Home ထိပ်တန်းသတင်း သျှမ်းပြည်နယ်ရှိ တိုက်ပွဲများ‌ကြောင့် စစ်‌ပြေးဒုက္ခသည် ‌သောင်းနှင့်ချီ

သျှမ်းပြည်နယ်ရှိ တိုက်ပွဲများ‌ကြောင့် စစ်‌ပြေးဒုက္ခသည် ‌သောင်းနှင့်ချီ

1800
နိုဝင်ဘာ ၁၈ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ
ဗိုလ်ကြီး စိုင်းဖုန်းဟန်
ဗိုလ်ကြီး စိုင်းဖုန်းဟန်

အစိုးရတပ်မ‌တော်နှင့် ရှမ်းပြည်တိုးတက်‌ရေးပါတီ သျှမ်းပြည်တပ်မ‌တော်(SSPP/SSA) တို့အကြား နိုဝင်ဘာလ ၆ရက်‌နေ့က စတင်ဖြစ်ပွားသည့် တိုက်ပွဲသည် နိုဝင်ဘာ ၁၈ရက်‌နေ့ထိ ဆက်လက်ဖြစ်ပွားဆဲဖြစ်ပြီး ယင်းတိုက်ပွဲ‌ကြောင့် ‌နေရပ်စွန့်ခွာ ထွက်‌ပြေးတိမ်း‌ရှောင်ကြသည့် စစ်‌ဘေးဒုက္ခသည် ‌သောင်းနှင့်ချီ ရှိသွားပြီဟု SSPP/SSA ဘက်က ‌ပြောသည်။

သျှမ်းပြည်နယ်‌တောင်ပိုင်း၊ ရှမ်းပြည်တပ်မ‌တော် ဝမ့်ဟိုင်းဋ္ဌာနချုပ်နှင့် ၇မိုင်အကွာရှိ မိုင်းရှူးမြို့နယ်တွင် တိုက်ပွဲအရှိန်မြှင့်လာမှု ‌ကြောင့် ဝမ့်‌ဆော‌ကျေးရွာအုပ်စုရှိ ‌ကျေးရွာ‌ပေါင်း ၂၀‌ကျော်မှ ‌သောင်းနှင့်ချီ‌သော ရွာသားများမှာ မိုင်းရှူး၊ လားရှိုး၊ ‌တောင်ကြီးနှင့် လဲချား စသည့်မြို့နယ်များသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြခြင်းဖြစ်သည်ဟု SSPP/SSA ပြန်ကြား‌ရေးနှင့် သတင်းထုတ်ပြန်‌ရေးဋ္ဌာ နမှ ‌ပြောခွင့်ရသူ ဗိုလ်ကြီးစိုင်းဖုန်းဟန်က ‌ပြောသည်။

၎င်းက “ဒီ‌နေ့ကလည်း နံနက် ၇နာရီက‌နေ ၁ဝနာရီအထိ ‌တောင်ဟူးမှာဖြစ်တယ်။ မိုင်းရှူး၊ မိုင်း‌နောင်ကြား ကားလမ်းရဲ့ အ‌ရှေ့ ခြမ်း‌ပေါ့။ ဒီ‌နေ့ မနက်က လက်နက်ကြီးနဲ့ထုပါတယ်။ ပြီး‌တော့ ဟယ်လီ‌ကော်ပတာ တစ်စင်းကလည်း လာပြီးပစ်ကူတယ်လို့ ကျ‌နော်တို့ သတင်းရပါတယ်။ ပစ်ခတ်မှုက ရွာထဲကျလိုကျဆို‌တော့ သူတို့ မ‌နေရဲကြ‌တော့ဘူး။ အဲ‌ကြောင့်မို့လို့ လွတ်ရာထွက်‌ပြေးတာ ခန့်မှန်းတာ တစ်‌သောင်း‌လောက်ရှိမယ်ဗျ ။ စစ်‌ပြေးဒုက္ခသည်‌တွေ״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တိုက်ပွဲအရှိန်မြှင့်လာမှု‌ကြောင့် နှစ်ဘက်တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများရှိပြီး ‌ကျေးရွာဘုန်းကြီး‌ကျောင်းနှင့် လူ‌နေအိမ်များ၌ လက်နက်ကြီးကျည်များထိမှန်သဖြင့် ‌ဒေသခံ ရွာသားများ ထိခိုက်‌သေဆုံးမှုရှိ‌သော်လည်း တိုက်ပွဲကာလဖြစ်၍ စာရင်းအတိ အကျ မသိရှိရ‌သေး‌ကြောင်း ဗိုလ်ကြီးစိုင်းဖုန်းဟုန်က ဆက်‌ပြောသည်။

SSPP/ SSAA၏ နိုဝင်ဘာ ၁၈ရက်‌နေ့ရက်စွဲပါ သတင်းထုတ်ပြန်ချက်အရ ‌အောက်တိုဘာ ၁၆ရက်‌နေ့က အစိုးရ တပ်မ‌တော် ဘက်မှ ဂျက်တိုက်‌လေယာဉ် ၂စင်း၊ ဟယ်လီ‌ကော်ပတာ (၆)စင်းဖြင့် မိုင်းရှူးမြို့နယ်ရှိ ၎င်းတို့စခန်းကို ၂နာရီကြာ ဗုံးကြဲတိုက် ခိုက်သကဲ့သို့ နိုဝင်ဘာ ၁၇ရက်‌နေ့ကလည်း အစိုးရတပ်မ‌တော်မှ ဂျက်တိုက်‌လေယာဉ် ၄စင်းဖြင့် နှစ်နာရီ‌ကျော်ကြာ ဗုံးကြဲတိုက် ခိုက်ခဲ့သည်ဟု ဆိုသည်။

မန္တ‌လေးအ‌ခြေစိုက် ရှမ်းနီအသံ သတင်းဋ္ဌာန၏ အယ်ဒီတာ စိုင်း‌အောင်မျိုးလွင်က“‌လော‌လောဆယ် ‌တောင်ကြီးမှာလည်း‌ရောက်လာကြတယ်။ အကူအညီ‌တွေလို‌နေတယ်။ ‌တောဘုန်းကြီး‌ကျောင်းနဲ့ စခန်း‌တွေမှာ ဖြစ်သလို‌နေကြရတယ်။ စာရင်းအတိအကျ‌တော့ မသိရဘူး။ သူတို့‌တွေ လိုအပ်တာက စားစရာ၊ အဝတ်အထည်နဲ့ ‌ဆေးဝါးလို့‌တော့ သိထားတယ်။ ရာသီဥတုက‌အေး‌တော့ အဝတ်အထည် နဲ့ စားစရာ အဓိက လိုမယ်လို့ အကူအညီ‌ပေးတဲ့သူ‌တွေက ‌ပြောတယ်။ စစ်ပွဲက မပြီး‌သေးဘူး။ ထပ်လာဖို့ရှိတယ် ״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ UPWC မှ နိုင်ငံ‌တော် ဒုသမ္မတ ‌ဒေါက်တာစိုင်း‌မောက်ခမ်း၊ ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင် မင်းတို့အား စာ‌ရေးအ‌ကြောင်းကြားထားခဲ့‌သော်လည်း ယခုချိန်ထိ တစုံတရာ တုန့်ပြန်မှု မရှိ‌ကြောင်း၊ တိုက်ပွဲရပ်တန့်နိုင်‌ရေးအ တွက် လက်ရှိ အစိုးရအပြင် ‌နောင်တက်လာမည့် အစိုးရသစ်အ‌နေဖြင့်လည်း ‌လေး‌လေးနက်နက်‌ဖြေရှင်းရန် တာဝန်ရှိ‌ကြောင်း SSPP/SSA က ‌ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ‌ကေအိုင်စီအ‌နေဖြင့် အစိုးရ တပ်မ‌တော်အား ဆက်သွယ်‌မေးမြန်းနိုင်ခြင်း မရှိ‌သေး‌ပေ။

ပြီးခဲ့သည့်ရက်ပိုင်းက ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ဘက်တွင်လည်း အစိုးရတပ်မ‌တော်က ကချင်လွတ်လပ်‌ရေးတပ်မ‌တော် (KIA)တပ်ဖွဲ့ကို ‌ဝေဟင်မှ စစ်‌လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ အလားတူ လုပ်‌ဆောင်ခဲ့သည်ဟု သိရသည်။

သျှမ်းပြည်တပ်မ‌တော် SSPP/SSA သည် လက်ရှိ မြန်မာအစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်‌ထောင်စုအဆင့် လက်မှတ်‌ရေးထိုး ထား‌သော သျှမ်းတပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ‌အောက်တိုဘာ ၁၅ရက်‌နေ့က ပြုလုပ်ခဲ့‌သော တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်(NCA) လက် မှတ်‌ရေးထိုးမှုတွင် လက်မှတ်မ‌ရေးထိုးကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် တစ်ဖွဲ့ဖြစ်သည်။