Home သတင်း ကရင်အရပ်ဘက်လူမှုအဖွဲ့များ ခိုင်မာသည့် ကွန်ရက်တည်‌ဆောက်သွားရန် ညှိနှိုင်း‌ဆွေး‌နွေး

ကရင်အရပ်ဘက်လူမှုအဖွဲ့များ ခိုင်မာသည့် ကွန်ရက်တည်‌ဆောက်သွားရန် ညှိနှိုင်း‌ဆွေး‌နွေး

1770

မတ် ၃ဝရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်အတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်း အချင်းချင်း ခိုင်မာသည့် ကွန်ရက်တည်‌ဆောက်သွားရန် ကြာအင်းဆိပ်ကြီး မြို့နယ်၊ ဝင်း‌ရော်‌ဒေသတွင် ပထမဆုံးအကြိမ် မြို့နယ်အဆင့် အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများ ကွန်ရက်ညှိနှိုင်းအစည်း အ‌ဝေးတစ်ရပ်ကို မတ်လ(၂၈)ရက်‌နေ့က ခလယ်‌ကျေးရွာ မဏ္ဍိတာရာမဘုန်းကြီး‌ကျောင်းတွင် ပြုလုပ်ခဲ့သည်။

ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ရက်(KSCN)မှ ‌စော‌ကျော်စွာက “အဓိက ကရင်ပြည်နယ်မှာရှိတဲ့ အရပ်ဘက်လူမှု အဖွဲ့အစည်းများကွန်ရက် အချင်းချင်း ပိုပြီး ခိုင်မာလာဖို့ရယ်၊ ဒီ‌ဒေသမှာရှိ‌နေတဲ့ အရပ်ဘက်အဖွဲ့‌တွေကို အဂင်္ါရပ်နှင့်ညီ‌အောင် စွမ်း‌ဆောင်ရည်မြှင့်တင်‌ပေးဖို့ရယ်၊ ပြည်နယ်အတွင်းမှာ ဖြစ်‌ပေါ်တိုးတက်‌နေတဲ့ အ‌ခြေအ‌နေများကို အရပ်ဘက်လူမှုအဖွဲ့အစည်း မှ မှန်ကန်‌သော တုံ့ပြန်မှု‌တွေ‌ပေးနိုင်ဖို့ ခိုင်မာတဲ့ ကွန်ရက်တည်‌ဆောက်သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထုို့အပြင် ကရင်ပြည်နယ်အတွင်း ဖွဲ့စည်းထား‌သော အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက်များ ပိုပြီးခိုင်မာလာ‌အောင် တည် ‌ဆောက်နိုင်ရန်`ပွင့်လင်းပြီး တရားမျှတ‌သော ‌ပြောင်းလဲခြင်းသို့ ‌ခြေတစ်လှမ်း´အမည်ဖြင့် အရပ်ဘက်အဖွဲ့အစည်းများကို ‌ထောက်ပံ့‌ပေးမည့် စီမံကိန်းတစ်ရပ်ကို အ‌ကောင်ထည်‌ဖော် ‌ဆောင်ရွက်လျှက်ရှိသည်ဟု ‌စော‌ကျော်စွာက ဆက်‌ပြောသည်။

အဆိုပါ ညှိနှိုင်းအစည်းအ‌ဝေးတွင် ကြာအင်းဆိပ်ကြီးမြို့နယ်မှ ဟူးဖိုးက‌ပေါ်အဖွဲ့၊ အမျိုးသမီး‌ရေးရာ၊ မိခင်နှင့်က‌လေး‌စောင့် ‌ရှောက်‌ရေး၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုအဖွဲ့၊ ပဏ္ဍိတာ ဓမ္မပညာ‌ရေး‌ဖောင်‌ဒေးရှင်းအဖွဲ့၊ (KSCN)အဖွဲ့ အပါအဝင် ကိုယ်စားလှယ် (၂၀)‌ကျော် တက်‌ရောက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ မိမိတို့အဖွဲ့၏ ‌ဆောင်ရွက်‌နေသည့်လုပ်ငန်းများကို တင်ပြကြ ပြီး‌နောက် မြို့နယ်အဆင့် အလုပ်အမှု‌ဆောင် (၄)ဦးနှင့် လုပ်ငန်း‌ကော်မတီဝင် (၅)ဦး ‌ရွေးချယ်ဖွဲ့စည်းခဲ့သည်။

ဟူးဖိုးက‌ပေါ်အဖွဲ့အကြံ‌ပေး ‌စောဘီဝင်း‌အောင်က “ကျ‌နော်တို့ ကြာအင်းကြီးမြို့နယ်မှာက အရပ်ဘက်လူမှုအဖွဲ့အစည်း‌တွေက ခိုင်ခိုင်မာမာ မရှိ‌သေးဘူး‌ပေါ့။ ဒီလို အရပ်ဘက်အဖွဲ့‌တွေ အချင်းချင်း ကွန်ရက်ပူး‌ပေါင်းခြင်းအားဖြင့် ကိုယ့်ရဲ့‌ဒေသ‌တွေမှာ အရင် ကထက် ဖွံ့ဖြိုးမှု‌တွေ ပိုပြီးလုပ်လာနိုင်မယ်လို့ ယုံကြည်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဖွံ့ဖြိုးမှုစီမံကိန်းများ လုပ်‌ဆောင်ရာ၌ ပွင့်လင်းမြင်သာမှု အားနည်း‌နေ‌သေးသည့်အတွက် အရပ် ဘက်လူမှုအဖွဲ့အစည်းများအ‌နေဖြင့် မှန်မှန်ကန်ကန် တုံ့ပြန်နိုင်ရန် လိုအပ်‌သေး‌ကြောင်း ‌ထောက်ပြ‌ဝေဖန်မှုအချို့လည်း ရှိသည်။