Home သတင်း ခလယ်-တံခွန်တိုင် တိုက်နယ် ခလယ်ရွာ၌ ဆိုင်ကယ်နှစ်စီး တိုက်မိ၍ တစ်ဦး‌သေ၊ တစ်ဦးဒဏ်ရာပြင်းထန်

ခလယ်-တံခွန်တိုင် တိုက်နယ် ခလယ်ရွာ၌ ဆိုင်ကယ်နှစ်စီး တိုက်မိ၍ တစ်ဦး‌သေ၊ တစ်ဦးဒဏ်ရာပြင်းထန်

2082
ဧပြီ ၈ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်တိုက်နယ် ခလယ်‌ကျေးရွာအထက်အတန်း ‌ကျောင်(ခွဲ)အနီး၌ ဧပြီ ၇ရက်‌နေ့၊ ည ၇နာရီခွဲအချိန်ခန့်တွင် ‌မော်‌တော်ဆိုင်ကယ် နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့ရာ ‌မောင်းနင်လိုက်ပါသူ တစ်ဦး‌သေဆုံးပြီး တစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

ဖြစ်စဉ်မှာ ထို‌နေ့ညတွင် ကျိုက်မ‌ရောမြို့နယ်၊ ကဒါ‌ကျေးရွာ ‌ပေါ်‌တော်မှုရပ်‌နေ ‌စောမြင့်‌အောင် (၃၀)နှစ်သည် (WAVE 110) ဖြုနီ‌ရောင်ဆိုင်ကယ်ကို ခလယ်-တံခွန်တိုင်ကားလမ်အတိုင်း ခလယ်ရွာ အထက်တန်း‌ကျောင်း (ခွဲ)အနီး မွန်စုဇရပ် ‌မောင်းနင်လာစဉ် ခလယ်ရွာအဝင် ‌မောင်းနင်လာ‌သော ခလယ်‌ကျေးရွာ ရပ်ကွက်(၄)‌နေသူ ‌စောစိုးမင်း(ခ)ဦးတင်ရှိန် (၄၄)နှစ်၏ WAVE 110 ခဲမဲ‌ရောင် ဆိုင်ကယ်နှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။

ထိုယာဉ်တိုက်မှု‌ကြောင့် ‌စောစိုးမင်းမှာ နဖူး‌ပေါက်ပြဲဒဏ်ရာဖြင့် လမ်း‌ဘေးတွင် ပွဲချင်းပြီး ‌သေဆုံးကာ ‌စောမြင့်‌အောင်မှာ ဘယ်ဘက်မျက်ခုံးနှင့် နဖူးတွင်း ‌သွေးထွက်‌ပေါက်ပြဲဒဏ်ရာဖြင့် ‌မော်လမြိုင်‌ဆေးရုံသို့ အ‌ရေး‌ပေါ်လူနာအဖြစ် သွား‌ရောက်‌ဆေးကုသမှု ခံယူ‌နေရသည်ဟု သိရသည်။

အဆိုပါ ‌မော်‌တော်ဆိုင်ကယ်ယာဉ်တိုက်မှုကိုု (ပ)၁/၂၀၁၆ (နာကျင်ယာဉ်)၊ ပြစ်မှုပုဒ်မ ၂၇၉ /၃၃၈.၃၀၄(က)ဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင် ရဲစခန်းမှ အမှုဖွင့်အ‌ရေးယူထား‌ကြောင်း သိရသည်။ ခလယ်-တံခွန်တိုင် တိုက်နယ်၊ ဝင်း‌ရော်‌ဒေသတွင် ၂၀၁၅မှ ၂၀၁၆ ခုနှစ်၊ ဧပြီလဆန်းပိုင်းအထိ ‌မော်‌တော်ယာဉ်တိုက်မှု‌ပေါင်း ၁ဝ ‌ကျော်ရှိပြီး ‌သေဆုံးသူ ၁ဝ ဦးခန့် ရှိသည်ဟု စုံစမ်းသိရှိရသည်။