Home သတင်း ‌ကော့ကရိတ်မြို့နယ် ‌ကျေးရွာအုပ်စုများတွင် BPHWTမှ ကျန်းမာ‌ရေး အသိပညာ‌ပေးမှုများ စတင်ပြုလုပ်

‌ကော့ကရိတ်မြို့နယ် ‌ကျေးရွာအုပ်စုများတွင် BPHWTမှ ကျန်းမာ‌ရေး အသိပညာ‌ပေးမှုများ စတင်ပြုလုပ်

1476

ဒီဇင်ဘာ ၄ ရက်၊၂၀၁၅ ခုနှစ်။ က‌ဆောဝါး

နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့BPHWT မှ ‌ကော့ကရိတ်မြို ့နယ် ‌နောင်ကိုင်း‌ကျေး ရွာအုပ်စုအတွင်းရှိ‌ကျောင်းများနှင့် ရပ်ရွာတွင်း‌နေ က‌လေးသူငယ်များ အား တကိုယ်ရည်ကျန်းမာ‌ရေး အသိပညာ‌ပေးခြင်း ၊ သန်ချ‌ဆေးတိုက်‌ကျွေးခြင်း၊ တကိုယ်ရည်သန့် ရှင်း‌ရေး လက်‌တွေ့ လုပ်‌ဆောင်‌ပေး ခြင်းလုပ်ငန်းများကို ဒီဇင်ဘာလ ၁ရက်ရက် ‌နေ့မှ စတင်ကာလုပ်‌ဆောင်လျှက်ရှိ‌ကြောင်း သိရသည်။

ထိုသို့ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ BPHWT ‌နောင်ကိုင်းရွာ တာဝန်ခံ ‌စောမြင့်‌ထွေး က“‌ဒေသတွင်းမှာ ကျန်းမာ‌ရေး အသိ ပညာမြင့်မားလာဖို့ ခ‌လေးသူငယ်‌တွေ ကိုယ်ဝန်‌ဆောင်မိခင်‌တွေ နဲ့ သက်ကြီးရွယ်အို ဘိုးဘွား‌တွေ ကျန်းမာ‌ရေး အ‌ခြေ အ‌နေ ‌ကောင်း‌တွေ ရှိဖို့အတွက် ရည်ရွယ် ရည်မှန်း ချက်ထားပြီး လုပ်‌ဆောင်‌နေ တာဖြစ်ပါတယ်״ ဟု‌ကေအိုင်စီ သို့ ‌ပြောသည်။

ကျန်းမာ‌ရေးအသိပညာ‌ပေးမှုများကို BPHWT မှ ကျန်းမာ‌ရေး‌ဆေးလုပ်သားအစု အဖွဲ့ခွဲများဖွဲ့စည်းကာ လုပ်‌ဆောင်‌ပေး‌နေခြင်းဖြစ်ပြီး ‌နောင်ကိုင်း‌ကျေးရွာအုပ်စုဝင် ‌နောင်ကိုင်း‌ကျောင်း အပြင် ၊ သ‌ဝေါ့‌သော (‌ခေါ်) ‌ရွှေလူကုန်းရွာ‌ကျောင်း၊ မိဖာ့လဲ့‌ကျေးရွာ စာသင်‌ကျောင်းများတွင်လည်း ဆက်လက်လုပ် ‌ဆောင်သွားမည်ဖြစ်သည်။
3
အဆိုပါ‌ကျေးရွာများတွင် အစိုးရ‌ဆေး‌ပေးခန်းများ မရှိသည့်အတွက် BPHWT မှ‌ကော့ကရိတ်မြို့နယ် ‌ဒေါန ‌တောင်‌ခြေဘက်အခြမ်း ‌နောင်ကိုင်းရွာအ‌ခြေပြု ‌ဆေး‌ပေးခန်းတစ်ခုထားရှိကာ ၆ လတစ်ကြိမ် ‌ဒေသတွင်း ‌ကျေးရွာများသို့ လှည့်လည်ပြီး ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှု လုပ်ငန်းများကိုလုပ် ‌ဆောင်‌နေ‌ကြောင်း သိရသည်။

‌ရွှေလူကုန်းရွာသူကြီးမ ‌နော်‌ဖောဝါးက “သူတို့အဖွဲ့‌တွေအခုလိုလာပြီး ကျန်းမာ‌ရေးကိစ္စ‌တွေ လုပ်‌ပေးတာ ‌ကောင်းမှ ‌ကောင်းဘဲ အရင်တုန်းကဆို ရွာမှာဘာမှ မရှိဘူး ကျန်းမာ‌ရေးကိစ္စ‌ပေါ်ရင် မြို့သွားဘာသွား ကုရတာ‌ပေါ့ ။ အခုနှစ်‌တွေမှာ‌တော့ သူတို့အဖွဲ့‌တွေရှိ‌နေပြီဆို‌တော့ ကျန်းမာ‌ရေးကိစ္စ‌တွေ အခက်အခဲ သိပ်မရှိ‌တော့ဘူး״ဟု‌ပြောသည်။

ယင်း‌ဒေသတွင်း ‌ကျေးရွာများတွင် ပြီးခဲ့သည့် ၂၀၁ဝ ခုနှစ်အထိ ယခုကဲ့သို့ ကျန်းမာ‌ရေး အသိပညာများနှင့် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုဆိုင်ရာလုပ်ငန်းများမရှိ‌ကြောင်းလည်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက်သည့် နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားအဖွဲ့ BPHWTကို ‌ဝေးလံ‌ခေါင်ဖျားသည့် တိုင်းရင်းသား ‌ဒေသများ အတွင်း ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု‌ပေးနိုင်ရန်ရည်ရွယ်ကာ ၁၉၉၈ ခုနှစ်၊ ဩဂုတ် ၁၉ ရက် ‌နေ့တွင် စတင်ဖွဲ့ စည်းခဲ့ခြင်း ဖြစ်သည်။