Home ထိပ်တန်းသတင်း ဒုတိယ‌မြောက် မဲ‌ဆောက်-မြဝတီချစ်ကြည်‌ရေးတံတား စီမံကိန်းစတင်

ဒုတိယ‌မြောက် မဲ‌ဆောက်-မြဝတီချစ်ကြည်‌ရေးတံတား စီမံကိန်းစတင်

1866
ထိုင်းဘက်ခြမ်းတွင် ‌တွေ့ရသည့် ဒုတိယ‌မြောက် မဲ‌ဆောက်-မြဝတီချစ်ကြည်‌ရေးတံတားစီမံကိန်း‌နေရာ
ဇွန် ၅ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းဘတ်‌ငွေ သန်း ၃,၉၀ဝ ကုန်ကျမည့် ဒုတိယ‌မြောက် မဲ‌ဆောက်-မြဝတီချစ်ကြည်‌ရေးတံတားစီမံကိန်းကို ထိုင်းလမ်းတံတားတည်‌ဆောက်‌ရေးအဖွဲ့က ယခုလ ဇွန်ဆန်းမှစတင်ကာ ထိုင်းဘက်ခြမ်းတွင် စက်ယန္တယား များဖြင့် ‌မြေတိုင်းထွာခြင်း၊ ခြင်းကပ်တိုင်‌နေရာများ သတ်မှတ်တိုင်ထွာခြင်း၊ ‌မြေညှိခြင်းအပါအဝင် စီမံကိန်း လုပ်ငန်းများ စတင်‌နေပြီဖြစ်သည်။

အဆိုပါတံတားကို မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ မြဝတီမြို့အမှတ် (၅)ရပ်ကွက်ရှိ ‌ရေပူ‌နေရာနှင့် ထိုင်းဘက်ခြမ်း မဲ‌ဆောက်မြို့နယ် အတွင်းရှိ ဘန့်ဝမ်တခင်းရမ်းစီရင်စု အမှတ် (၇)ရပ်ကွက်တို့ကို ချိတ်ဆက်တည်‌ဆောက်မည့် နယ်ခြား‌သောင်းရင်းမြစ်ဖြတ်‌ကျော်မည့် ‌ရေလယ်တိုင်မပါသည့် ကြိုးတံတားအမျိုးအစားဖြစ်သည်။

ဒုတိယ‌မြောက် ချစ်ကြည်‌ရေးတံတား စီမံကိန်းအ‌ပေါ် ထိုင်းဘက်မှ တံတားတည်‌ဆောက်‌ရေး တာဝန်ရှိသူ တစ်ဦးက “ထိုင်းဘက်က‌တော့ လုပ်ငန်းစတင်ပြီ။ အခု‌တော့ မြင်တဲ့ အတိုင်းပဲ။ အုတ်မြစ်ချမှာက‌တော့ ‌ရှေ့လဆန်း ပိုင်းမှာ ဖြစ်တယ်။ မြန်မာနိုင်ငံက သမ္မတကိုလည်း ဖိတ်ကြားဖို့ စီစဉ်‌နေကြတယ်။ ဒီတံတားက ထိုင်းနဲ့ မြန်မာ အတွက် အာရှနဲ့ အ‌နောက်နိုင်ငံ‌တွေကို တိုက်ရိုက်ကုန်သွယ်နိုင်မဲ့ အခွင့်အလမ်း‌တွေကို ရရှိ‌စေမှာ ဖြစ်တယ်”ဟု ‌ပြောသည်။

ထို့အပြင် အဆိုပါ တံတားတည်‌ဆောက်‌ရေး တာဝန်ရှိသူက တံတားအုတ်မြင့်ချအခမ်းအနားကို လာမည့် လဆန်းပိုင်းတွင် ထိုင်းနိုင်ငံဝန်ကြိးချုပ် တက်‌ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ နိုင်ငံ‌တော်သမ္မတ တက်‌ရောက်နိုင်ရန်အတွက်လည်း ညှိနှိုင်း‌ဆောင်ရွက်မှုများပြုလုပ်‌နေသည်ဟု ဖြည့်စွက်‌ပြောဆိုသည်။

တံတားတည်‌ဆောက်မှုအတွက် ထိုင်းနိုင်ငံက အကုန်အကျခံမည်ဖြစ်ပြီး မြန်မာနှင့်ထိုင်းဖက်တွင် ခြင်းကပ်တိုင် ၁၂ တိုင်စီ ပါရှိမည့် ‌ရေလည်တိုင်မပါ‌သော ကြိုးတံတားဖြစ်ကာ တည်‌ဆောက်မှုကို ထိုင်းဖက်မှ အဓိက တာဝန်ယူတည်‌ဆောက်မည်ဖြစ်‌ကြောင်းနှင့် တည်‌ဆောက်မည့်‌နေရာ၌ လက်ရှိတံတား၏ ‌မြောက်ဘက် ၅ ကီလိုမီတာ အကွာအ‌ဝေးတွင် ရှိသည်ဟု သိရသည်။

ထိုင်းလုပ်ငန်းရှင်တစ်ဦးဖြစ်သူ နိုင်ဆူချိုင်းက “ဒီတံတားသစ် ပြီးရင်‌တော့ ထိုင်းနဲ့မြန်မာသွယ်မှုက ပိုမိုတိုးတက် လာမှာဖြစ်တယ်။ အခုအ‌နေအထားက‌တော့ ကုန်‌တွေကို ကားငယ်‌တွေနဲ့တံတား‌ပေါ်က‌နေ အလီလီသယ်‌နေရ ‌တော့ ‌နှောင့်‌နှေးမှု‌တွေနဲ့ဆို‌တော့ ထင်သ‌လောက် ခရီးက မ‌ပေါက်ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ မဲ‌ဆောက်-မြဝတီချစ်ကြည်‌ရေးတံတားသည် ထိုင်းဘတ်‌ငွေ ၇၉.၂ သန်း အကုန်အကျခံကာ ထိုင်းနိုင်ငံမှ တည်‌ဆောက်ခဲ့ပြီး ၁၉၉၇ ခုနှစ် ‌အောက်တိုဘာလ ၁၅ ရက်‌နေ့တွင် စတင်ဖွင့်လှစ်အသုံးပြုခဲ့ရာ ၂၀၀၆ ခုနှစ် ဇူလိုင် ၂၅ ရက်‌နေ့မှစ၍ တံတားကြံ့ခိုင်မှုကျဆင်းလာခဲ့ပြီး ကုန်တင်ကားကြီးများ ယခင်ကဲ့သို့ အသုံးပြုနိုင်ခြင်း မရှိ‌တော့သည်မှာ ယ‌နေ့အချိန်အထိဖြစ်‌ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်‌ရေး၏ အဓိက လမ်း‌ကြောဖြစ်သည့် မဲ‌ဆောက်-မြဝတီ လမ်း‌ကြောမှတဆင့် နှစ်နိုင်ငံကုန်သွယ်မှု တရားဝင်ပမာဏမှာ တစ်လလျှင် ထိုင်းဘတ်‌ငွေ သန်း ၃ ‌ထောင်‌ကျော်ရှိသည်ဟု ထိုင်းနိုင်ငံ ကုန်သည်ကြီးများအသင်း၏ မှတ်တမ်းများတွင် ‌ဖော်ပြထားသည်။