Home သတင်း ဧရာဝတီတိုင်းအဆင့် ကရင်ပြည်သူ့ပါတီ ‌အောက်‌ခြေမှ ပြန်ဖွဲ့စည်းမည်

ဧရာဝတီတိုင်းအဆင့် ကရင်ပြည်သူ့ပါတီ ‌အောက်‌ခြေမှ ပြန်ဖွဲ့စည်းမည်

1737

မတ် ၁၄ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

ဧရာဝတီတိုင်း‌ဒေသကြီးအဆင့် ကရင်ပြည်သူ့ပါတီ(KPP)ကို ‌အောက်‌ခြေ ‌ကျေးရွာအုပ်စု၊ ရပ်ကွက်အဆင့်မှစ၍ စနစ်တကျ ပြန် လည် ဖွဲ့စည်းသွားမည်ဟု မတ်လ ၁၂ရက်‌နေ့က ပုသိမ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ၊ မဟာသိမ်‌တော်ကြီး‌ကျောင်းတိုက်၌ ပြုလုပ်ခဲ့ သည့် အစည်းအ‌ဝေးတွင် တက်‌ရောက်လာကြသည့် မြို့နယ်အသီးသီးမှ ပါတီတာဝန်ရှိသူများက ‌ဆွေး‌နွေးခဲ့ကြ‌ကြောင်း KPP ဧရာဝတီတိုင်း‌ဒေသကြီး ဥက္ကဋ္ဌ မန်းထွန်းတင်က ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောဆိုသည်။

မန်းထွန်းတင်က “ဥပမာ‌ပြောရရင် ‌ကျေးရွာအုပ်စုတစ်စုမှာ ၁ဝရွာရှိရင် တစ်ရွာကို ငါးဦးစီ စည်းရုံးမယ်။ အဲ့ ငါးဦးက ဆယ်ရွာဆို ၅ဝဦးရှိပြီး‌တော့ သူတို့က ‌ကျေးရွာအုပ်စု ပါတီစည်းရုံး‌ရေး ‌ကော်မတီကိုဖွဲ့မယ်။ ‌ကျေးရွာအုပ်စု‌တွေ ရလာရင် မြို့နယ်ကိုလည်း ဒီလိုပဲ ‌ကျေးရွာအုပ်စု‌တွေ‌ပေါင်းပြီး‌တော့ စည်း‌ကော်မတီကို ပြန်ဖွဲ့စည်းသွားဖို့ ထိုနည်းတူ ခရိုင်တို့၊ တိုင်းတို့ အဲ့လို ပြန်ဖွဲ့စည်းဖို့ ရည်ရွယ်ပြီး လုပ်ထားတယ်။ ဒီမိုက‌ရေစီနည်းအရ ‌ရွေး‌ကောက်တင်‌မြှောက် တာဝန်‌ပေးဖို့‌ပေါ့‌လေ‌နော်”ဟု ‌ပြောသည်။

ထို့အပြင် သက်ဆိုင်ရာ ပါတီစည်းရုံး‌ရေး‌ကော်မတီများ ပြန်ဖွဲ့သည့်အခါ ယခင်ကလို တိုက်ရိုက်‌ခေါင်း‌ဆောင် ခန့်အပ်သည့် ပုံစံမျိုး မဟုတ်ဘဲ ‌ကျေးရွာ၊ မြို့နယ်အလိုက် ပါတီ‌ခေါင်း‌ဆောင်များကို အများသ‌ဘောတူ ‌ရွေး‌ကောက်သွားမည်ဖြစ်ကာ ပညာတတ်လူ ငယ်များကို ‌နေရာ‌ပေးရန် ရည်ရွယ်ထားသည်ဟု ၎င်းက ဆက်‌ပြောသည်။

တစ်‌နေ့တာ ပြုလုပ်ခဲ့သည့် ယင်းအစည်းအ‌ဝေးသို့ မြို့နယ်အသီးသီးမှ ပါတီတာဝန်ရှိသူ ၁၀ဝဦးခန် ့တက်‌ရောက်ခဲ့ကြပြီး ကရင် ပါတီများ ပြန်လည် ‌ပေါင်းစည်း‌ရေး အ‌ခြေအ‌နေများကို တိုင်းပါတီဝင်များအား ပြန်လည်ရှင်းပြခြင်း၊ ပါတီများ‌ပေါင်းစည်းသည့်အ ခါ ပါတီနာမည်၊ အလံ၊ အမှတ်တံဆိပ်များကို ပါတီဗဟိုသို့ အကြံပြု‌ပေးပို့သွားရန် ကိစ္စရပ်များကိုလည်း ‌ဆွေး‌နွေးခဲ့ရာ ကရင်ပါတီ ‌ပေါင်းစည်း‌ရေးကို KPP တိုင်းပါတီဝင်များက သ‌ဘောတူလက်ခံ‌ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
‌ကေပီပီ ၂
လက်ရှိ ကရင်ပြည်သူ့ပါတီအ‌နေဖြင့် မြို့နယ်အသီးသိးတွင် ပါတီကျစ်လစ်‌အောင် ပြန်ဖွဲ့စည်းရန် ညွှန်ကြားထားသလို ဧရာဝတီ တိုင်း‌ဒေသကြီးတွင် ၎င်းတို့ပါတီ အား‌ကောင်းခိုင်မာ‌ရေးအတွက် အဓိက အားစိုက်လုပ်ကိုင်ရင်း လူထုအားကိုး‌လောက်သည့် ပါတီဖြစ်‌အောင် စနစ်တကျ ဖွဲ့စည်းလုပ်‌ဆောင်သွားမည်ဟု ပါတီဒုဥက္ကဌတစ်ဦးဖြစ်သူ ‌စော‌စေးဝါးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုကဲ့သို့ ‌ကျေးရွာမြို့နယ်အလိုက် ပါတီ‌ခေါင်း‌ဆောင်များကို အများဆန္ဒဖြင့် ဒီမိုက‌ရေစီနည်းကျ ပြန်‌ရွေးချယ်သွားရန် စီစဉ်ထား ပြီး ဗဟိုအဆင့် ပါတီ‌ခေါင်း‌ဆောင်ပိုင်းကို လာမည့်‌မေလတွင် ပြုလုပ်မည့် ပါတီညီလာခံတွင် လိုအပ်ပါက ပြန်လည်‌ရွေးချယ်သွား မည်ဟု ‌စော‌စေးဝါးက ဆက်‌ပြောသည်။

ရန်ကုန်မြို့အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီကို ၂၀၁ဝခုနှစ်၊ ‌မေလတွင် တရားဝင် တည်‌ထောင်ခဲ့ပြီး ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ကိုယ်စားလှယ် ၆ဦး မဲအနိုင်ရရှိခဲ့သလို ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ကိုယ်စားလှယ် ၁၀ဝဦး‌ကျော် ဝင်ပြိုင်ခဲ့သည့်အနက် ကရင် ပြည်နယ် သံ‌တောင်ကြီးမြို့နယ်၊ ပြည်နယ်လွှတ်‌တော် အမှတ်(၂) မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်တစ်ဦး အ‌ရွေးခံခဲ့ရသည်။