Home ထိပ်တန်းသတင်း တိုင်းရင်းသား အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ NCA စာချုပ်မူကြမ်းကို ရန်ကုန်၌ တရားဝင်‌ဆွေး‌နွေးမည်

တိုင်းရင်းသား အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ NCA စာချုပ်မူကြမ်းကို ရန်ကုန်၌ တရားဝင်‌ဆွေး‌နွေးမည်

1548

ဇူလိုင် ၁၆ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

အစိုးရအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ (EAO’s Senior Delegation) တို့သည် အပစ်ရပ်စာ ချုပ်မူကြမ်း(NCA)ကိစ္စကို တရားဝင် ‌ဆွေး‌နွေးရန် လာမည့် ဇူလိုင်လ ၂၂ရက်‌နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ရန် သ‌ဘောတူညီခဲ့ကြသည်။

ပဒို‌နော်စီဖိုးရာစိန် ဦး‌ဆောင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် ဦးလှ‌မောင်‌ရွှေ ဦး‌ဆောင် သည့် မြန်မာငြိမ်းချမ်း‌ရေးစင်တာ(MPC)တို့ ယမန်‌နေ့ ဇူလိုင်လ ၁၅ရက်‌နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အကြိုညှိနှိုင်း‌ဆွေး‌နွေးပွဲ ပြုလုပ်ခဲ့ကြရာ၌ ယင်းသို့ သ‌ဘောတူညီခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့‌ခေါင်း‌ဆောင် ပဒို‌နော်စီဖိုးရာစိန်က “NCA(အပစ်ရပ်စာချုပ်) အထူးသဖြင့် ‌လော်ဟီး လာမှာ ဆုံးဖြတ်ခဲ့တဲ့အချက်‌တွေကို ‌ဆွေး‌နွေးဖို့အတွက် ဒီလ ၂၂ရက်‌နေ့မှာ ရန်ကုန်မှာ ‌တွေ့ဆုံဖို့ကို ရက်အတိအကျ သ‌ဘောတူ သတ်မှတ်နိုင်ခဲ့တယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်း‌ဆွေး‌နွေးပွဲတွင် အပစ်ရပ်စာချုပ် မူကြမ်းကို အပြီးသတ်နိုင်ရန် ‌မျှော်လင့်ထား‌သော်လည်း အပြီးသတ်နိုင်‌ရေး၊ မနိုင်‌ရေးသည် နှစ်ဘက်‌သော ‌ခေါင်း‌ဆောင်များ၏ ‌ဆွေး‌နွေးမှုအ‌ပေါ်တွင် အ‌ခြေခံ‌ကြောင်း ပဒို‌နော်စီဖိုးရာစိန်က ဆက်‌ပြောသည်။

ဇူလိုင်လ ၃ရက်နှင့် ၄ရက်‌နေ့က ဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်သည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု လုပ်ငန်း‌ကော်မ တီ(UPWC)နှင့် ပဒို‌နော်စီဖိုးရာစိန် ဦး‌ဆောင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အကြို‌ဆွေး‌နွေးပွဲ ပြုလုပ်ခဲ့ပြီး‌နောက် ယခုလို MPC အဖွဲ့နှင့် ထပ်မံ ‌တွေ့ဆုံညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

MPC အဖွဲ့‌ခေါင်း‌ဆောင် ဦးလှ‌မောင်‌ရွှေက “လာမယ့်‌ဆွေး‌နွေးပွဲမှာ ကျ‌နော်တို့အစိုးရက‌တော့ အချက်အားလုံး နီးပါး‌လောက်ကို ညှိနှိုင်းဖို့ ‌မျှော်လင့်ထား‌ပေါ့‌နော်။ ဒါက‌တော့ နှစ်ဖက်စလုံးက အမြန်ဆုံးညှိနှိုင်းမယ်။ အမြန်ဆုံး‌ဆွေး‌နွေးပြီး အ‌ချောသတ်နိုင်ဖို့က ‌တော့ ရည်ရွယ်ချက်က‌တော့ တူတယ်လို့ ဒါကို‌တော့ ‌ပြောလို့ရတယ်״ဟု ‌ပြောသည်။

အဆိုပါအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် MPC အဖွဲ့တို့ ယမန်‌နေ့ ‌ဆွေး‌နွေးပွဲတွင် ယခင် ‌ဆွေး‌နွေးခဲ့ကြ‌သော အ‌ကြောင်းအရာ များကို တင်ပြခြင်း၊ NCA ကိစ္စ တရားဝင် ‌ဆွေး‌နွေးရန် ရက်အတိအကျ သတ်မှတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် တိုင်းရင်းသားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အတွင်း ‌ဆွေး‌နွေးပွဲကို နက်ဖြန် ဇူလိုင်လ ၁၇ရက်‌နေ့တွင် ချင်းမိုင်မြို့၌ ဆက်လက် ပြုလုပ်သွားရန်ရှိသလို ဝန်ကြီးဦး‌အောင်မင်းဦး‌ဆောင်သည့် အစိုးရအဖွဲ့သည်လည်း အခြားတိုင်းရင်းသားအဖွဲ့အစည်း အချို့နှင့် ချင်းမိုင်မြို့၌ပင် လာ‌ရောက်‌တွေ့ဆုံရန်ရှိသည်ဟု သိရသည်။