Home ဆောင်းပါး မတရားတဲ့ မမှန်ကန်တဲ့ ဘက်လိုက်တဲ့ ကိစ္စ‌တွေနဲ့ ၂၀၁၅ ‌ရွေး‌ကောက်ပွဲ

မတရားတဲ့ မမှန်ကန်တဲ့ ဘက်လိုက်တဲ့ ကိစ္စ‌တွေနဲ့ ၂၀၁၅ ‌ရွေး‌ကောက်ပွဲ

2226

(‌မောင်‌ကျော်စွာ)

၂၀၁၅ခုနှစ်၊ ဇူလိုင်လ ၉ရက်

ယခုအခါ လွှတ်‌တော်တွင်း အတိုက်အခံများ၏ “၂၀၀၈ အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေး” တစ်ခန်းရပ်သွားပြီး ဖြစ်သဖြင့် ၂၀၁၅ ‌ရွေး ‌ကောက်ပွဲသို့ ဦးတည်ကာ တစ်အိမ်တက်ဆင်း အ‌ခြေခံမဲစာရင်း လိုက်လံစစ်‌ဆေး‌နေကြသည်။ လှုံ့‌ဆော်ပညာ‌ပေး‌နေကြပြန် သည်။ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ၂၀၁၅ ‌ရွေး‌ကောက်ပွဲကို နိုဝင်ဘာလ ၈ရက်‌နေ့တွင် ကျင်းပ‌ပေးမည်ဟု ထုတ်ပြန်‌ကြေညာ လိုက်ပြီလည်း ဖြစ်သည်။

၁၉၈၈ ဒီမိုက‌ရေစီအ‌ရေး‌တော်ပုံကြီး ဖြစ်ပွားခဲ့ပြီး ‌နောက်ပိုင်းတွင်ကျင်းပခဲ့‌သော ‌ရွေး‌ကောက်ပွဲများသည် အစိုးရနှင့် ‌ကော်မရှင် တို့၏ ညစ်ပတ်မှုများ‌ကြောင့် မြင်မ‌ကောင်း ရှုမ‌ကောင်း ပုပ်ပွနံ‌စော်‌နေပါသည်။

၁၉၉ဝ ‌ရွေး‌ကောက်ပွဲ

“၁၉၉၀‌ရွေး‌ကောက်ပွဲ”သည် ပြည်သူက တခဲနက် မဲ‌ပေး‌ရွေးချယ်‌သော ‌ရွေး‌ကောက်ပွဲအနိုင်ရပါတီ(NLD)အား ထိုစဉ်က အုပ်စိုး ‌နေ‌သော(နဝတ)စစ်အစိုးရက အာဏာလွှဲ‌ပြောင်းမ‌ပေးသည့် ‌ရွေး‌ကောက်ပွဲဖြစ်သည်။ ‌ရွေးချယ်ခံလွှတ်‌တော်ကိုယ်စားလှယ်များ ‌ထောင်ချခံကြရသည့်/ ပြည်ပသို့ ထွက်‌ပြေးကြရသည့် ‌ရွေး‌ကောက်ပွဲဟု ‌ပြောလျှင်လည်း ရနိုင်ပါသည်။
ဤလုပ်ရပ်သည် (နဝတ) စစ်အစိုးရ ‌ဗြောင်အကျဆုံးညစ်ပတ်မှုနှင့် အနိုင်ကျင့်မှုဖြစ်ပါသည်။

၂၀၁ဝ ‌ရွေး‌ကောက်ပွဲ

“၂၀၁၀‌ရွေး‌ကောက်ပွဲ”သည် “ကြိုတင်မဲ”ဆိုသည့် အပုပ်နံ့‌တွေ တ‌ထောင်း‌ထောင်းထခဲ့သည့် ‌ရွေး‌ကောက်ပွဲဖြစ်ပါသည်။ ပါတီစုံ ဒီမိုက‌ရေစီအ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲဟုပင် ‌ပြော၍မရ၊ အဓိက အတိုက်အခံများပါတီများ ဝင်‌ရောက်ယှဉ်ပြိုင်ခြင်းမရှိ။ လူမှု‌ရေးအ သင်း အ‌ရေခြုံထားရာမှ နိုင်ငံ‌ရေးပါတီအဖြစ် အ‌ရေခွံ‌ပြောင်းခြုံ‌သော ကြံ့ဖွံ့ပါတီအား ‌ရွေးချယ်ခံပါတီအဖြစ် ဗန်းတင်‌ပေးသည့်ပွဲ သာဖြစ်သည်။ (နအဖ)စစ်အစိုးရ ဗိုလ်ချုပ်ကြီးများ စစ်ယူနီ‌ဖောင်းချွတ်၍ လူဝတ်လဲကြသည့် ပွဲလမ်းသဘင်ဟု ဆိုလျှင်ရပါသည်။

၂၀၁၂ ‌ရွေး‌ကောက်ပွဲ

“၂၀၁၂ ‌ရွေး‌ကောက်ပွဲ”မှာ (၁၉၉၀/၂၀၁၀) ‌ရွေး‌ကောက်ပွဲတို့နှင့်မတူ၊ ကြားဖြတ်‌ရွေး‌ကောက်ပွဲဖြစ်သည်။ လစ်လပ်သွား‌သော မဲဆန္ဒနယ်အချို့အတွက် ပြုလုပ်‌ပေးခြင်းဖြစ်သည်။ ထို့အပြင် အဓိကကျ‌သော အချက်တစ်ခုမှာ အတိုက်အခံပါတီအား လွှတ် ‌တော်ထဲဆွဲသွင်းပြီး ထိန်းချုပ်ထားနိုင်‌ရေးဆိုသည့် အာဏာရကြံ့ဖွံ့အစိုးရ၏ အကြံအစည်ပင်ဖြစ်သည်။ ကြံ့ဖွံ့အစိုးရ ‌ထောင်ထား သည့်အကွက်ထဲ အတိုက်အခံပါတီက တန်းတန်းမတ်မတ်ဝင်သွားခဲ့သည့် ‌ရွေး‌ကောက်ပွဲလည်းဖြစ်သည်။ ထိုကြားဖြတ်‌ရွေး ‌ကောက်ပွဲ၌ “ဖ‌ရောင်းသုတ်သည်” ဟူ‌သော အပုပ်နံ့စူးစူးရှရှ ထွက်လာခဲ့‌သေးသည် မဟုတ်ပါသ‌လော။

သို့ပါ၍ ချုပ်၍‌ပြောရလျှင် ကျင်းပ‌ပေးခဲ့ပြီး‌သော ပြည်သူတို့ကြုံ‌တွေ့ခဲ့ရ‌သော ‌ရွေး‌ကောက်ပွဲများသည် မသမာမှု၊ ညစ်ပတ်မှု၊ အနိုင် ကျင့်မှု၊ အ‌ကောက်ကြံမှုတို့ဖြင့် ပြည့်နှက်‌နေ‌သော ‌ရွေး‌ကောက်ပွဲများပင် ဖြစ်‌နေပါသည်။ ထို့အပြင် ထိုမသမာမှု၊ ညစ်ပတ်မှု၊ အနိုင်ကျင့်မှု၊ အ‌ကောက်ကြံမှုများကို ပြုလုပ်သူများမှာ အခြားမဟုတ် အာဏာရအစိုးရနှင့် သူတို့စိတ်ကြိုက် ခန့်အပ်ထား‌သော ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သာ ဖြစ်သည်ဆို‌သောအချက်ကို ‌လေး‌လေးနက်နက် သတိမူကြရန် လိုအပ်ပါသည်။

ယခုလည်း ၂၀၁၅ ‌ရွေး‌ကောက်ပွဲကို နိုဝင်ဘာလ ၈ရက်‌နေ့တွင် ကျင်းပမည် ဆိုပါသည်။
အထက်တွင် ‌ရေးသားတင်ပြခဲ့သလို ပြည်သူများသည် “ခဲ”အကြိမ်ကြိမ် မှန်ခဲ့ဖူး‌သော စာသူငယ်ကဲ့သို့ ‌ရွေး‌ကောက်ပွဲဆိုသည့် “‌လောက်စာလုံး”သံကြားတိုင်း ကြုံခဲ့ဖူးသည့် မသမာမှု၊ ညစ်ပတ်မှု၊ အနိုင်ကျင့်မှု၊ အ‌ကောက်ကြံမှုများကို ‌ပြေး၍ သတိရ‌နေကြပါ သည်။ ခါးသီးနာကျင်ဖွယ်ရာ ဒဏ်ရာ‌ဟောင်းများ၊ အမာရွတ်များကို စမ်းသပ်ကြည့်မိလာကြပါသည်။ သို့ပါ၍ လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် မည်ကဲ့သို့‌သော ဉာဏ်နီဉာဏ်နက်၊ ဉာဏ်ပြာဉာဏ်ဝါ‌တွေ သုံးပြီး ညစ်‌ပေါက်ကပ်ကျယ် လုပ်လာဦးမည် နည်း။

“စကတည်းက – ယဉ်သကို” ဟု ဆိုရ‌ပေ‌တော့မည်။ အ‌ခြေခံမဲစာရင်း မှားယွင်းမှုသည် တနိုင်ငံလုံးအနှံ့ ရုပ်ပျက်ဆင်းပျက်ဖြစ်ပွား ‌နေသည်။ ထိုသို့ အ‌ခြေခံမဲစာရင်း မှားယွင်းမှုသည် ‌သွေးရိုးသားရိုး၊ မ‌တော်တဆ မှားယွင်းမှုမဟုတ်၊ တမင်လုပ်ကြံ ဖန်တီးချက် ဖြစ်သည်ဟုလည်း လူတိုင်းက ရှင်းလင်းကြည်လင်စွာ သိမြင်သ‌ဘော‌ပေါက်‌နေကြပါသည်။

‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဆိုသည်မှာ အကြင်‌ရွေး‌ကောက်ပွဲတစ်ခုကို စ လယ် ဆုံး လွတ်လပ်စွာ၊ တရားမျှတစွာ၊ သမာသမတ် ကျစွာ၊ သန့်ရှင်းစွာ ကျင်းပ‌ပေးရမည့် တာဝန်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ လွတ်လပ်မှု၊ တရားမျှတမှု၊ သမာသမတ်ကျ မှု၊ သန့်ရှင်းမှု စသည့်အချက်များသည် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်တစ်ခု၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို ‌ဖော်ပြ‌နေသည့် ပြဒါး ချိန်လည်းဖြစ်ပါသည်။ တန်ဖိုးလည်း ဖြစ်ပါသည်။ မိမိဂုဏ်သိက္ခာ၊ မိမိတာဝန်ယူ‌နေသည့် ‌ကော်မရှင်၏ ဂုဏ်သိက္ခာနှင့် အဆင့် အတန်းကို ‌ဖြောင့်မတ်မှန်ကန်စွာ တန်ဖိုးထားသူ/တာဝန်ယူသူနိုင်ဖြစ်ပါက “အ‌ခြေခံမဲစာရင်း” မှားယွင်းမှုနှင့်ပတ်သက်ပြီး မိမိ၏ တာဝန်ယူမှု/တာဝန်ခံမှုကို လူပုံအလယ်၌ ‌ဖော်ထုတ်ပြသဝံ့ရ‌ပေလိမ့်မည်။

လက်ရှိ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဥက္ကဋ္ဌကြီးသည် (နအဖ) စစ်အစိုးရလက်ထက် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး ဖြစ်ခဲ့ သည်။ ၂၀၁၀‌ရွေး‌ကောက်ပွဲတွင် ကြံ့ဖွံ့ပါတီမှ ဝင်‌ရောက်‌ရွေးချယ်ခံခဲ့ရသူ လွှတ်‌တော်အမတ်တစ်ဦးလည်း ဖြစ်ခဲ့သည်။ ထိုသို့ ‌သော ပုဂ္ဂိုလ်အား သမ္မတဦးသိန်းစိန်ကြံ့ဖွံ့အစိုးရနှင့် လွှတ်‌တော်က ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဥက္ကဋ္ဌအဖြစ် အတည် ပြု ခန့်အပ်ထားပါသည်။

ထိုထို‌သော အတိတ်‌နောက်‌ကြောင်း ပတ်သက်ဆက်နွယ်မှုများအရ မဲဆန္ဒရှင်ပြည်သူများက ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဥက္ကဋ္ဌနှင့် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အ‌ပေါ် ခါကာဘိုရဇီ‌တောင်ထွတ်ထက် မြင့်‌သော မယုံကြည်မှုနှင့် သံသယ‌တွေ ထုနှင့်ထည်နှင့် ရှိ‌နေကြ ပါသည်။ ယခုအခါ ထိုမယုံကြည်မှုနှင့် သံသယ‌တောင်ထွတ်‌ပေါ်သို့ “အ‌ခြေခံမဲစာရင်း” တမင်မှားယွင်းမှုမိုးကြီး ရွာချလာ‌နေပြန်သ ဖြင့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲအ‌ပေါ် မဲဆန္ဒရှင်ပြည်သူများက (ယ)ယပက်လက်နှင့်လည်း မယုံသလို (ရ)ရ‌ကောက်နှင့်လည်း မယုံ ကြည်နိုင်‌တော့ပါ‌ကြောင်း ဖွင့်ဟ‌ပြောဆို‌နေကြပါသည်။ မဲဆန္ဒရှင်ပြည်သူတို့၏ အစိုးရနှင့် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အ‌ပေါ် မယုံ ကြည်မှုမှာ အချက်အလက်မဲ့ မဟုတ်။ ခါးသီး‌သော အတိတ်သမိုင်း‌ကြောင်း၊ လက်‌တွေ့ရင်ဆိုင်ဖြတ်သန်းခဲ့ရ‌သော အချက်အ လက်များ စသည့် အ‌တွေ့အကြုံများအ‌ပေါ်မှ ခိုင်ခိုင်မာမာ‌ပေါ်ထွက်လာ‌သော မယုံကြည်မှုဖြစ်ပါသည်။ “ဒီအစိုးရကို မယုံဘူး”လို့ ဆရာဦးဝင်းတင်ကလည်း ‌ပြောခဲ့သည် မဟုတ်ပါလား။

ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်က ဇွန်လ ၂၅ရက်‌နေ့ သတင်းစာရှင်းလင်းပွဲ၌ “မတရားတဲ့ကိစ္စ‌တွေ၊ မမှန်ကန် တဲ့ကိစ္စ‌တွေ၊ ဘက်လိုက်တဲ့ကိစ္စ‌တွေ ပ‌ပျောက်သွား‌ရေးကို အားလုံး ဝိုင်းလုပ်ရပါမယ်”လို့ ‌ပြောပါသည်။ တိုက်တွန်းပါသည်။

၂၀၀၈ အ‌ခြေခံဥပ‌ဒေသည် မတရားသည့်ဥပ‌ဒေ ဖြစ်ပါသည်။ အ‌ခြေခံမဲစာရင်း‌တွေက နိုင်ငံနှင့်အဝှမ်း မှားယွင်း‌နေ‌သော မမှန် ကန်သည့်ကိစ္စဖြစ်ပါသည်။ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဥက္ကဋ္ဌကြီးမှာ စစ်ဗိုလ်‌ဟောင်း၊ ကြံ့ဖွံ့ပါတီထိပ်သီး‌ဟောင်းဖြစ်ပါသည်။ ထို့အ ပြင် ထိုပုဂ္ဂိုလ်ကြီးသည် ကြံ့ဖွံ့ပါတီနှင့် ကင်းရှင်းပြတ်စဲ‌ကြောင်း/ နှုတ်ထွက်ထားပြီးဖြစ်‌ကြောင်း စသဖြင့် ထုတ်ပြန်‌ကြေညာသည် ဟုလည်း ‌ကောလဟာလမျှပင် တခါမျှ မကြားခဲ့ဖူးပါ။

ဤသို့ဆိုလျှင် မတရားတဲ့ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”၊ မမှန်ကန်တဲ့ “မဲစာရင်း‌တွေ”၊ ဘက်လိုက်တဲ့ “‌ရွေး‌ကောက်ပွဲ‌ကော်မရှင်”တို့ လက်‌အောက်၌ နိုဝင်ဘာလ ၈ရက်‌နေ့၌ ကျင်းပ‌ပေးမည်ဆို‌သော ၂၀၁၅ ‌ရွေး‌ကောက်ပွဲသည် “လွတ်လပ် တရားမျှတ၍ သန့်ရှင်း ‌သော ‌ရွေး‌ကောက်ပွဲ” မည်သို့‌သောနည်းလမ်းဖြင့် ဖြစ်‌မြောက်လာနိုင်ပါအံ့နည်း။

မတရားတဲ့ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”၊ မမှန်ကန်တဲ့ “မဲစာရင်း‌တွေ”၊ ဘက်လိုက်တဲ့ “‌ရွေး‌ကောက်ပွဲ‌ကော်မရှင်”တို့ ပ‌ပျောက်သွားဖို့ ဆိုလျှင် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပါဝင် လုပ်‌ဆောင်ကြရပါလိမ့်မည်။

မည်သို့ ဝိုင်းဝန်းလုပ်ကြမည်နည်း။ ဆရာဦးဝင်းတင် မှာကြားခဲ့‌သော “ကုန်းမခံဘဲ-ရုန်းကန်ကြ”ဆိုသည့် လူထုတိုက်ပွဲနည်းလမ်း ဖြင့်သာ လုပ်‌ဆောင်ကြရလိမ့်မည်ဟု အ‌လေးအနက် ယုံကြည်ယူဆပါ‌ကြောင်း ‌ရေးသား တင်ပြ တိုက်တွန်းအပ်ပါသည်။