Home ဆောင်းပါး စည်းကမ်းပြည့်ဝ‌သော ဒီမိုက‌ရေစီရဲ့ တကယ့်အနှစ်သာရ

စည်းကမ်းပြည့်ဝ‌သော ဒီမိုက‌ရေစီရဲ့ တကယ့်အနှစ်သာရ

2147

(‌မောင်‌ကျော်စွာ)

(၂၀၁၆ခုနှစ်၊ မတ်လ ၁၃ရက်)

ဒုတိယသမ္မတ‌လောင်း ၃ဦး ‌ပေါ်ထွက်လာခဲ့ပြီ။ မကြာမီ ဒီဒုတိယသမ္မတ‌လောင်း ၃ဦးထဲက‌နေ သမ္မတ၊ ဒုတိယသမ္မတ (၁)နှင့် ဒုတိယသမ္မတ (၂)ကို ပြည်‌ထောင်စုလွှတ်‌တော်က‌နေ ‌ရွေးချယ်အတည်ပြု သတ်မှတ်‌ပေးကြရ‌တော့မယ်။ လတ်တ‌လော ‌ပြော ‌နေကြတဲ့ အချက်အလက်များအရဆိုလျှင် ဦးထင်‌ကျော်က သမ္မတ၊ ဒုတိယဗိုလ်ချုပ်ကြီး‌ဟောင်းမြင့်‌ဆွေက ဒုတိယသမ္မတ (၁)၊ ဦးဟင်နရီဗန်ထီးယူက ဒုတိယသမ္မတ (၂) ဖြစ်လာနိုင်တယ်လို့ အခိုင်အမာ တွက်ချက်‌ဖော်ပြ‌နေကြပါတယ်။

လတ်တ‌လော‌ပေါ်‌ပေါက်ခဲ့တဲ့ လက်‌တွေ့ဖြစ်ရပ်‌တွေထဲက‌နေ ကျ‌နော်တို့ကို ထိထိမိမိ သ‌ဘော‌ပေါက်‌စေခဲ့တဲ့ ဖြစ်ရပ်တစ်ခုရှိပါ တယ်။ အဲဒီအချက်က‌တော့ ပြည်သူများ ဘယ်လိုပင်ဆန္ဒရှိ‌နေပါ‌စေ၊ ‌ဒေါ်‌အောင်ဆန်းစုကြည် ဘယ်လိုမှ ဘယ်‌တော့မှ သမ္မတ ဖြစ်မလာနိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ “ဘယ်လိုမှ ဘယ်‌တော့မှ ဖြစ်မလာနိုင်ဘူး” ဆိုတဲ့စကားလုံးကို သုံးပြီး ‌ပြောရတာ ‌အောက်ပါ အချက် ၂ချက်‌ပေါ်က‌နေ အ‌ခြေခံပြီး ‌ပြောရတာပါ။
ပထမအချက် – ၂၀၀၈ အ‌ခြေခံဥပ‌ဒေ တည်မြဲ‌နေသမျှ
ဒုတိအချက် – ကာချုပ်နဲ့ စစ်တပ်က သ‌ဘောမတူသမျှ

ပြည်သူအများစုရဲ့တခဲနက် “ဆန္ဒ”က ‌ဒေါ်‌အောင်ဆန်းစုကြည်ကို နိုင်ငံ‌တော်သမ္မတ ဖြစ်‌စေချင်ကြတာပါ။ ပြည်သူ‌တွေရဲ့ အဲဒီ တခဲနက် “ဆန္ဒ”ကို ၂၀၀၈ အ‌ခြေခံဥပ‌ဒေ၊ ပုဒ်မ ၅၉(စ) ဆိုတဲ့ “လက်‌တွေ့”က ပိတ်ပင်ကန့်သတ်ထားပါတယ်။ ဒါ‌ကြောင့် ပြည် သူ‌တွေရဲ့ တခဲနက်ဆန္ဒကို လက်‌တွေ့မှာ တကယ်တမ်း ဖြစ်‌မြောက်လာ‌စေဖို့ဆိုရင် ၂၀၀၈အ‌ခြေခံဥပ‌ဒေကို ဖျက်သိမ်းပစ်တာ သို့ တည်းမဟုတ် ၂၀၀၈အ‌ခြေခံဥပ‌ဒေထဲက ပုဒ်မ ၅၉(စ) အပါအဝင် ပုဒ်မအချို့ကို မဖြစ်မ‌နေ ပြင်ဆင်ရမှာပါ။ ဒီအချက်‌တွေကို မလုပ်နိုင်သမျှ ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေနဲ့ ဘယ်လိုမှ ဘယ်‌တော့မှ နိုင်ငံ‌တော်သမ္မတ ဖြစ်မလာနိုင်ပါဘူး။

၂၀၀၈ အ‌ခြေခံဥပ‌ဒေထဲက စကားလုံးတစ်လုံး၊ ပုဒ်မတစ်ခု၊ ပုဒ်မအချို့ကို (ပယ်ဖျက်/အစားထိုး) ပြင်ဆင်တဲ့‌နေရာမှာလည်း ကာ ချုပ်နဲ့ စစ်တပ်က ပြင်ဆင်ဖို့ သ‌ဘောမတူသမျှ ကာလပတ်လုံး မည်သည့်စကားလုံးတစ်လုံး၊ ပုဒ်မတစ်ခု၊ ပုဒ်မအချို့ကိုမျှ ပြင် ဆင်နိုင်မှာ မဟုတ်ပါဘူး။ ဒီလို ပြင်ဆင်နိုင်မှာ မဟုတ်ဘူးဆိုတာကို ၂၀၀၈ အ‌ခြေခံဥပ‌ဒေ၊ အခန်း ၁၂၊ ပုဒ်မ ၄၃၆(က)နဲ့ (ခ)တို့ မှာ အတိအလင်း ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ဒါ့ပြင် ကာချုပ်ကလည်း ‌အောက်ပါအတိုင်း အကြိမ်ကြိမ် ထုတ်‌ဖော်‌ပြောဆိုထားခဲ့ ပြီး ဖြစ်ပါတယ်။

“ဒီမိုက‌ရေစီသက်တမ်း ငါးနှစ်ခန့်သာရှိ‌သေးသဖြင့် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ အခန်း(၁၂)ပါအတိုင်း ပြင်သင့်ပြင်ထိုက်သည့် အချက်များကို သင့်‌လျော်သည့်အချိန်တွင် ပြုပြင်ရမည်ဖြစ်‌ကြောင်း”
ကာချုပ်ရဲ့ အထက်ပါ ‌ပြောဆိုချက်ထဲက‌နေ ‌အောက်ပါ အချက် ၃ချက်ကို အထင်အရှား‌တွေ့ရမှာ ဖြစ်ပါတယ်။

၁။ ပြင်ဆင်မှုမှန်သမျှ အခန်း(၁၂)ပါ ပြဋ္ဌာန်းချက်အတိုင်း ပြင်ဆင်ရမည် (အခြားနည်းလမ်း မရှိ)
၂။ ပြင်သင့်ပြင်ထိုက်သည့်အချက်များ (စကားလုံး၊ ပုဒ်မ ၊ ဇယား — စသဖြင့်)
၃။ သင့်‌လျှော်သည့်အချိန် (ပြင်ဆင်ရမယ့် အချိန်ကာလ)

အချက် အမှတ်(၁)က ဘာမှ မှတ်ချက်‌ပေး ‌ဆွေး‌နွေးစရာ မလို‌အောင် ရှင်းပါတယ်။ အခန်း ၁၂ပါ ပြဋ္ဌာန်းချက်များအတိုင်းသာ ပြင်ရမယ်လို့ ဆိုလိုတာပါ။ ဒီအချက်က ပုဒ်မ ၅၉ (စ) ‌ခေတ္တ ဆိုင်းငံ့လိုသူ‌တွေကို အ‌ဖြေ‌ပေးလိုက်တာပါ။
အချက် အမှတ်(၂)က ဘယ်စကားလုံး၊ ဘယ်ပုဒ်မ၊ ဘယ်ဇယား စတာ‌တွေကို ပြင်ဆင်မယ်ဆိုရင်လည်း ပြင်သင့်ပြင်ထိုက်ခြင်း ရှိ/မရှိ၊သူတို့ (ကာချုပ်နဲ့စစ်တပ်)သ‌ဘောတူမှ ဖြစ်မယ်လို့‌ပြောတာပါ။ အနှစ်ချုပ်က သူတို့ လက်ခံမှ ပြင်ဆင်လို့ရမယ်လို့ မ‌ပြော ‌သော်လည်း ‌ပြောသကဲ့သို့ ဖြစ်ပါတယ်။

အချက် အမှတ်(၃)က ဘယ်အချိန်ကာလမှာ ပြင်ရမယ်ဆိုတဲ့ အချက်ကိုပါ သူတို့ (ကာချုပ်နဲ့စစ်တပ်)က ချုပ်ကိုင်ထားတယ်/ သူတို့ သ‌ဘောတူတဲ့အချိန်မှ ဖြစ်မယ်လို့ ‌ပြောတာပါ။ ဒီ‌တော့ ကာချုပ်‌ပြောတဲ့စကားရဲ့ အနှစ်သာရက ၂၀၀၈ အ‌ခြေခံဥပ‌ဒေ ထဲက ဘယ်စကားလုံး၊ ဘယ်ပုဒ်မ၊ ဘယ်ဇယားကိုမဆို သူတို့ သ‌ဘောတူခွင့်ပြုမှသာ ပြင်ဆင်နိုင်မယ်လို့ ယတိပြတ် ‌ပြောလိုက် တာ၊ စကားကုန် ‌ပြောလိုက်တာပါ။

ဒီလိုနဲ့ ‌ဒေါ်‌အောင်ဆန်းစုကြည်နိုင်ငံ‌တော်သမ္မတဖြစ်‌ရေး (သို့မဟုတ်) “ပုဒ်မ ၅၉(စ) ပြင်ဆင်‌ရေး/ဆိုင်းငံ့‌ရေး” ဆန္ဒနဲ့စိတ်ကူး ‌တွေဟာ မတ်လ ၁ဝရက်‌နေ့က တင်သွင်းတဲ့ ဒုတိယသမ္မတ‌လောင်းအဆိုပြုမှုဖြစ်ရပ်‌အောက်မှာ ယာယီအားဖြင့် ‌ကြေမွသွား ခဲ့ရပါတယ်။ ‌နောက်ဆုတ်သွားရပါတယ်။ ပုဒ်မ ၅၉(စ) ‌ဒေါ်‌အောင်ဆန်းစုကြည် နိုင်ငံ‌တော်သမ္မတ မဖြစ်နိုင်‌ကြောင်း နာကျင်စွာ အသိအမှတ်ပြု သွားကြရပါတယ်။
4
အဲဒီ‌နောက် ‌ပေါ်လာပြန်တဲ့ စိတ်ကူးယဉ်ဆန္ဒက ၂၀၀၈ အ‌ခြေခံဥပ‌ဒေ၊ ပုဒ်မ ၂၁၇နဲ့ ပုဒ်မ ၂၁၈ကို မူတည်ပြီး ‌ပြောဆို‌ရေးသား လာတဲ့ “နိုင်ငံ့ဥ‌သျှောင်” ဆိုတဲ့ကိစ္စပါပဲ။ “နိုင်ငံ‌တော်သမ္မတ” ဘယ်လိုမှ မဖြစ်နိုင်‌တော့တဲ့အခါ သမ္မတအထက်မှာ (နိုင်ငံ့ ဥ‌သျှောင်) ဆိုတဲ့အမည်နဲ့ ‌နေရာတစ်ခု၊ လုပ်ပိုင်ခွင့်တစ်ခု ဖန်တီးလိုတဲ့ စိတ်ကူးယဉ်မှုဖြစ်ပါတယ်။

ဒီစိတ်ကူးယဉ်မှုကို ဖြန့်ဖြူး‌နေသူ‌တွေဟာ သ‌ဘောရိုးနဲ့၊ ဆန္ဒစွဲသက်သက်နဲ့ ‌ဒေါ်‌အောင်ဆန်းစုကြည်အတွက် အထွတ်အထိပ် ‌နေရာဖန်တီး‌ပေးလိုတဲ့ စိတ်ကူးစိတ်သန်းလည်း ဖြစ်နိုင်သလို ပြည်သူ‌တွေကို ‌မျှော်လင့်ချက်မှား‌တွေ တမင်တကာဖြန့်ပြီး မှိုင်း တိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

တကယ်‌တော့ သူတို့ ရှင်းရှင်းလင်းလင်း သိရှိနားလည်သ‌ဘော‌ပေါက်သင့်တဲ့ အချက်က “၂၀၀၈ အ‌ခြေခံဥပ‌ဒေ‌ဘောင်”ထဲမှာ အ‌ခြေပြုထားတဲ့ ဆန္ဒမှန်သမျှ၊ စဉ်းစား‌နေတာမှန်သမျှ (ကာချုပ်နဲ့စစ်တပ်) သ‌ဘောတူလက်ခံမှသာ ဖြစ်လာနိုင်မယ် ဆိုတဲ့အ ချက်ပါပဲ။ သူတို့ ဒီအချက်ကို ‌မေ့‌လျော့တာလည်းဖြစ်နိုင်သလို၊ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”ရဲ့ ဟာကွက်‌ပျော့ကွက်‌တွေကို အသုံးချ နိုင်ရင် တကယ်ဖြစ်နိုင်တယ်လို့ထင်တဲ့ ထင်မှတ်မှားမှုလည်း ဖြစ်နိုင်ပါတယ်။ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”ထဲက စကားလုံးတစ်လုံး၊ ပုဒ်မတစ်ခု၊ ဇယားတစ်ခုကို ပယ်ဖျက်ချင်တာပဲဖြစ်ဖြစ်၊ ပြင်ဆင်ဖြည့်စွက်လိုတာပဲဖြစ်ဖြစ် ကာချုပ်‌ပြောသလို အခန်း ၁၂ပါ ပြဋ္ဌာန်းချက်အတိုင်း လုပ်ကြရမှာပါ။ ကာချုပ်နဲ့ စစ်တပ်လက်မခံရင် ဘာမှဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

ပုဒ်မ ၂၁၇ကို အ‌ခြေပြုထားတဲ့ သူတို့စဉ်းစားချက်ဟာ တကယ့်ကို က‌လေးဆန်တဲ့ စိတ်ကူးယဉ်မှုဖြစ်ပါတယ်။
တကယ့်လက်‌တွေ့မှာလည်း ပုဒ်မ ၂၁၇မှာ အစချီထားတဲ့အချက်ကပဲ သူတို့စိတ်ကူးယဉ်မှု ပူ‌ဖေါင်းကို ထိုး‌ဖောက်ထားပြီးဖြစ်ပါ တယ်။ ပုဒ်မ ၂၁၇ ကို အစချီထားတဲ့ စကားပိုဒ်က အခုလို ဖြစ်ပါတယ်။
(ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်‌စေဘဲ —) ဟူ၍ ဖြစ်ပါတယ်။

ဒါ‌ကြောင့် သူတို့ဆန္ဒဖြစ်တဲ့ “နိုင်ငံ့ဥ‌သျှောင်” ဆိုတဲ့စကားရပ်က ၂၀၀၈ အ‌ခြေခံဥပ‌ဒေ၊ ပုဒ်မ ၅၈ “နိုင်ငံ‌တော်သမ္မတသည် ပြည် ‌ထောင်စုသမ္မတ မြန်မာနိုင်ငံ‌တော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်‌နေရာရရှိသည်”ဆိုတဲ့ ပြဋ္ဌာန်းချက်ကို လုံးလုံးလျားလျား ဆန့်ကျင်‌နေပါတယ်။

အထက်မှာ တင်ပြခဲ့တာ‌တွေကို ပြန်ပြီး နိဂုံးချုပ်ရရင် ၂၀၀၈ အ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲက‌နေ စဉ်းစား‌နေတာ‌တွေ/ လုပ်‌ဆောင်ချင် တာ‌တွေ/ဆန္ဒအိပ်မက်‌တွေဟာ ကာချုပ်နဲ့စစ်တပ်က သ‌ဘောတူမကြည်ဖြူသမျှ ဘယ်‌တော့မှဘယ်လိုမှ အ‌ကောင်အထည် ဖြစ် မလာနိုင်ဘူး ဆိုတဲ့အချက်ပါပဲ။ ဒီအချက်ဟာ ကိုယ့်ဆန္ဒအရ ကြိုက်သည်ဖြစ်‌စေ၊ မကြိုက်သည်ဖြစ်‌စေ “နိုင်ငံ‌တော်ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေကို ထိန်းသိမ်းကာကွယ်‌စောင့်‌ရှောက်ပြီး နိုင်ငံ‌တော်၏ ဥပ‌ဒေများကိုလည်း လိုက်နာပါမည်”လို့ ကျမ်းသစ္စာဆိုထား ကြရသူတိုင်းကို အပီအပြင် ချည်တုပ်ထားတဲ့ ‌နှောင်ကြိုးတစ်‌ချောင်းပဲ ဖြစ်ပါတယ်။ အင်မတန် ခါးသီးလှတဲ့ ပကတိအ‌ခြေအ‌နေ မှန်လည်း ဖြစ်ပါတယ်။

ဒါ‌ကြောင့် စစ်မှန်တဲ့ ပါတီစုံဒီမိုက‌ရေစီ၊ တန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်‌ထောင်စု၊ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်း‌ရေးရရှိ‌ရေး၊ ပရိုဖက်ရှင်နယ်တပ်မ‌တော်ဖြစ်‌ရေး၊ တရားဥပ‌ဒေစိုးမိုး‌ရေး၊ ‌ဒေါ်‌အောင်ဆန်းစုကြည် နိုင်ငံ‌တော် သမ္မတဖြစ်‌ရေး စတဲ့ စတဲ့ ဦးတည်ချက်‌တွေ၊ ဆန္ဒ‌တွေကို ၂၀၀၈ အ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲက‌နေ ဖြစ်‌မြောက်လာ‌အောင် ‌ဖော် ‌ဆောင်မယ်ဆိုတဲ့သူ‌တွေအတွက် နာကျင်ခါးသီးစရာ သင်ခန်းစာသစ်‌တွေက ‌စောင့်ကြို‌နေမှာ ‌သေချာပါတယ်။

ကာချုပ်နဲ့ စစ်တပ်ကြိုက်တာမှန်သမျှ လွတ်လပ်စွာ လုပ်ခွင့်ရှိပြီး၊ ကာချုပ်နဲ့စစ်တပ် မကြိုက်တာမှန်သမျှ နည်းနည်းမှ လုပ်ခွင့်မရှိ တာဟာ “စည်းကမ်းပြည့်ဝ‌သော ဒီမိုက‌ရေစီ”ရဲ့ တကယ့်အနှစ်သာရပဲ ဖြစ်ပါတယ်။