Home သတင်း နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို တရားမျှတ မှန်ကန်စွာ လုပ်‌ဆောင်သွားရန်လိုဟု NCCT ‌ပြောဆို

နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို တရားမျှတ မှန်ကန်စွာ လုပ်‌ဆောင်သွားရန်လိုဟု NCCT ‌ပြောဆို

1499

မတ်လ ၃၁ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ချုပ်ဆိုပြီး‌နောက် ပြုလုပ်မည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို တရားမျှတ မှန်ကန်စွာ လုပ်‌ဆောင်သွားရန် လိုသည်ဟု NCCT နှင့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး လုပ်ငန်း‌ကော်မတီ(UPWC)တို့ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ‌ရွှေလီလမ်း ရှိ မြန်မာငြိမ်းချမ်း‌ရေးစင်တာ၌ ပြုလုပ်သည့် ၇ကြိမ်‌မြောက် ‌ဆွေး‌နွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် တစ်နိုင်ငံလုံး အပစ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့(NCCT)‌ခေါင်း‌ဆောင် နိုင်ဟံသာက ယ‌နေ့ ‌ပြောဆိုလိုက်သည်။

“အ‌ရေးကြီးဆုံးလုပ်ငန်းက‌တော့ နိုင်ငံ‌ရေးအရ ‌ဆွေး‌နွေး‌ဖြေရှင်းတဲ့ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကြီးကို တရားမျှတ မှန်ကန်စွာ လုပ် ‌ဆောင်သွားဖို့ လိုပါတယ်။ ‌ရေရှည်အတူ‌နေထိုင်ရမဲ့ လူမျိုးစုံတိုင်းရင်းသားများအကြားမှာ အားလုံး သ‌ဘောတူလက်ခံနိုင်တဲ့ သ‌ဘောတူညီချက်‌တွေ ချမှတ်နိုင်ဖို့ မြင့်မြတ်တဲ့ ‌စေတနာနဲ ့ရိုးသားပွင့်လင်း မှန်ကန်စွာ ‌ဆွေး‌နွေး‌ဖြေရှင်းသွားကြဖို့ လိုပါတယ်” ဟု နိုင်ဟံသာက ‌ပြောသည်။

NCCT နှင့် UPWC တို့၏ အဆိုပါ‌ဆွေး‌နွေးပွဲကို မတ်လ ၁၇ရက်မှ ၂၂ရက်‌နေ့အထိ ပြုလုပ်ခဲ့ပြီး ‌ဆွေး‌နွေးရန် ကျန်ရှိ‌နေ‌သေးသည့် အချက်များအတွက် မတ်လ ၃ဝရက်မှ ၃၁ရက်‌နေ့အထိ ဆက်လက်ပြုလုပ်ကာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်(NCA)မူကြမ်း ကိုလည်း သ‌ဘောတူညီမှုရရှိခဲ့‌ကြောင်း နှစ်ဖက်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယခုကဲ့သို့ NCA မူကြမ်းသ‌ဘောတူခဲ့ပြီး တိုင်းရင်းသားများ‌ပြောဆိုသည့် ရင်တွင်းစကားများကို ရုပ်သံမှာ ကြားသိခဲ့ရသည့်အ တွက် ဝမ်းသာမိခဲ့ရသည်ဟု ယင်းမူကြမ်း သ‌ဘောတူ‌ကြောင်း နှစ်ဖက် ကိုယ်စားလှယ်များ လက်မှတ်ထိုးပွဲကို တက်‌ရောက်လာ သည့် သမ္မတ ဦးသိန်းစိန်က အခမ်းအနား အမှာစကားတွင် ထည့်သွင်း‌ပြောဆိုခဲ့သည်။

“ဒီသ‌ဘောတူညီချက်ဟာ NCA လက်မှတ်ထိုးနိုင်ဖို့အတွက် အဓိက တွန်းအားတစ်ချက်ဖြစ်ပါတယ်။ ဒါ‌ကြောင့် ဧပြီလအတွင်းမှာ NAC လက်မှတ်ထိုးနိုင်ဖို ့ ‌သေချာ‌ပေါက် ‌ဆောင်ရွက်သွားနိုင်ရမယ်လို့ ‌ပြောလိုပါတယ်။ လက်မှတ်ထိုးပြီးတာနဲ့ ‌ရှေ့ဆက်ပြီး‌တော့ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် လမ်းစပွင့်သွားပြီး နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို အချိန်ယူပြီး ‌ဆွေး‌နွေးကြရမှာဖြစ်တယ်”ဟု သမ္မတ ဦး သိန်းစိန်က ‌ပြောသည်။

NCA လက်မှတ်ထိုးပြီး‌နောက် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများကို ရက်‌ပေါင်း ၉ဝအတွင်း ပြုလုပ်ရန် စာချုပ်တွင်ပါရှိပြီး နိုင်ငံ‌ရေး‌ဆွေး‌နွေး ပွဲတွင် အစိုးရအဖွဲ့၊ လွှတ်‌တော်၊ တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့၊ တိုင်းရင်းသားပါတီများ စသည့် မည်သည့်အဖွဲ့ အစည်းတွင်မှ မပါဝင်သည့် တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်‌ဆွေး‌နွေးရန် အစိုးရက အဆိုပြုထားကာ ယင်းအချက်ကို လည်း နှစ်ဖက်နားလည်မှု ရရှိထားပြီးဖြစ်သည်ဟု မတ်လ ၃ဝရက်‌နေ့က မီဒီယာများနှင့်‌တွေ့ဆုံစဉ် NCCT ဘက်မှ ‌ပြောဆိုခဲ့ သည်။

‌ဆွေး‌နွေးပွဲအပြီးတွင် ‌ရေရှည်တည်တံ့ခိုင်မြဲ‌သော ငြိမ်းချမ်း‌ရေးတည်‌ဆောက်နိုင်‌ရေး နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ စတင်ကျင်းပနိုင်ရန် နှစ်ဖက်စလုံး ဆက်ကြိုးပမ်း‌ဆောင်ရွက်လျှက်ရှိ‌ကြောင်း အပါအဝင် အချက် ၅ချက်ပါ ပူးတွဲ သတင်းထုတ်ပြန်ချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ အ‌ကောင်အထည်‌ဖော်‌နေစဉ်အတွင်း ငြိမ်းချမ်း‌ရေးကို ထိခိုက်နိုင်သည့် ပစ်ခတ်တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပွား‌စေရန် ပူး‌ပေါင်း‌ဆောင်ရွက်မည်ဟု အချက် ၂ချက်ပါ သ‌ဘောထားထုတ်ပြန်ချက် တစ် ‌စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်မူကြမ်း(NCA)ရရှိရန် NCCT နှင့် UPWC တို့သည် ၂၀၁၃ခုနှစ်၊ နိုဝင်ဘာ ၄ရက်‌နေ့တွင် စတင်‌ဆွေး ‌နွေးခဲ့ပြီး တနှစ်‌ကျော်အကြာ ၇ကြိမ်‌မြောက် ‌ဆွေး‌နွေးပွဲအပြီးအတွင် မူကြမ်းကို နှစ်ဖက် သ‌ဘောတူမှုရရှိခဲ့ခြင်းဖြစ်သည်။ သို့ ‌သော် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ချုပ်ဆိုရန်အတွက် တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့များမှ ထိပ်သီး‌ခေါင်း‌ဆောင်များ ညီလာ ခံ‌ခေါ်ယူ‌ဆွေး‌နွေးပြီးမှသာ ဆုံးဖြတ်သွားမည်ဖြစ်သည်ဟု NCCT ဘက်က ‌ပြောဆိုထားသည်။