Home သတင်း တက္ကသိုလ်ဝင် တန်းစာ‌မေးပွဲ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း ၃‌ကျောင်းသာ ဝင်‌ရောက်‌ဖြေဆိုမည်

တက္ကသိုလ်ဝင် တန်းစာ‌မေးပွဲ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း ၃‌ကျောင်းသာ ဝင်‌ရောက်‌ဖြေဆိုမည်

1495

‌ဖေ‌ဖော်ဝါရီ ၂၂ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

မြန်မာနိုင်ငံရှိ စာစစ်ဌာနများတွင် မတ်လ ၉ရက်‌နေ့မှစတင်ကာ ကျင်းပမည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲအတွက် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း ၃‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်းသားဦး‌ရေ ၁၀၅ဦးသာ ဝင် ‌ရောက်‌ဖြေဆို‌တော့မည်ဖြစ်‌ကြောင်း သိရသည်။

လက်ရှိ ပညာသင်နှစ်အတွက် ဝင်‌ရောက်‌ဖြေဆိုမည့် ‌ကျောင်းသားဦး‌ရေမှာ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်ထက် အနည်းငယ် ‌လျော့နည်းသွားပြီး ထိုသို့‌လျော့နည်းရခြင်းအ‌ပေါ် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများ ပညာ‌ရေး‌ကော်မတီ BMWEC ဥက္ကဌ ဆရာမကြီး‌နော်‌ဖော‌ရေက ယခုလို ‌ပြောသည်။

“အရင်ပညာသင်နှစ်က နယ်စပ်‌ရွှေ့‌ပြောင်း‌ကျောင်းအ‌နေနဲ့ ၄‌ကျောင်း‌ဖြေတယ်။ အခုအဲဒီထဲက ထီးမယ်ဝါးခီး‌ကျောင်းဟာ ဒီနှစ် မှာ နယ်စပ်‌ကျောင်းအ‌နေနဲ့ မပါဝင်‌တော့ဘဲ ပြည်တွင်းထဲက ‌ကျောင်းအ‌နေနဲ့ သပ်သပ် ဝင်‌ရောက်‌ဖြေဆိုတဲ့အတွက်ဖြစ်တယ်״ ဟု သူမက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲကို နယ်စပ်‌ကျောင်းများဖြစ်သည့် ဆာသူး‌လေ၊ ထီးမယ်ဝါး ခီး၊ ‌သွေးသစ်နှင့် က‌ပေါ်‌ထော စသည့်အထက်တန်း‌ကျောင်းများက မြဝတီမြို့ အထက(၁) စာစစ်ဌာနတွင် ၁၆ဝဦး ‌ဖြေဆိုခဲ့ရာ ၄၄ဦး ‌အောင်မြင်ခဲ့‌ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများမှ အစိုးရစာစစ်ဌာနနှင့် ချိတ်ဆက်ပြီး ၂၀၁၂-၂၀၁၃ပညာသင်နှစ်မှ စတင် ကာ တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲကို ၅၆ဦး‌ဖြေဆိုခဲ့ရာတွင် ၈ဦးသာ‌အောင်မြင်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ၁၂၆ဦး ‌ဖြေဆိုခဲ့ရာ၌ ၃၆ဦး ‌အောင်မြင်ခဲ့သည်။

ထိုသို့‌ဖြေဆိုရာတွင် နယ်စပ်‌ကျောင်းများ၏ ‌အောင်ချက်ရာခိုင်နှုန်းမှာ သိသာစွာတိုးတက်လာခြင်း မရှိ‌ကြောင်း သုံးသပ်‌ပြောဆိုမှု များ ရှိသည့်အတွက် ယခုနှစ်တွင်လည်း ‌ဖြေဆိုမည့်သူများကို စခန်းသွင်း ‌လေ့ကျင့်သင်ကြားမှုများ ပြုလုပ်‌ပေးလျှက်ရှိ‌ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာ‌မေးပွဲ‌ဖြေဆိုမည့် ဆာသူး‌လေ‌ကျောင်းမှ နန်းထူး‌ဖောက “ကျမအ‌နေနဲ့ ဆယ်တန်းကို အခုမှ ‌ဖြေဘူးမှာ။ ဒါ‌ပေ မယ့် အတတ်နိုင်ဆုံး စာ‌တွေလုပ်ထား‌တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု‌တော့ ရှိတယ်။ စာ‌မေးပွဲမှာ ဘယ်လိုလာမလဲ မသိ‌သေး ‌ပေမယ့် အတတ်နိုင်ဆုံး ‌ဖြေကြည့်သွားမယ်״ဟု ‌ပြောသည်။

နိုင်ငံတကာအစိုးရမဟုတ်‌သောအဖွဲ့အစည်းများ၏ ရပ်တည်‌နေရသည့် နယ်စပ်မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများအ‌နေဖြင့် ပြီးခဲ့ သည့် ၂၀၀၈‌နောက်ပိုင်းမှစ၍ ကူညီ‌ထောက်ပံ့မှုများ ‌လျော့နည်းလာသည့်အတွက် ဆက်လက်ရပ်တည်နိုင်ရန် ခက်ခဲ‌နေဆဲဖြစ် ပြီး ယခင်က မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်း‌ပေါင်း ၇၀‌ကျော်ရှိသည့်အနက် ယခုမှာ ၆၅‌ကျောင်းသာ ကျန်ရှိ‌တော့‌ကြောင်း သိရ သည်။