ်း‌မောင်က ‌ပြောကြားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေတွင် တိုင်းရင်းသားလူမျိုးတိုင်း မိမိတို့စာ‌ပေ၊ ယဉ်‌ကျေးမှုကို လွတ်လပ်စွာ ‌ဖော်ထုတ်ခွင့်ရှိသည်ဟု ပြဌာန်းထား‌သော်လည်း ကရင်လူမျိုးများအတွက် စာ‌ပေသင်ကြား‌ရေးအ‌ခြေအ‌နေမှာ တရားဝင် မရှိ‌သေးသလို ‌ကျောင်းချိန်တွင်း တရားဝင်သင်ကြားခွင့် ရရှိ‌ရေးအတွက် ကရင်အမျိုးသား ဆရာအတတ်သင်‌ကျောင်းများ တည်‌ထောင်သွားရန်နှင့် ကရင်သင်ရိုး ညွှန်းတမ်းစာအုပ်များကို ‌ရေးဆွဲပြဋ္ဌာန်း‌ပေးရန်လိုသည်ဟု ပဒိုမန်းငြိမ်း‌မောင်က ယခုလို ‌ပြောသည်။

“ကရင်စာ‌ပေ‌တွေကို တရားဝင် သင်ကြားနိုင်ခွင့်ရဖို့အတွက်ဆိုရင် ကရင်အမျိုးသား ဆရာအတတ်သင်သိပ္ပံ‌ကျောင်း‌တွေ တည် ‌ထောင်ဖို့ လိုတယ်။ ကရင်အမျိုးသားစာ‌ပေ သင်ရိုးညွှန်းတမ်း‌တွေ ‌ရေးဆွဲပြဌာန်းဖို့ လိုတယ်။ ဒီအခွင့်အ‌ရေး‌တွေ ကျ‌နော်တို့ မရရှိ ‌သေးပါဘူး။ ဒီက‌နေ့ ကရင်စာ‌ပေသင်ကြားရတဲ့ ကရင်ဆရာဆရာမ‌တွေ ရရှိတဲ့ အခွင့်အ‌ရေးဆိုတာ ထိုက်တန်တဲ့ အခွင့်အ‌ရေး မဟုတ်‌သေးပါဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စု‌ပေါင်း‌ဖြေရှင်းရတဲ့အဆင့်ပဲ ရှိပါ‌သေးတယ်။ ဒါ‌ကြောင့် ‌ရှေ့သွားရမဲ့ခရီးဟာ အများ ကြီးကျန်ပါ‌သေးတယ်”ဟု မန်းငြိမ်း‌မောင်က ‌ပြောသည်။

ယမန်‌နေ့ ည ၈နာရီတွင် စတင်ပြုလုပ်သည့် ပန်းတ‌နော် စာ/ယဉ် ၂၇၅၅ ခုနှစ် ကရင်စာသင်တန်းဆင်းပွဲသို့ စာယဉ် နာယက ဆရာ‌တော်ကြီးများ၊ KNU ဗဟို‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင်၊ ကရင်‌ရေးရာဝန်ကြီး‌ဟောင်း ‌စောထွန်း‌အောင်မြင့်၊ ကရင်အမျိုး သား နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေးဗဟို‌ကော်မတီ ဥက္ကဌ ပါ‌မောက္ခ မန်း‌ရွှေပြည်‌အေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လွှတ် ‌တော်အမတ်များနှင့် ‌ဒေသခံ ၂၀၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ပန်းတ‌နော် စာ/ယဉ် ဥက္ကဌ ‌ဒေါက်တာမန်းခင်‌မောင်စိုးက “ယ‌နေ့ မြန်မာနိုင်ငံမှာ ဗမာစကားနဲ့ ဗမာစာကို ရုံးသုံးစာ၊ ရုံးသုံးစကား သတ်မှတ်ထားရှိတဲ့အတွက် ကရင်လူမျိုးများဟာ အသက်‌မွေးဝမ်း‌ကျောင်းပြုမှုကို ပိုမို အ‌ထောက်အကူပြုတဲ့ ဗမာစာနဲ့ ဗမာ စကားကို ပိုမို အ‌လေးထား လိုက်စားခဲ့ကြတယ်။ ဒါ‌ကြောင့် မြစ်ဝကျွန်း‌ပေါ်‌ဒေသမှာ ‌နေထိုင်တဲ့ ကရင်လူမျိုးများဟာ ကရင် စကား၊ ကရင်စာမတတ်သူ‌တွေ၊ မိမိရိုးရာဓ‌လေ့ထုံးတမ်းကို နားမလည်သူ‌တွေ တစထက်တစ ပိုမိုများပြားလာပါတယ်။ မိမိတို့ရဲ့ လူမျိုးမ‌ပျောက်‌ရေးအတွက် မိမိတို့ရဲ့ စာ‌ပေယဉ်‌ကျေးမှု၊ ဓ‌လေ့ထုံးတမ်းတို့ကို ‌ဖော်ထုတ်ထိန်းသိမ်းကြပါလို့ တိုက်တွန်းလိုပါ တယ်”ဟု ‌ပြောသည်။

ပန်းတ‌နော် စာယဉ်ကို ၁၉၆၅ခုနှစ်၊ စက်တင်ဘာ ၁ရက်‌နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး စာယဉ်အ‌နေဖြင့် ၂၇၅၅ခုနှစ် ‌နွေရာသီ ကရင် စာ တစ်လသင်တန်းကို ပန်းတ‌နော်၊ ‌ညောင်တုန်း၊ ကန်ကြီး‌ထောင့် အစရှိသည့် တိုင်းအတွင်း မြို့နယ် ၁ဝမြို့နယ်၌ ဖွင့်လှစ်ခဲ့ သည်။

ယခုသင်တန်းတွင် ‌ကျောင်းချိန်ပြင်ပ ကရင်စာသင်ကြား‌ပေး‌နေသည့် ဆရာ၊ ဆရာမ ၁၅၈ဦး အပါအဝင် သင်တန်းသား ၂၇ဝ ‌ကျော်ကို သင်ကြား‌ပေးခဲ့သလို ဝါးခယ်မနှင့် ပန်းတ‌နော်မြို့နယ်တို့တွင် ရိုးရာဒုံးသင်တန်းနှစ်ခုကိုလည်း ပို့ချ‌ပေးခဲ့‌ကြောင်း စာယဉ်တာဝန်ရှိသူများထံမှ သိရသည်။