Home သတင်း အမျိုးသား‌ရေးအကျိုးအတွက် နားလည်မှုဖြင့် ကဏ္ဍအလိုက် ပူး‌ပေါင်းလုပ်‌ဆောင်ရန် KNU ဥက္ကဌတိုက်တွန်း

အမျိုးသား‌ရေးအကျိုးအတွက် နားလည်မှုဖြင့် ကဏ္ဍအလိုက် ပူး‌ပေါင်းလုပ်‌ဆောင်ရန် KNU ဥက္ကဌတိုက်တွန်း

1702

‌ဖေ‌ဖော်ဝါရီ ၅ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ကရင်အမျိုးသားများ၏ အကျိုးစီးပွားအတွက် ကရင်အဖွဲ့အစည်းများအ‌နေဖြင့် နားလည်မှုကို အရင်းခံပြီး ကဏ္ဍအလိုက် ပူး‌ပေါင်း လုပ်‌ဆောင်ကြရန် ‌ဖေ‌ဖော်ဝါရီလ (၅)ရက်‌နေ့တွင် ကျ‌ရောက်သည့် (၆၉)နှစ်‌မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)‌နေ့အ တွက် ‌ပေးပို့‌သော ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးက ၎င်း၏ သဝဏ်လွှာထဲတွင် တိုက်တွန်း‌ပြောဆိုထားသည်။

အဆိုပါ သဝဏ်လွှာထဲ၌ ၎င်းက “ပြည်တွင်း ကရင်အမျိုးသား‌တွေအကြားမှာ ကရင့်နိုင်ငံ‌ရေးအဖွဲ့အစည်း‌တွေ ရှိလာခြင်းဟာ လည်း ကရင်အမျိုးသားနိုင်ငံ‌ရေး ‌မျှော်မှန်းချက်‌တွေ ပြည့်‌မြောက်ဖို့ အားအင်ဖြစ်လာသလို တချိန်တည်းမှာပဲ ရှိ‌နေတဲ့ ကရင်အ ဖွဲ့အစည်း‌တွေအ‌နေနဲ့ ကရင်အမျိုးသားအကျိုးအတွက် နားလည်မှုနဲ့ သူ့‌နေရာ သူ့ကဏ္ဍအလိုက် ပူး‌ပေါင်းလုပ်‌ဆောင်ကြရမယ်״ ဟု ထည့်သွင်း‌ပြောဆိုထားသည်။

ထို့အပြင် KNU သည် ကရင်အမျိုးသားများ၏ လိုလား‌တောင်းတမှုကို ၆၉နှစ်တိုင် ရုန်းကန်လှုပ်ရှားခဲ့သလို ‌ရှေ့ဆက် အနာဂတ် တွင်လည်း ကရင်ပြည်သူများအတွက် ပြီးပြည့်စုံသည်အထိ ရုန်းကန်လှုပ်ရှားသွားမည်ဖြစ်ကာ ကရင်ပြည်သူလူထု၏ သ‌ဘောတူ လက်ခံပူး‌ပေါင်းပါဝင်မှုအ‌ပေါ် ရပ်တည်သွားမည်ဟုလည်း သဝဏ်လွှာတွင် ‌ဖော်ပြပါရှိသည်။

‌ကေအဲန်ယူ ထိန်းချုပ်ရာနယ်‌မြေများဖြစ်သည့် ခရိုင်နှင့် တပ်မဟာ(၇)ခု နယ်‌မြေအသီးသီးတွင် ကျင်းပခဲ့ကြသည့် အဆိုပါ ‌ကေ အဲန်ယူ‌နေ့အတွက် KNU ဥက္ကဋ္ဌ၏ သဝဏ်လွှာအပြင် ကရင်အဖွဲ့အစည်းအချို့လည်း သဝဏ်လွှာများကိုလည်း ‌ပေးပို့ခဲ့ကြသည် ဟု သိရသည်။

ယ‌နေ့ကျ‌ရောက်သည့် ‌ကေအဲန်ယူ‌နေ့အတွက် မကြာ‌သေးမီက ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်-DKBA မှ ခွဲထွက်ထား သည့် တိုးတက်‌သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော်(DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်‌စော‌ကျော်သက်ကလည်း ဝမ်း ‌မြောက်‌ကြောင်း သဝဏ်လွှာ‌ပေးပို့ခဲ့သည်။

“‌ကေအဲန်ယူအ‌နေဖြင့် လူမျိုးစုံချစ်ကြည်ရင်းနှီးမှု တည်‌ဆောက်ခဲ့သည့် အ‌တွေ့အကြုံ‌ကောင်းများ၊ အမျိုးသား ညီညွတ်‌ရေး ပြန် လည်ထူ‌ထောင်နိုင်ခဲ့သည့် သမိုင်းအ‌တွေ့အကြုံ‌ကောင်းများဖြင့် ယ‌နေ့ကာလများတွင်လည်း အမျိုးသားညီညွတ်ခြင်းကို တည် ‌ဆောက်နိုင်မည်ဟု မိမိတို့အ‌နေဖြင့် ယုံကြည်သည်״ဟု ဗိုလ်ချုပ်‌စော‌ကျော်သက်၏ သဝဏ်လွှာ၌ ‌ဖော်ပြထားသည်။

ကရင်အမျိုးသားများ လွတ်လပ်‌ရေးနှင့် ကရင်ပြည်ရရှိ‌ရေးအတွက် ‌ဆွေး‌နွေး‌ပြောဆိုရာတွင် အသံတစ်ခုတည်း ထွက်‌ပေါ်လာရန် ရည်ရွယ်၍ ‌ဒေါကလူအသင်း(Karen National Association)၊ ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး(BKNA)၊ ကရင်ဗဟိုအ ဖွဲ့ချုပ်(KCO)နှင့် ကရင်လူငယ်အစည်းအရုံး(KYO) စသည့်ကရင်အဖွဲ့အစည်းများ စု‌ပေါင်း၍ ၁၉၄၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၃ရက်မှ ၁၅ ရက်‌နေ့အထိ ရန်ကုန်မြို့၌ အစည်းအ‌ဝေးပြုလုပ်ကာ ‌ဖေ‌ဖော်ဝါရီ ၅ရက်‌နေ့တွင် KNU ကို ဖွဲ့စည်းခဲ့သည်။