Home သတင်း ပါတီမူဝါဒများ‌ကြောင့် တိုင်းရင်းသားပါတီများ အ‌ရေးနိမ့်ခဲ့ဟု အရပ်ဖက်များသုံးသပ်

ပါတီမူဝါဒများ‌ကြောင့် တိုင်းရင်းသားပါတီများ အ‌ရေးနိမ့်ခဲ့ဟု အရပ်ဖက်များသုံးသပ်

1497

နို်ဝင်ဘာ၁ဝရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

လက်ရှိ မြို့နယ်‌ကော်မရှင်အသီးသီး၏ ထုတ်ပြန်‌ကြေညာချက်များအရ ကရင်ပြည်နယ်အတွင်း ဝင်‌ရောက်ယှဉ်ပြိုင်သည့် တို်င်း ရင်းသားပါတီများ အ‌ရေးနိမ့်ရခြင်းသည့် ပါတီ၏ ချမှတ်ထား‌သော မူဝါဒများ‌ကြောင့် ဖြစ်သည်ဟု ကရင်ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများက သုံးသပ်‌ပြောဆိုလိုက်သည်။

သွီးလူထုအ‌ခြေပြုလူမှုကူညီ‌ရေး အ‌ထောက်အကူပြုကွန်ယက် ဥက္ကဌ မန်းသိန်း‌ဇော်က “လက်ရှိ ကရင်ပြည်နယ်မှာ တိုင်းရင်း သားပါတီ‌တွေ အ‌ရေးနိမ့်တာက သူတို့ပါတီရဲ့ ပါတီမူဝါဒ‌တွေ၊ ‌နောက်ပြီး နည်းဗျူဟာ‌တွေ၊ လုပ်‌ဆောင်ချက်နဲ့ ခံယူချက်ပိုင်း‌တွေ အဲ့ဒါ‌တွေနဲ့ အများကြီးသက်‌ရောက်တယ်လို့ ကျ‌နော့်အ‌နေနဲ့မြင်တယ်။ ‌နောက်ပြီး အခြားပါတီကြီး‌တွေနဲ့ယှဉ်ရင် နိုင်ငံ‌ရေးအ‌တွေ့ အကြုံပိုင်းနဲ့ စည်းရုံး‌ရေးပိုင်းမှာ အားနည်းတာ‌ကြောင့်လည်း ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁ဝခုနှစ်များတွင် တိုင်းရင်းသားပါတီမှ အနိုင်ရသူများရှိပြီး ၎င်းတို့၏လုပ်ငန်း အ‌ကောင်အထည်‌ဖော်မှုပိုင်းများနှင့် လူမှုအသို်င်းအဝိုင်းများတွင် ပါဝင်ပူး‌ပေါင်းလုပ်‌ဆောင်မှုများ၊ လူမှုအသို်င်းအဝိုင်း၏ အ‌ရေးကိစ္စရပ်များအား တင်ပြ‌ဆွေး‌နွေးနိုင်မှု မှာ အားနည်းမှုများ‌ကြောင့်လည်း ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု မန်းသိန်း‌ဇော်က ဖြည့်စွက်‌ပြောဆိုသည်။

ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ၏ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း နန်း‌စေအွာက “ကျမတို့ ကရင့်အ‌ရေး ဒီလွှတ် ‌တော်မှာ တင်ပြခွင့်မရ‌ပေမဲ့ ကရင့်အ‌ရေးကို နိုင်သ‌လောက် ဆက်ပြီး‌တော့ ကြိုးစား‌နေမှာပါ။ ကျမတို့ ရှုံးခြင်းနိုင်ခြင်းက ကျမတို့ ကြိုးစားအားထုတ်မှုလည်းလိုသလို ကျမတို့ ‌ဒေသခံ ကရင်တိုင်းရင်းသား‌တွေလည်း လိုပါလိမ့်မယ်။”ဟု ‌ပြောဆိုသည်။

ကရင်ပြည်နယ်အတွင်း နိုင်ငံ‌ရေးပါတီ ၁၈ပါတီ ဝင်‌ရောက်ယှဉ်ပြိုင်ရာတွင် မွန်၊ ကရင်၊ ပအိုဝ်းတို်င်းရင်းသားပါတီ ၁ဝပါတီများ ပါဝင်ခဲ့ကြ‌သော်လည်း လက်ရှိ မြို့နယ်‌ကော်မရှင်များ၏ ထုတ်ပြန်ချက်များအရ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD က အများ ဆုံး အနိုင်ရရှိထားသည်။

ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ယက်-KSCN မှ ‌စော‌ကျော်စွာက “ကရင်ပြည်နယ်အတွင်းမှာ ကရင်ပါတီ‌တွေ ရှုံးနိမ့်ရတာက ပါတီရဲ့မူဝါဒကို ရှင်းလင်ပြတ်သားစွာ ချမှတ်နိုင်ခြင်းမရှိဘူး။ ကရင်အမျိုးသားအတွက် မားမားမတ်မတ် ရပ်တည် နိုင်မှု မရှိဘူး။ ‌နောက်ပြီး ပါတီရန်ပုံ‌ငွေနည်း‌တော့ စည်းရုံး‌ရေးကို အကွက်စိပ်စိပ် မဆင်းနိုင်တာလည်း ပါတယ်။ ၅နှစ်တာ ကာလ မှာလည်း စည်းရုံး‌ရေးလုပ်ငန်းမလုပ်နိုင်တာ။ ဒါ‌ကြောင့် ရှုံးနိမ့်တာ ဖြစ်တယ်”ဟု သုံးသပ်သည်။

ဖားအံမြို့နယ်ထဲရှိ လှာကာ‌ကျေးရွာသူ မဲဆန္ဒရှင် ‌ဒေါ်‌ငွေမြင့်က “ကျမတို့ ကိုယ့်တိုင်းရင်းသားပါတီထက် တခြားပါတီ‌တွေကို မဲ ထည့်ရတာက ကျမတို့‌ဒေသမှာ အစိုးရကို သူတို့နိုင်မှာမဟုတ်ဘူးဆိုတာ သိတယ်‌လေ။ ဒါ‌ကြောင့် NLD ကို မဲထည့်လိုက်တယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကျမတို့သိမ်းထားတဲ့လယ်‌မြေ‌တွေကို သူတို့ ပြန်လုပ်‌ပေးနိုင်မယ်ထင်လို့ပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နိုဝင်ဘာလ ၁ဝရက်‌နေ့အထိ ကရင်ပြည်နယ် မြို့နယ်‌ကော်မရှင်အသီးသီး၏ ‌ကြေငြာချက်များအရ ‌ကော့ကရိတ်၊ မြဝတီ၊ ဖားအံ မြို့နယ်များတွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် – NLD က မဲအပြတ်အသတ် အနိုင်ရရှိထားပြီး ကြာအင်းဆိပ်ကြီးမြို့နယ်၌ ပြည် နယ်လွှတ်‌တော်မှလွဲ၍ ကျန်လွှတ်‌တော်အသီးသီးတွင် NLD က အနိုင်ရရှိထားသည်။

“ကျမအ‌နေနဲ့ ဘယ်ပါတီပဲဖြစ်ဖြစ် အနိုင်ရသွားရင် ကျမတို့တိုင်းရင်းသား‌တွေ၊ ကျမတို့ပြည်နယ်သူ ပြည်နယ်သား‌တွေအတွက် လည်း လုပ်‌ပေး‌စေချင်တာ‌ပေါ့။ ဘာဖြစ်လဲဆို‌တော့ ကျမတို့ တိုင်းရင်းသားအခွင့်အ‌ရေး‌တွေ ဆုံးရှုံးခဲ့တာ ကြာပြီးဆို‌တော့‌လေ” ဟု ကရင်ဒီမိုကရက်တစ်ပါတီ၏ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်‌လောင်း ‌နော်လားခူက သူမဆန္ဒကို ‌ပြောသည်။

သို့‌သော် အနိုင်ရပါတီဖြစ်သည့် NLD ၏ ဖားအံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်‌လောင်း ‌စောမိုးမြင့်က ပြည်နယ်အ‌ခြေစိုက် တိုင်းရင်းသားပါတီများမှာ ၎င်းတို့၏ ပါတီမူဝါဒ အားနည်းမှု‌ကြောင့်မဟုတ်ဘဲ စည်းရုံး‌ရေး ကျယ်ကျယ်ပြန့်ပြန့်လုပ်‌ဆောင်နိုင်ရန် ဘဏ္ဍာ‌ရေးအခက်အခဲရှိခြင်း၊ ပါတီဝင်အင်အားနည်းပါးခြင်းနှင့် ‌နေရာကျယ်ပြန့်မှုအ‌ပေါ် စုစည်းရန်ခက်ခဲခြင်းများ‌ကြောင့်ဖြစ်‌ကြောင်း ‌ပြောဆိုခဲ့သည်။

ကရင်ပြည်နယ်တွင် နိုင်ငံ‌ရေးပါတီ‌ပေါင်း ၁၈ပါတီ ‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်သည့်အနက် ၁ဝပါတီမှာ ကရင်ပါတီ ၅ပါတီ နှင့် မွန်၊ ပအိုဝ်း၊ ကယန်းတိုင်းရင်းသားပါတီများဖြစ်ပြီး လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း စုစု‌ပေါင်း ၁၀၈ဦး ဝင်‌ရောက်အ‌ရွေးခံခဲ့ သည်။