Home သတင်း မြန်မာကုန်သွယ်‌ရေးဝန်ကြီးဋ္ဌာန၏ သင်တန်းသား ၃၂ဦး တာ့ခ်ခရိုင်ရှိ စက်ရုံအလုပ်ရုံများ‌လေ့လာ

မြန်မာကုန်သွယ်‌ရေးဝန်ကြီးဋ္ဌာန၏ သင်တန်းသား ၃၂ဦး တာ့ခ်ခရိုင်ရှိ စက်ရုံအလုပ်ရုံများ‌လေ့လာ

1673

ဇွန် ၁၃ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

မြန်မာနိုင်ငံ စီးပွား‌ရေးနှင့် ကူးသန်း‌ရောင်းဝယ်‌ရေးဝန်ကြီးဋ္ဌာနက ရန်ကုန်ုမြို့၌ ဖွင့်လှစ်‌သော Trade Training Institute (TTI)မှ သင်တန်းသူ၊ သင်တန်းသား ၃၂ဦးသည် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ စက်ရုံအလုပ်ရုံ အချို့၏ လုပ်ငန်းလည်ပတ်မှု အ‌ခြေ အ‌နေများကို ယ‌နေ့ ဇွန်လ ၁၃ရက်‌နေ့၊ မွန်းလွဲပိုင်းတွင် သွား‌ရောက်‌လေ့လာခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အာဆီယံ စီးပွား‌ရေးအသိုက်အဝန်း(AEC)ဖြစ်လာပါက စက်ရုံအလုပ်ရုံများ ‌ပေါ်‌ပေါက်လာလျှင် ရင်းနှီးမြှုပ်နှံသူ များ အခက်အခဲမရှိ‌စေရန် ရည်ရွယ်၍ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်းနှင့် မြန်မာနိုင်ငံ မြဝတီကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ ‌ဒေါ်သင်းသင်းမြတ်တို့၏ စီစဉ်မှုဖြင့် တာ့ခ်ခရိုင်ရှိ နယ်စပ်ကုန်သွယ်မှုအ‌ခြေအ‌နေ၊ စက်ရုံ၊ အလုပ်ရုံများ၏ လုပ်ငန်း လည်ပတ်မှု အ‌ခြေအ‌နေများကို သွား‌ရောက်‌လေ့လာခြင်းဖြစ်သည်။

သင်တန်း၏ အဖွဲ့‌ခေါင်း‌ဆောင် ဦး‌ကျော်‌ကျော်လွင်က “မြဝတီ ကုန်သွယ်‌ရေးဇုန်နဲ့ နယ်စပ်ကုန်သွယ်‌ရေးဇုံကို လာ‌ရောက်‌လေ့ လာတာ ဖြစ်ပါတယ်။ သင်တန်းသား‌တွေအ‌နေနဲ့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံနဲ့ အဓိကကျတဲ့ မြဝတီနယ်စပ်ကုန်သွယ်မှုမှာ ဘယ်လို ကုန်စည်ကူးသန်း‌ရောင်းဝယ်လဲ။ ကိုယ့်ဘက်ကလည်း ဘာ‌တွေ Export (တင်ပို့)ပို့လို့ရလဲ။ နှစ်နိုင်ငံက ကုန်သည်‌တွေ ‌ဆွေး‌နွေး ပြီး‌တော့ ဒီ့ထက်မက Trade(ကူးသန်း)လုပ်ဖို့ ‌လေ့လာတာဖြစ်ပါတယ်”ဟု ‌ပြောသည်။
IMG_8239
၎င်းသင်တန်းသားများသည် တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့ရှိ အထည်စက်ရုံများ လုပ်ငန်းလည်ပတ်မှု၊ အိမ်‌ဆောက်လုပ်‌ရေး ပစ္စည်း ထုတ်လုပ်မှုအ‌ခြေအ‌နေတို့အပြင် ဖုတ်ဖရမြို့နယ်ရှိ စိုက်ပျိုး‌ရေးလုပ်ငန်း အ‌ခြေအ‌နေများကိုလည်း သွား‌ရောက်‌လေ့လာခဲ့ကြ သည်။

ယခုကဲ့သို့ ‌လေ့လာမှုအ‌ပေါ် မြဝတီကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ‌ဒေါ်သင်းသင်းမြတ်က “ဒီသင်တန်းမျိုးရှိခြင်းအားဖြင့် နှစ် နိုင်ငံ မဟုတ်ဘူး။ အခြားနယ်စပ်မှာရှိတဲ့ နိုင်ငံတိုင်းနဲ့လည်း ကုန်သွယ်တဲ့‌နေရာမှာ Balance (ညီမျှ)လာမှာ‌ပေါ့။ အခုဆိုရင် ထိုင်း-မြန်မာကုန်သွယ်မှုက မြန်မာဘက်က အားနည်း‌နေတယ်။ ထိုင်းဘက်က အားသာချက်ရှိတယ်။ ဒီလိုမျိုးလုပ်တဲ့‌နေရာက ‌နေပြီး‌တော့ နှစ်ဘက်(Balance )ညီ‌အောင် အကျိုးဖြစ်လာမယ့်ဟာမျိုး‌တွေ ဖြစ်လာဖို့ များပါတယ်”ဟု ‌ပြောသည်။

မြန်မာနိုင်ငံ စီးပွား‌ရေးနှင့် ကူးသန်း‌ရောင်းဝယ်‌ရေးဝန်ကြီးဋ္ဌာနက ကုန်သွယ်မှုလုပ်‌ဆောင်ရာ၌ သိသင့်သိထိုက် ‌သော ဘဏ်မှတ ဆင့် ‌ငွေလွှဲစနစ်၊ ကုမ္ပဏီတစ်ခုနှင့်တစ်ခု ကုန်သွယ်မှုလုပ်ငန်း၊ နိုင်ငံအတွင်း ကုန်သွယ်မှုများများ ‌ပေါ်ထွန်းလာရန် ရည်ရွယ်ဖွင့် လှစ်သည့် ၎င်းသင်တန်းကို ‌လေးလကြာ သင်ကြားပို့ချ‌ပေးပြီး ယခုအဖွဲ့သည် သင်တန်းအပတ်စဉ်(၆) ဖြစ်သည်။ ယခင် သင် တန်းအပတ်စဉ်(၅)ကို သျှမ်း(ရှမ်း)ပြည်နယ်၊ မူဆယ်‌ဒေသ ကုန်သွယ်မှုအ‌ခြေအ‌နေကို သွား‌ရောက်‌လေ့လာခဲ့ပြီးဖြစ်သည်။

အဆိုပါ TTI သင်တန်းသူ သင်တန်းသားများသည် ဇွန်လ ၁၄ရက်‌နေ့တွင်လည်း မြဝတီခရိုင်ရှိ စက်ရုံအလုပ်ရုံများ၏ လုပ်ငန်း လည်ပတ်မှု အ‌ခြေအ‌နေများကို သွား‌ရောက်‌လေ့လာကြမည်ဖြစ်သည်ဟု သိရသည်။