Home သတင်း နဘူးမြို့နယ်ခွဲတွင် ပြည်ခိုင်ဖြိုး မဲအနိုင်ရ‌နေ

နဘူးမြို့နယ်ခွဲတွင် ပြည်ခိုင်ဖြိုး မဲအနိုင်ရ‌နေ

2116

နိုဝင်ဘာ ၉ရက်၊ ၂၀၁၅ခုနှစ်။ က‌ဆောဝါး

‌ကော့ကရိတ်မြို့နယ်၊ နဘူး‌ကျေးရွာအုပ်စုရှိ ‌ကျေးရွာ ၆ရွာတွင် ယမန်‌နေ့က ‌ပေးခဲ့သည့် ဆန္ဒမဲများကို ‌ရေတွက်ပြီးစီးခဲ့ရာ ပြည် ‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ-USDP က အနိုင်ရရှိ‌နေ‌သော်လည်း မှင်စွန်း‌နေသည့် ပယ်မဲ ၄၀ဝဖြစ်‌နေသည်ဟု ‌စောင့် ကြည့်‌လေ့လာ‌နေသူများက ယ‌နေ့မနက်တွင် ‌ပြောသည်။

ယင်းသို့ USDP မဲအနိုင်ရသည့် ‌ကျေးရွာများမှာ လှိုင်ဝ၊ နန်း‌ကော်တိုး၊ ‌တောင်ကြာအင်း၊ ကျုံဒိုးအမှတ်(၂)၊ နဘူးနှင့် ‌နောင်ထက် ပံရွာများဖြစ်ပြီး ယမန်‌နေ့ မဲ‌ပေးပြီးချိန်မှစ၍ ည‌နေ ၅နာရီခွဲ၌ မြို့နယ်‌ကော်မရှင်ရုံးသို့ လာ‌ရောက်အပ်နှံသည့် ကြိုတင်မဲများကို ည ၇နာရီခွဲမှ ယ‌နေ့အထိ ‌ရေတွက်ရာမှ ‌စောင့်ကြည့်‌လေ့လာသိရှိရခြင်းဖြစ်သည်။

‌လေ့လာ‌စောင့်ကြည့်သူတစ်ဦးက “နဘူးရွာမှာက နဘူးမြစ်ခြားနဲ့ နဘူးရွာမဆိုပြီး နှစ်ပိုင်းရှိတယ်။ ရွာမမှာက NLD နိုင်‌ပေမဲ့ မြစ်ခြားမှ‌တော့ NLD ရှုံး‌နေတယ်။ သို့‌သော် ရွာ ၆ရွာအတိုင်းအတာနဲ့ဆိုရင် ပြည်ခိုင်ဖြိုးက နိုင်‌နေတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကော့ကရိတ်မြို့နယ်ရှိ USDP ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်‌လောင်း သူရိန်‌ဇော်အ‌နေဖြင့် မှင်စွန်းသွား‌သော ပယ်မဲများကို ပြန်လည်စိစစ်လုပ်‌ဆောင်‌ပေးရန် မြို့နယ်၊ ခရိုင် ‌ကော်မရှင်ရုံးများသို့ ဖိအား‌ပေး‌ပြောဆိုခဲ့‌သော်လည်း ‌ရွေး‌ကောက်ပွဲ စည်းမျဉ်း စည်းကမ်းများအရ ‌ရေတွက်ပြီး‌သော မဲများကို ထပ်မံ စိစစ်၍မရ‌တော့‌ပေ။

‌ကော့ကရိတ်မြို့နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ရုံးတွင် USDP ပါတီမှ ‌စောင့်ကြည့်‌ရေးကိုယ်စားလှယ်များ၊ ‌ကော့ကရိတ်မြို့နယ်အ တွင်းရှိ စစ်ကွပ်ကဲ‌ရေးဋ္ဌာနချုပ်-စကခ(၁၂) ကိုယ်စားလှယ်၊ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များနှင့် ဗြိတိန်သံရုံးက ‌စောင့်ကြည့် ‌လေ့လာသူများသာ မဲစာရင်း‌ရေတွက်မှုကို ဝင်‌ရောက်ကြည့်ရှုနိုင်ပြီး မီဒီယာကို မဲရုံ‌ရေတွက်သည့်အခန်းထဲ ဝင်ခွင့်မ‌ပေးခဲ့‌ပေ။