Home သတင်း ‌နော်အုန်းလှ ပြန်လည်လွတ်‌မြောက်လာခြင်း မရှိ‌သေး

‌နော်အုန်းလှ ပြန်လည်လွတ်‌မြောက်လာခြင်း မရှိ‌သေး

1598
ဧပြီ ၉ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

အစိုးရသစ်က ဧပြီလ ၈ရက်‌နေ့တွင် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ‌ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို အမှုပိတ်သိမ်း ကာ လွှတ်‌ပေးခဲ့‌သော်လည်း ‌နော်အုန်းလှ ပြန်လွတ်‌မြောက်လာခြင်းမရှိ‌သေးဟု ကရင်အမျိုးသမီး အစည်းအရုံး (ပြည်တွင်း)-KWU တာဝန်ခံတစ်ဦးဖြစ်သူ ‌နော်‌ဖောထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌နော်အုန်းလှ လွတ်လားပြီးလို့ အွန်လိုင်းမှာ တက်လာတာ‌တွေ့လိုက်တယ်။ ဒါ‌ပေမဲ့ မလွတ်‌သေးဘူး။ မ‌နေ့ည ၁၁နာရီထိ အင်းစိန်အကျဉ်း‌ထောင်‌ရှေ့မှာ သူ့ကို သွား‌စောင့်‌နေတယ်။ မလွတ်‌သေးပါဘူး။ သူ့ကို ‌လော‌လောဆယ် ‌ထောင် ငါးနှစ်‌ကျော် ချထားတယ်။ ‌နောက်ပီး ပုဒ်မ ၁၈ နဲ့ အမှုရင်ဆိုင်‌နေရတာ‌တွေ ရှိ‌သေးတယ်။ သကြင်္န်အပြီး လွတ်မယ်လို့‌တော့ ‌မျှော်လင့်တာပဲ” ဟု ‌နော်‌ဖောထူးက ‌ပြောသည်။

ဧပြီ ၈ရက်‌နေ့၌ ‌နော်အုန်းလှကို ပန်းပဲတန်းမြို့နယ်နှင့် မဂင်္လာ‌တောင်ညွှန့်မြို့နယ် တရားရုံးများတွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ထားသည့်အမှုများကို ရုံးချိန်းလာ‌ရောက်ခဲ့ပြီး ‌နော်အုန်းလှအ‌နေဖြင့် သူမအား လွှတ်‌ပေး၊မ‌ပေး အ‌ရေးမကြီးသလို အကယ်၍ လွှတ်‌ပေးပါက ယခင်အတိုင်း ဆက်လုပ်သွားမည်ဖြစ်သည်ဟု မိမိအား ‌ပြောဆိုခဲ့‌ကြောင်း ‌နော်‌ဖောထူးက ဆက်‌ပြောသည်။

အစိုးရသစ်က နိုင်ငံ‌ရေးအကျဉ်းသားများကို လွှတ်‌ပေးသည်ဟု သတင်း‌ပေါ်ထွက်ခဲ့မှုအ‌ပေါ် နိုင်ငံ‌ရေး အကျဉ်းသားများ ကူညီ ‌စောင့်‌ရှောက်‌ရေးအသင်း (AAPP)မှ ဦးဘိုကြည်က “အခုက ‌ထောင်ကျတဲ့သူ‌တွေကို လွှတ်တာ မဟုတ်ဘူး‌နော်။ အချုပ်ကျသူ ‌တွေကိုပဲ လွှတ်တာ။ အထူးသဖြင့် ပညာ‌ရေးသပိတ်နဲ့ ပတ်သက်တဲ့သူ‌တွေကိုပဲ လွှတ်တာ။ မ‌နေ့ကလည်း ‌ဒေါ်‌အောင်ဆန်းစု ကြည် ထုတ်ပြန်ချက်တစ်ခု ထပ်ထုတ်တယ်။ သကြင်္န်ကာလမှာ‌တော့ ‌ထောင်ထဲမှ ဆက်ထားမဲ့သ‌ဘော ရှိတယ်။ ဒီလူ‌တွေအ တွက် စိတ်မ‌ကောင်းပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရသစ်မှ ဧပြီ ၈ ရက်‌နေ့တွင် တရားစွဲဆိုခြင်းခံ‌နေရသည့် သပိတ်‌မှောက်‌ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို အမှုပိတ် သိမ်းလွှတ်‌ပေးခြင်း၊ လွတ်ရက်‌စေ့သည့် တက်ကြွလှုပ်ရှားသူများ ပြန်လွတ်လာခြင်းရှိပြီး စုစု‌ပေါင်း ၉၄ ဦး ပြန်လွတ်‌မြောက်လာ ‌ကြောင်း AAPP မှ ပြုစုထားသည့် စာရင်းများအရ သိရသည်။