Home သတင်း ကရင်ပညာ‌ရေးအတွက် KED နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေး

ကရင်ပညာ‌ရေးအတွက် KED နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေး

1758

မတ် ၃ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ကရင်လက်နက်ကိုင်တပ်ဖွဲ့များ၏ နယ်‌မြေများအတွင်း ‌တွေ့ကြုံ‌နေရသည့် ပညာ‌ရေးဆိုင်ရာ အခက်အခဲ အ‌ခြေအ‌နေများနှင့်ပတ်သက်ပြီး ကရင်ပညာ‌ရေးဌာန KEDနှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့တို့သည် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် KNLA တပ်မဟာ ၇ ဋ္ဌာနချုပ်တွင် ယ‌နေ့ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြ ‌ကြောင်း သိရသည်။

KED အတွင်း‌ရေးမှူး ‌စော‌လော်အယ်မှူးက “ပညာ‌ရေးကိစ္စ လှုပ်ရှား‌နေတဲ့အခါ ကရင်လက်နက်ကိုင်အဖွဲ့‌တွေ က နားလည်မှုမရှိတဲ့ ပြဿနာ‌တွေ ရှိ‌နေတယ်။ အဲဒါ‌တွေကို တစ်ဖွဲ့ချင်းစီက ပညာ‌ရေးနဲ့ ပတ်သက်ပြီး ဘယ်လိုသ‌ဘောထား‌တွေရှိလဲ။ ‌ရှေ့ဆက်ပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဘယ်လိုညှိနှိုင်း ‌ဆောင်ရွက်သွားမလဲ ဆိုတာ‌တွေအတွက် ‌တွေ့တာပါ”ဟု ‌ပြောသည်။

အဆိုပါ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုတွင် KED ဥက္ကဌ ပဒို‌စောလား‌စေး၊ အတွင်း‌ရေးမှူး ‌စော‌လောအယ်မှူး၊ KNU ဖားအံခရုိုင် ပညာ‌ရေးအတွင်း‌ရေးမှူး ‌စောဖလက်ထူး၊ ခရုိုင်ပညာ‌ရေးအတွင်း‌ရေးမှူး၊ မြို့နယ်ပညာ‌ရေးမှူးများနှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်(KNLA)၊ KNU/KNLA(PC)၊ တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော် (DKBA)မှ ကိုယ်စားလှယ်တုို့ကို ‌နေ့တဝက်ကြာ ‌တွေ့ဆုုံ‌ဆွေး‌နွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ‌ဆွေး‌နွေးရာတွင် ပညာ‌ရေးဆိုင်ရာ သတင်းအချက်အလက်နှင့် စာရင်း‌ကောက်ယူရာတွင် ‌တွေ့ကြုံ ရသည့် အခက်အခဲ၊ ကရင်လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာနယ်‌မြေအတွင်း အစိုးရဝန်ထမ်း ‌ကျောင်းဆရာ၊ ဆရာမ သွား‌ရောက်သင်ကြားမှုနှင့် ‌နောက်ဆက်တွဲ ကိစ္စရပ်များ၊ ပညာ‌ရေးဆိုင်ရာ ‌ကျောင်းစီမံခန့်ခွဲမှု အ‌ခြေအ‌နေများ စသည်တို့ကို ‌ဆွေး‌နွေးခဲ့ကြ‌ကြောင်း သိရသည်။

တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင့်အမျိုးသားတပ်မ‌တော် (DKBA) မှ ကိုယ်စားလှယ်‌စော‌ပေါ်ကလာက “ပညာ‌ရေးနဲ့ ပတ်သက်လို့ တစ်ခုတည်းဖြစ်ရင် ပို‌ကောင်းတာ‌ပေါ့။ တခြားနယ်‌မြေ‌တွေမှာ‌တော့ မ‌ပြော တတ်ဘူး။ ကျ‌နော်တို့နယ်‌မြေထဲမှာဆိုရင်‌တော့ ပညာ‌ရေးနဲ့အခက်အခဲ‌တွေ ပူး‌ပေါင်း‌ဆောင်ရွက်မယ်ဆို ကြိုဆိုတဲ့ သ‌ဘောထားရှိပါတယ်”ဟု ‌ပြောသည်။

KNLA တပ်မဟာ ၇ ဋ္ဌာနချုပ်၌ ယခု ပြုလုပ်‌သော‌ဆွေး‌နွေးမှုတွင် ပညာ‌ရေးဆိုင်ရာ ကိစ္စများအ‌ပေါ် KED နှင့် ကရင်လက်နက်ကိုင်အဖွဲ့တို့၏ က‌နေဦး စတင်‌တွေ့ဆုံ‌ဆွေး‌နွေးခြင်းသာဖြစ်ပြီး ဆုံးဖြတ်ချက် တစုံတရာ ချမှတ်နိုင်ခြင်းမရှိသလို အလားတူ ‌တွေ့ဆုံမှုမျိုးကို အခြား‌သော ကရင်လက်နက်ကိုင်နယ်‌မြေများတွင် ဆက်လက်ပြုလုပ်သွားရှိ‌ကြောင်း သိရသည်။