Home သတင်း ‌ရွေး‌ကောက်ပွဲတွင် ပြဿနာ တစုံတရာ ဖြစ်နိုင်‌ခြေမရှိ‌ကြောင်း မြဝတီခရိုင်ရဲမှူး‌ပြော

‌ရွေး‌ကောက်ပွဲတွင် ပြဿနာ တစုံတရာ ဖြစ်နိုင်‌ခြေမရှိ‌ကြောင်း မြဝတီခရိုင်ရဲမှူး‌ပြော

1719

‌အောက်တိုဘာ ၁ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ယခုနှစ် နိုဝင်ဘာလ ၈ရက်‌နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံ၏ ‌ရွေး‌ကောက်ပွဲကို အ‌ကြောင်းပြုပြီး ပြဿနာ တစုံတရာ ဖြစ်နိုင်‌ခြေ မရှိ‌ကြောင်း မြဝတီခရိုင်ရဲမှူး ဦးမိုးညိုက ယ‌နေ့ မြဝတီမြို့၌ ကျင်းပသည့် ၅၁နှစ်‌မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့‌နေ့တွင် သတင်း ‌ထောက်များကို ‌ပြောကြားလိုက်သည်။

“ကျ‌နော်တို့က ဇန်နဝါရီလကတည်းက ပါတီအဖွဲ့‌ရော၊ မဲရုံအဖွဲ့‌ရော၊ ဆက်စပ်ညှိနှိုင်း‌ရေးအဖွဲ့‌တွေ‌ရော၊ ‌ရေးရွာလူထု၊ ‌ဒေသခံ၊ ငြိမ်းချမ်း‌ရေးအဖွဲ့‌တွေ အပါအဝင်‌ပေါ့။ အမြဲတမ်း ထိ‌တွေ့ပြီး‌တော့မှ ဆက်ဆံ‌နေတဲ့အခါကျ‌တော့ မြဝတီခရိုင်အ‌နေနဲ့က‌တော့ ဘာ မှပြဿနာမရှိပါဘူး။”ဟု ရဲမှူးဦးမိုးညိုက ‌ပြောသည်။

ထို့အပြင် ‌ရွေး‌ကောက်ပွဲကာလအတွင်း ပြဿနာတစုံတရာမဖြစ်‌အောင် မြဝတီရဲတပ်ဖွဲ့၊ ဋ္ဌာနဆိုင်ရာများ၊ နိုင်ငံ‌ရေးပါတီ၊ မဲ‌ကော်မ ရှင်၊ မဲရုံမှူးများနှင့် ငြိမ်းချမ်း‌ရေးအဖွဲ့အစည်းတို့ ပူး‌ပေါင်း၍ အလုပ်ရုံ‌ဆွေး‌နွေးပွဲများ လုပ်‌ဆောင်မှုများရှိသည်ဟု ၎င်းက ဆက်‌ပြော သည်။

ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီမှ မြဝတီမြို့နယ်၏ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်‌လောင်း နန်းဖြူဖြူဝင်းက “ဖြစ်ဖို့‌တော့ မရှိ ဘူးလို့ ကျမအ‌နေနဲ့ ထင်တာပဲ။ ‌တွေ့လည်း မ‌တွေ့ရ‌သေးပါဘူး။ ဒါ‌ပေမယ့် စိုးရိမ်တာက ခန့်မှန်း‌ခြေ‌ပေါ့‌နော်။ ၂၀၁ဝတုန်းက မှန် မှန်ကန်ကန် မလုပ်ရင်‌တော့ ဒါက‌တော့ ဖြစ်အုံးမှာပဲ။ မှန်မှန်ကန်ကန်လုပ်ရင်‌တော့ ဖြစ်ဖို့‌တော့ မရှိဘူး‌ပေါ့။ ဒါက‌တော့ မဖြစ်နဲ့လို့ လည်း တားလို့မရဘူး‌လေ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
DSC02426
မြဝတီခရိုင် အုပ်ချုပ်‌ရေးမှူး၊ မြဝတီ ခရိုင်ရဲတပ်ဖွဲ့၊ တပ်ဘက်ဆိုင်ရာ အရာရှိများ၊ ဋ္ဌာနဆိုင်ရာများ၊ လူမှုကယ်ဆယ်‌ရေးအဖွဲ့များ တက်‌ရောက်သည့် ၅၁နှစ်‌မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့‌နေ့ အခမ်းအနားတွင် မြဝတီခရိုင် အုပ်ချုပ်‌ရေးမှူးမှ အဖွင့်မိန့်ခွန်း‌ပြောကြား ခြင်း၊ မြန်မာနိုင်ငံရဲချုပ်၏ သဝဏ်လွှာကို ဖတ်ကြားခြင်းနှင့် ဂုဏ်ပြုလွှာများ‌ပေးအပ်ခြင်း အပိုင်း ၂ပိုင်းခွဲ၍ ကျင်းပခဲ့သည်။

ယခုလာမည့် ‌ရွေး‌ကောက်ပွဲကို မြဝတီမြို့တွင် နိုင်ငံ‌ရေးပါတီ ၉ပါတီအပြင် တသီးပုဂ္ဂလအဖြစ် ဝင်‌ရောက်အ‌ရွေးခံမည့် ကိုယ်စား လှယ်‌လောင်းများ အပါအဝင် ပြည်သူ့လွှတ်‌တော်၊ ပြည်နယ်လွှတ်‌တော်၊ အမျိုးသားလွှတ်‌တော်၊ ပြည်နယ်လွှတ်‌တော် (ဗမာ၊ မွန်၊ ပအိုဝ်း တိုင်းရင်းသား)များက အ‌ရွေးခံကြမည်ဖြစ်သည်။

မြဝတီမြို့နယ်ရှိ မဲရုံ‌ပေါင်း ၄၉ရုံ လုံခြုံ‌ရေးအတွက် အထူးရဲ (၄၉)ဦးအား တာဝန်‌ပေးရန် သင်တန်းပို့ချမှုများ လုပ်‌ဆောင်လျှက်ရှိ သည်ဟု မြဝတီခရိုင်ရဲတပ်ဖွဲ့၏ ‌ပြောပြချက်အရ သိရသည်။