Home သတင်း ထိုင်းရဲအသတ်ခံရမှု တရားခံဟု ယူဆရသူများကို မြန်မာဘက်ခြမ်းတွင် ညတွင်းချင်းဖမ်းမိ

ထိုင်းရဲအသတ်ခံရမှု တရားခံဟု ယူဆရသူများကို မြန်မာဘက်ခြမ်းတွင် ညတွင်းချင်းဖမ်းမိ

1706

မတ် ၁၆ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းအနီးတွင် မတ်လ ၁၅ရက်‌နေ့ည‌နေက ထိုင်းပုလိပ်(ရဲ)တစ်ဦး အသတ်ခံရမှု ဖြစ်ပွားခဲ့ ပြီး သတ်ဖြတ်သူများဟု ယူဆရသည့် ဒုက္ခသည်စခန်းအတွင်း‌နေထိုင်သူ မြန်မာဒုက္ခသည် ၄ဦးကို မြန်မာနိုင်ငံဘက်ခြမ်း၌ ညတွင်းချင်းပင် ပြန်လည်ဖမ်းဆီးရမိ‌ကြောင်း မယ်လစခန်းတာဝန်ရှိသူများက ‌ပြောသည်။

မယ်လဒုက္ခသည်စခန်းအ‌နောက်ဘက် ထိနူထာ့ရွာအနီး မယ်လလမ်းခွဲဂိတ်တွင် တာဝန်ကျ‌နေသည့် ဒု-ဂိတ်မှူး ထိုင်းရဲတစ်ဦး သတ်ဖြတ်ခံရခြင်းဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ မယ်လစခန်းလုံခြုံ‌ရေးမှူး ‌စောနိုင်ဦးက ‌ကေအိုင်စီသို့ ယခုလို အတည်ပြု ‌ပြော ဆိုသည်။

၎င်းက “မယ်လစခန်းထဲမှာ အသတ်ခံရတာ‌တော့ မဟုတ်ဘူး။ အသတ်ခံရတဲ့ ထိုင်းပုလိပ်အ‌လောင်းကို ပြန်‌တွေ့တာက ည‌နေ ၆နာရီခွဲ ဖြစ်ပါတယ်။ သတ်သွားတဲ့လူ‌တွေကို ည ၁၁နာရီ‌လောက်မှာ နယ်စပ်‌ချောင်း ဟိုးဘက်ကမ်း(မြန်မာဘက်ခြမ်း)မှာ ပြန် ဖမ်းမိတာဖြစ်ပါတယ်”ဟု ‌ပြောသည်။

‌သေဆုံးသူ ထိုင်းရဲအား သတ်ဖြတ်သွားသူများဟု ယူဆရသူ ၅ဦးအနက် ၄ဦးကိုသာ လတ်တ‌လော ဖမ်းဆီးရမိထားပြီး ကျန်တစ် ဦးမှာ အဆိုပါထိုင်းပုလိပ်၏ လက်နက်ငယ်တစ်လက်နှင့်အတူ ထွက်‌ပြေးလွတ်‌မြောက်‌နေဆဲဖြစ်‌ကြောင်း မယ်လစခန်းတာဝန်ရှိ သူများက ‌ပြောသည်။

ဖမ်းဆီးရမိထားသူများမှာ မယ်လဒုက္ခသည်စခန်း ရပ်ကွက် C4-B တွင် ‌နေထိုင်သူ နိုအာရာ (၂၄)နှစ်၊ ကမာ‌ဒေ (၁၈)နှစ်၊ မက်က ဒီ (၂၁)နှစ်နှင့် ကူရှင်(၂၀)နှစ်တို့ဖြစ်ပြီး ၎င်းတို့ကို မြန်မာဘက်ခြမ်းရှိ ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ကူညီဖမ်းဆီး‌ပေးမှုဖြင့် ထိုင်းအာဏာပိုင်များထံ ညတွင်းချင်း ပြန်လည်လွှဲအပ်‌ပေးခြင်းဖြစ်ဟု သိရသည်။

အသတ်ခံရသူ ထိုင်းရဲမှာ ‌ကျောဘက်ထိုးသွင်း ဒဏ်ရာ ၄ချက်၊ ရင်ဘတ်တွင် ‌သေနတ်ဒဏ်ရာ ၁ချက်နှင့် လည်လှီးခံထားရသည့် ဒဏ်ရာ‌တွေ့ရှိ‌ကြောင်း ကိုယ်တိုင် သွား‌ရောက်ကြည့်ရှုသည့် စခန်းတာဝန်ရှိသူများက ‌ပြောသည်။

ဒုက္ခသည် ၄‌သောင်း‌ကျော်‌နေထိုင်‌သော မယ်လဒုက္ခသည်စခန်းတွင် ယခင်က ဒုက္ခသည်များနှင့် စခန်းလုံခြုံ‌ရေးယူ‌ပေးသည့် ထိုင်းအာဏာပိုင်တို့အကြား နှစ်ဖက် ခိုက်ရန်ဖြစ်ပွားသည့်အဆင့်ထိ ရှိခဲ့‌သော်လည်း ယခုလို လူသတ်မှု ကျူးလွန်သည်မှာ ပထမ ဦးဆုံးအကြိမ်ဖြစ်ပြီး ယင်းဖြစ်စဉ်‌ကြောင့် စခန်းအတွင်း ပိုမိုတင်းကြပ်လာမည်ကို ဒုက္ခသည်များက စိုးရိမ်‌နေကြသည်။