Home သတင်း ‌ရွေး‌ကောက်ပွဲအတွက် ကိုယ်စားလှယ် တစ်ရာ‌ကျော် KPP ‌ရွေးချယ်ထား

‌ရွေး‌ကောက်ပွဲအတွက် ကိုယ်စားလှယ် တစ်ရာ‌ကျော် KPP ‌ရွေးချယ်ထား

1202

KPP ဒုတိယဥက္ကဌ ‌စော‌စေးဝါး

ဇွန် ၁၁ ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

၂၀၁၅ ခုနှစ်၊ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်ရန်အတွက် လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း ၁၀၅ ဦးကို ရန်ကုန်မြို့အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP)မှ ‌ရွေးချယ်ထားပြီးဖြစ်သည်ဟု ‌ပြော‌ရေးဆိုခွင့်ရှိသူ ပါတီဒုဥက္ကဌ ‌စော‌စေးဝါးက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

“‌ရွေး‌ကောက်ပွဲအတွက် ပါတီရဲ့ ကိုယ်စားလှယ်‌လောင်း‌တွေကို ‌ရွေးပြီးသွားပြီး ဧရာဝတီတိုင်း‌ဒေသကြီးမှာ ၅၁ဦး၊ ဧရာဝတီတိုင်းပြင်ပမှာ ၅၄ ဦး စုစု‌ပေါင်း ၁၀၅ ဦးစလုံး ဝင်မယ်။ အဲဒီထဲမှာ အမျိုးသမီး ၆ဦးပါဝင်တယ်။ ဝင်မယ့်‌နေရာနဲ့ ကိုယ်စားလှယ်‌လောင်း အမည်စာရင်း‌တွေကို‌တော့ ‌နောက်မှ ‌ကြေညာမယ်။ ဘာလို့လည်း ဆို‌တော့ တခြားပါတီ‌တွေက ကိုယ့်စာရင်းကို ကြည့်ပြီး အခွင့်အ‌ရေးယူသွားမှာစိုးလို့ပါ”ဟု ‌စော‌စေးဝါးက ‌ပြောသည်။

‌ရွေးချယ်ထားသည့် လွှတ်‌တော်ကိုယ်စားလှယ် ၁၀၅ ဦးတွင် ဧရာဝတီ၊ တနသင်္ာရီ၊ ရန်ကုန်၊ ပဲခူးတိုင်း‌ဒေသကြီး နှင့် မွန်ပြည်နယ် ကရင်‌ရေးရာဝန်ကြီး‌နေရာ ဝင်‌ရွေးမည့် ကိုယ်စားလှယ်များပါဝင်ပြီး ကရင်ပြည်နယ်မြို့နယ် အချို့၌ ဝင်‌ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များပါဝင်‌ကြောင်း ‌စော‌စေးဝါးက ဆက်‌ပြောသည်။

‌မှော်ဘီမြို့နယ်၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ်အဖြစ် KPP ကိုယ်စားပြုဝင်အ‌ရွေးခံရန်ပြင်ဆင်‌နေသူ ‌နော်ငြိမ်းငြိမ်း‌မော်က “ကျမအ‌နေနဲ့ နိုင်ငံ‌ရေးကို ဝါသနာပါတယ်။ ‌ကျောင်းပြီးထဲက နိုင်ငံ‌ရေးနဲ့ပတ်သက်တဲ့ သင်တန်း‌တွေလည်း တက်ဖြစ်တယ်။ အခု ပါတီက တာဝန်‌ပေးတာ‌ရော ကျမကလည်း ဆန္ဒရှိတဲ့အတွက် ဝင်အ‌ရွေးခံဖို့ ပြင်ဆင်ထားတယ်။ နိုင်တာ ရှုံးတာထက် အ‌တွေ့အကြုံ‌ကောင်း‌တွေရမယ်လို့ ‌မျှော်လင့်တယ်။ ကျမအ‌နေနဲ့ နိုင်ငံ‌ရေး၊ အမျိုးသား‌ရေးစိတ်အားသန်တဲ့ ကရင်လူငယ်‌တွေ များလာ‌စေချင်တယ်”ဟု ‌ပြောသည်။

KPP မှ ဧရာဝတီတိုင်း‌ဒေသကြီး၌ လွှတ်‌တော်ကိုယ်စားလှယ်အများစု ဝင်‌ရောက်ယှဉ်ပြိုင်သွားမည့်အ‌ပေါ် ပန်းတ‌နော်ကရင်လူငယ်ကွန်ရက်မှ စရဲသူရိန်က “လာမယ့် ‌ရွေး‌ကောက်ပွဲမှာ‌တော့ ဧရာဝတီတိုင်းမှာ ပါတီကြီး ‌တွေက အ‌ခြေအ‌နေပို‌ကောင်းတာ ‌တွေ့ရတယ်။ ကရင်ပါတီ‌တွေအ‌နေနဲ့က‌တော့ ကရင့်‌ရေးရာဝန်ကြီး‌နေရာကို အနိုင်ရမယ်လို့ ထင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ရန်ကုန်မြို့အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP)ကို ၂၀၁ဝ ပြည့်နှစ်၊ ‌မေလတွင် စတင်တည်‌ထောင်ခဲ့ပြီး ပါတီ အ‌နေဖြင့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် အမတ်‌နေရာ ၄၁ ‌နေရာဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာ ၆ ‌နေရာ အနိုင်ရရှိထားသည်။ လက်ရှိတွင် ပါဝင်အင်အား ၅၀၀ဝ ‌ကျော်ရှိပြီဖြစ်‌ကြောင်း ပါတီနှစ်ပတ်လည် အစီရင်ခံစာ‌ဖော်ပြချက်အရ သိရသည်။