Home သတင်း ဖာပွန်မြို့နယ် ‌ဘောကျို့လယ်ရွာသားတစ်ဦး ‌မြေမြှုပ်မိုင်းထိ၍ ဒဏ်ရာပြင်းထန်

ဖာပွန်မြို့နယ် ‌ဘောကျို့လယ်ရွာသားတစ်ဦး ‌မြေမြှုပ်မိုင်းထိ၍ ဒဏ်ရာပြင်းထန်

1807

မတ် ၁၆ရက်၊ ၂၀၁၆ခုနှစ်။ ‌စောခါးစူးညား

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်‌မြေ ဒွယ်လိုးမြို့နယ်၊ ‌လေးဖိုးထာ့ ‌ကျေးရွာအုပ်စုရှိ အသက် ၄ဝ ဝန်းကျင်အရွယ် ‌ဘောကျို့လယ်(အ‌နောက်ဘက်ခြမ်း)ရွာသား ‌စော‌အောဘ ဆိုသူသည် ယ‌နေ့နံနက် ၇နာရီ‌ကျော် အချိန် ‌တောင်ယာခင်းတစ်ခုတွင် ‌မြေမြှုပ်မိုင်းထိ၍ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

‌စော‌အောဘသည် ‌ဘောကျို့လယ်ရွာနှင့် ‌ထော်က‌လော့ဖိုးခီးရွာအကြား ‌ကျော်က‌လော်‌ချောင်းအနီးရှိ ‌တောင်ကမ်းပါးတစ်‌နေ ရာတွင် ‌တောင်ယာခုတ်‌နေစဉ် ‌မြေမြှုပ်မိုင်း နင်းမိပြီး ညာဘက်‌ခြေ‌ထောက် ဖြတ်သွားသလို တစ်ကိုယ်လုံး မိုင်းစများ ထိမှန်သ ဖြင့် ဒဏ်ရာပြင်းထန်ကာ လက်ရှိ ကမ‌မောင်းမြို့‌ဆေးရုံသို့ ပို့‌ဆောင်‌နေ‌ကြောင်း မျက်မြင်သက်‌သေတစ်ဦးဖြစ်သူ ‌ဘောကျို့လယ် ရွာခံ ‌စော‌ကျော်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“သူ မိုင်းထိ‌တော့ ‌ဘောကျို့လယ်ရွာကို ပြန်ထမ်းလာတယ်။ အဲဒီက‌နေတဆင့် ကမ‌မောင်းကို ပို့‌ဆောင်ပါတယ်။ သူ့ဒဏ်ရာက ‌တော်‌တော်ပြင်းတယ်။ တကိုယ်လုံးမှာ ‌သွေး‌တွေပဲ။ သတိလည်း ‌မေ့‌နေတာ ‌တွေ့ရတယ်။ အ‌ခြေအ‌နေက စိုးရိမ်ရတယ်”ဟု ၎င်းက ‌ပြောဆိုသည်။

ဒဏ်ရာပြင်းထန်သည့် ‌စော‌အောဘသည် အိမ်‌ထောင်သည်တစ်ဦးဖြစ်ပြီး မိသားစု စားဝတ်‌နေ‌ရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန် ‌နေသူတစ်ဦးဖြစ်သည်ဟု ‌ဘောကျို့လယ်‌ဒေသခံများထံမှ သိရသည်။

အဆိုပါမိုင်းမှာ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ ‌ထောင်ထားသည့် ‌မြေမြှုပ်မိုင်းအား နင်းမိသည်ကို မသိရှိရ‌ကြောင်း၊ ၎င်း‌ေ ဒသတွင် မြန်မာအစိုးရလက်‌အောက်ခံ စစ်တပ်နှင့် နယ်ခြား‌စောင့်တပ်များ အပါအဝင် KNU လက်‌အောက်ခံ ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်ဖွဲ့များ သွားလာလှုပ်ရှား‌နေသည့်‌နေရာဖြစ်‌ကြောင်း ‌ဒေသခံများက ‌ပြောဆိုသည်။

KNU ဖာပွန်(မု‌တြော်)ခရိုင်၊ ဒွယ်လိုးမြို့နယ် ‌လေးဖိုးထာ့‌ကျေးရွာအုပ်စုတွင် ‌လေးဖိုးထာ့၊ ‌ဘောကျို့လယ် (အ‌နောက်ဘက်ခြမ်း)၊ ‌ရွှေ‌ရေး(ပိုဂါ)၊ ကျိုး‌ဒေး၊ တ‌ရောပူ၊ မဲ့ကျီခီး၊ ဝါးဒူး၊ သာ့‌အော့ပ‌လေ၊ ဝါ့တမူ၊ ပဟိကလား စသည့် ‌ကျေးရွာများ တည်ရှိသည်။