Home ထိပ်တန်းသတင်း ပြည်ပ‌ရောက်ကရင်လူငယ်များက သထုံမြို့နယ်ရှိ မူလွန်‌ကျောင်း‌ဆောက်ရန် သိန်း ၈၀‌ကျော်လှူဒါန်း

ပြည်ပ‌ရောက်ကရင်လူငယ်များက သထုံမြို့နယ်ရှိ မူလွန်‌ကျောင်း‌ဆောက်ရန် သိန်း ၈၀‌ကျော်လှူဒါန်း

1792

ဧပြီ ၂၂ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

က‌လေးများ ပညာမြှင့်မားလာ‌ရေး ရည်ရွယ်၍ မွန်ပြည်နယ်၊ သထုံမြို့နယ် ‌ကော့လှိုင်းကြီး‌ကျေးရွာတွင် ကိုယ်ထူကိုယ်ထ မူလ တန်းလွန်‌ကျောင်း ‌ဆောက်လုပ်နိုင်ရန် ပြည်တွင်းပြည်ပ‌ရောက် ကရင်လူငယ်များဖြင့် ချိတ်ဆက်ဖွဲ့စည်းထားသည့် အွန်လိုင်း ကရင်လူငယ်အဖွဲ့(OKYG)မှ ကျပ်သိန်း ၈၀‌ကျော် လှူဒါန်းလိုက်သည်။

အဆိုပါလှူဒါန်း‌ငွေကို ယခုနှစ်၊ ‌ဖေ‌ဖေါ်ဝါရီလဆန်းပိုင်းက ကျပ်သိန်း ၄ဝနှင့် ဧပြီလ ၂၁ရက်‌နေ့က ၄၁သိန်းကျပ်ကို ‌ပေးအပ်ခဲ့ပြီး နိုင်ငံခြား‌ရောက် ကရင်လူငယ်များနှင့် မြန်မာပြည်တွင်းရှိ ကရင်လူထု၏ အကူအညီများဖြင့် ယခုလို လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု OKRG စာရင်းစစ် တာဝန်ခံ ‌စောထွန်းထွန်း‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌ကော့လှိုင်းရွာက မူလတန်းအဆင့်ပဲ ‌ကျောင်းရှိတယ်။ က‌လေး‌တွေက ‌လေးတန်း‌အောင်ရင် ‌ကျောင်းဆက်တက်ဖို့ အခက်အခဲရှိ တာ ‌တွေ့ရတယ်။ ပြီးခဲ့တဲ့နှစ်က ‌ကော့လှိုင်းရွာကို ကျ‌နော်တို့အဖွဲ့ ‌ကျောင်းသုံးစာ‌ရေးကိရိယာ‌တွေ သွား‌ရောက်လှူဒါန်း‌တော့ ‌ဒေသခံ‌တွေက ‌ကျောင်း‌ဆောင်သစ်တစ်‌ဆောင် တည်‌ဆောက်‌ပေးဖို့ ‌တောင်းဆိုကြတဲ့အ‌ပေါ် ဖြစ်သင့်လို့ အခုလို ကူညီတာ ဖြစ် ပါတယ်”ဟု ‌စောထွန်းထွန်း‌အောင်က ‌ပြောသည်။

ပထမအကြိမ် အလှူ‌ငွေ‌ပေးအပ်ပြီးကတည်းက ‌ကော့လှိုင်းရွာဥက္ကဋ္ဌနှင့် ‌ကျောင်းဖြစ်‌မြောက်‌ရေး‌ကော်မတီတို့က ဦး‌ဆောင်၍ ‌ဖေ‌ဖော်ဝါရီလအတွင်း၌ပင် ‌ကျောင်းအ‌ဆောက်အဦး စတင်တည်‌ဆောက်ခဲ့ပြီး ကုန်ကျစရိတ်အဖြစ် သိန်း ၁၅၀‌ကျော် လျာထား ‌ကြောင်း၊ ‌ကျောင်းပြီး‌မြောက်‌ရေးအတွက် လိုအပ်သည့် ‌ငွေပမာဏများကို လာမည့်‌မေလတွင် တတိယအကြိမ် ထပ်မံ လှူဒါန်း သွားရန်ရှိတို့အပြင် ၂၀၁၅-၂၀၁၆ စာသင်နှစ်အတွင်း ‌ကျောင်းဖွင့်နိုင်‌ရေးအတွက်လည်း ‌ဆောင်ရွက်‌နေ‌ကြောင်း OKYG က ဆို သည်။
Kaw Line Gyi school
‌ကျောင်းဖြစ်‌မြောက်‌ရေး‌ကော်မတီဝင် ဆရာမ‌နော်နွယ်နီ‌အေးက “ကိုယ့်ရွာအင်အားနဲ့ ကျမတို့ ‌ကျောင်းတည်‌ဆောက်ဖို့ မဖြစ်နိုင် ဘူး။ အခုလိုု OKYG က‌နေ လာ‌ရောက်ကူညီ ‌ထောက်ပံ့‌ပေးတဲ့အတွက် အရမ်း‌ကျေးဇူးမိတယ်။ ဘာဖြစ်လဲဆို‌တော့ ရွာက အရမ်း လိုအပ်‌နေတဲ့အရာ ဖြစ်‌နေလို့ပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ‌ကော့လှိုင်း‌ကျေးရွာတွင် မြန်မာအစိုးရ၏ သင်ရိုးညွှန်းတမ်းကို သင်ကြား‌ပေး‌နေ‌သော မူလတန်းအဆင့် ကိုယ်ထူကိုယ်ထ စာသင်‌ကျောင်း တည်ရှိ‌နေပြီး ၂၀၁၄-၂၀၁၅စာသင်နှစ်တွင် ‌ကျောင်းသား‌ကျောင်းသူ ၂၂ဝဦးနှင့် ‌ကျောင်းဆရာ၊ ဆရာမ ၁ဝဦး ရှိ‌ကြောင်း ‌ကော့လှိုင်းရွာ ‌ကျောင်းဖြစ်‌မြောက်‌ကော်မတီက ဆိုသည်။

အိမ်‌ခြေ စုစု‌ပေါင်း ၂၀၀‌ကျော်ရှိသည့် ‌ကော့လှိုင်းကြီး‌ကျေးရွာ၏ အနီးအနားတွင် ‌ကော့လှိုင်း‌လေး၊ ကျုံမယ်၊ ကုလားကုန်း စသည့် ‌ကျေးရွာများ တည်ရှိသည်။ OKYG သည် ပညာ‌ရေးနှင့်ပတ်သက်၍ အလှူ‌ငွေများကို ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်း‌ဒေသကြီး ရှိ ကရင်‌ကျေးလက်‌ဒေသများတွင် အဓိကထား ကူညီလုပ်‌ဆောင်လျှက်ရှိသည်။

ကရင်လူငယ်မျိုးဆက်များ၏ ပညာ‌ရေးအတွက် မြန်မာနိုင်ငံရှိ အခြားတိုင်းရင်းသားလူမျိုးများနီးတူ ပညာသင်ကြားခွင့်ရ‌ရေးနှင့် နိမ့်ပါး‌နေ‌သော အချို့ကရင်လူငယ်များ၏ လူ‌နေမှုဘဝမြှင့်တင်နိုင်‌ရေး ရည်ရွယ်ချက်ဖြင့် OKYG ကို ၂၀၁၄ ခုနှစ်၊ မတ်လက ပြည်တွင်းပြည်ပ‌ရောက် ကရင်လူငယ်များဖြင့် အွန်လိုင်းမှတဆင့် ကွန်ယက်ဖွဲ့ချိတ်ဆက်ကာ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။