Home ဆောင်းပါး ပြည်တွင်းငြိမ်းချမ်း‌ရေးအတွက် ညီညွတ်‌သော ‌ခြေလှမ်းသစ်‌တွေ ချမှတ်နိုင်ပါ‌စေ

ပြည်တွင်းငြိမ်းချမ်း‌ရေးအတွက် ညီညွတ်‌သော ‌ခြေလှမ်းသစ်‌တွေ ချမှတ်နိုင်ပါ‌စေ

1435

(‌မောင်‌ကျော်စွာ)

(၂၀၁၅ခုနှစ်၊ ဧပြီလ ၁၈ရက်)

များမကြာမီ (UWSP) ဝပြည်‌သွေးစည်းညီညွတ်‌ရေးပါတီဌာနချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ စုဆုံပွဲတစ်ရပ် ကျင်းပမယ်ဆိုတဲ့ သတင်းနဲ့ဖိတ်ကြားစာရင်းကို ဖတ်ရပါတယ်။ မြန်မာနှစ်သစ်မှာ ကြိုဆိုရမယ့် ‌ခြေလှမ်းတစ်ရပ်လို့ မြင်ပါတယ်။

ဖိတ်ကြားစာရင်း၌ အဖွဲ့အစည်း စုံစုံလင်လင် ပါဝင်‌အောင် ဖိတ်ကြားထားသည်ကို ‌တွေ့ရသဖြင့် အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု အသိအမြင်၊ အ‌တွေ့အကြုံ ကျယ်ကျယ်ပြန့်ပြန့် ဖလှယ်လိုသည့် သ‌ဘောထား‌ဖော်ပြ ချက်တစ်ခုအဖြစ်လည်း ယူဆမိပါတယ်။ ထိုသို့ ‌လေ့လာကြခြင်းဖြင့် တဖွဲ့နှင့်တဖွဲ့ နားလည်မှု ပိုမိုတိုးတက်လာနိုင်ပြီး တဖွဲ့ချင်းစီ ရင်ဆိုင်ကြုံ‌တွေ့‌နေရသည့် အခွင့်အလမ်း နှင့် အခက်အခဲများကို အပြန်အလှန် သိရှိလာနိုင်ပါလိမ့်မယ်။

ထိုမှတဆင့် “ပြည်တွင်းငြိမ်းချမ်း‌ရေး” တူညီ‌သော ရည်မှန်းချက်အတွက် ညီညာ‌သော ‌ခြေလှမ်းသစ်များကို အတူတကွ ချမှတ် ‌လျှောက်လှမ်းလာနိုင်ကြပါ‌စေလို့ ထက်ထက်သန်သန် ဆန္ဒပြုအပ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ‌ရေး သမိုင်းကာလအဆင့်ဆင့်တွင် မတူကွဲပြား‌သော ရပ်တည် ချက်၊ မူ‌ပေါ်လစီကိုယ်စီဖြင့် ဖြတ်သန်းခဲ့ကြဖူးပြီး အ‌တွေ့အကြုံ စုံလင်လှတဲ့ အဖွဲ့အစည်းများ ဖြစ်ကြပါတယ်။ အုပ်စိုးသူအစိုးရ အဆက်ဆက်၏ ထိုးနှက်မှုမျိုးစုံ၊ ဖြိုခွဲမှုမျိုးစုံကို ဖြတ်သန်းရင်ဆိုင်ခဲ့ကြဖူးတဲ့ အဖွဲ့အစည်းများလည်း ဖြစ်ပါတယ်။ ပြိုကွဲမှု/ ပြန်လည် စုဖွဲ့မှု စသဖြင့် တပ်‌ပေါင်းစုမျိုးစုံကို ဖွဲ့စည်းခဲ့၊ ဖွဲ့စည်းဆဲဖြစ်ပါတယ်။

ရပ်တည်ချက်၊ မူ‌ပေါ်လစီဆိုင်ရာဘက်မှာဆိုရင်လည်း သီးခြားနိုင်ငံထူ‌ထောင်‌ရေး – ပြည်သူ့ဒီမိုက‌ရေစီ‌တော်လှန်‌ရေး – အမျိုး သားဒီမိုက‌ရေစီ‌တော်လှန်‌ရေးစသဖြင့် လမ်းစဉ်မျိုးစုံ ကိုင်စွဲခဲ့ကြဖူးပါတယ်။ အချို့ဆိုလျှင် ကူမင်တန်တရုတ်ဖြူများနဲ့ ပတ်သက်ခဲ့ ကြဖူးသလို မူးယစ်‌ဆေးဝါးနဲ့လည်း ပတ်သက်ခဲ့တဲ့ အနံ့အသက်များလည်း ရှိခဲ့ကြဖူးပါတယ်။

ယခုအခါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတိုင်းလိုလိုက သီးခြားနိုင်ငံထူ‌ထောင်‌ရေးဆိုတဲ့ လမ်းစဉ်ကို ဆက်လက်ကိုင် စွဲကြခြင်းမရှိ‌တော့ဘဲ လွတ်လပ်တန်းတူ‌သော ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စုကို တည်‌ဆောက်ကြမယ်ဆိုတဲ့ မူ‌ပေါ်လစီ အ‌ပေါ် ပြတ်သားတည်ကြည်စွာ ရပ်တည်‌နေကြတာလည်း အထင်အရှား ဖြစ်ပါတယ်။

“လွတ်လပ်တန်းတူ‌သော ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စု”ကို ဘယ်လိုတည်‌ဆောက်ကြမလဲ။
“လွတ်လပ်တန်းတူ‌သော ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စု” တည်‌ဆောက်‌ရေးကို တားဆီး‌နှောက်ယှက်‌နေတဲ့ အခက်အခဲ ‌တွေက ဘာ‌တွေလဲ။
“၂၀၀၈အ‌ခြေခံဥပ‌ဒေ” ‌ဘောင်ထဲက‌နေ “လွတ်လပ်တန်းတူ‌သော ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စု”ကို တည်‌ဆောက်နိုင်ပါ့မ လား။

ဒီ‌မေးခွန်းများအတွက် အ‌ဖြေကို လက်ရှိဖြစ်‌ပေါ်‌နေတဲ့ ဖြစ်ရပ်များကို‌လေ့လာရင်း အ‌ဖြေရှာကြည့်ကြပါစို့။

၂၀၀၈အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေး၊ တရားဥပ‌ဒေစိုးမိုး‌ရေး၊ ငြိမ်းချမ်း‌ရေးဆိုတဲ့ ဦးတည်ချက်များနဲ့ ၂၀၁၂ ကြားဖြတ်‌ရွေး‌ကောက် ပွဲမှာ ဝင်‌ရောက်ပြီး လွှတ်‌တော်ထဲဝင်သွားတဲ့ (NLD)ပါတီ ရင်ဆိုင်‌နေရတဲ့ ဖြစ်ရပ်များကိုပဲကြည့်ပါ။ အ‌ခြေခံဥပ‌ဒေ ပြင်ဆင်‌ရေး အတွက် ပုဒ်မ ၄၃၆ပြင်ဆင်‌ရေး၊ ပုဒ်မ ၅၉(စ) ပြင်ဆင်‌ပေး‌ရေး စတဲ့ကိစ္စ‌တွေဟာ ‌ရေစုန်‌မျော‌နေပြီး ပုဒ်မ ၄၃၆ ပြင်ဆင်‌ရေးအ တွက် ပြည်သူ ၅သန်းနီးပါး လက်မှတ်‌ရေးထိုးဆန္ဒပြခဲ့တာကို လွှတ်‌တော်က အသိအမှတ်မပြုခဲ့ပါဘူး။

ထို့အပြင် အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးအတွက် ‌ရှေ့ဦးလိုအပ်ချက်အဖြစ် (NLD)ပါတီက ‌တောင်းဆိုခဲ့‌သော “၄ပွင့်ဆိုင်‌တွေ့ဆုံ ‌ဆွေး‌နွေး‌ရေး” ‌တောင်းဆိုမှုကလည်း ၆ပွင့်၊ ၁၂ပွင့်၊ ၄၈ပွင့် စသဖြင့် ပုံစံမျိုးစုံဖြင့် သရုပ်ဖျက်လမ်းလွှဲခြင်းခံ‌နေရတာကို အားလုံး မျက်မြင်ကိုယ်‌တွေ့ပဲ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အင်အားစု‌တွေနဲ့ ပြုလုပ်‌နေတဲ့ အပစ်အခတ်ရပ်စဲ‌ရေးကိစ္စကို ကြည့်ကြပါစို့။

တစ်ပြည်လုံး အပစ်အခတ်ရပ်စဲ‌ရေးကိုပင် ထိ‌ရောက်ပီပြင်စွာ လုပ်‌ဆောင်နိုင်ခြင်းမရှိတာကို ‌တွေ့ရမှာဖြစ်ပါတယ်။ (NCA) မူကြမ်းကို စာရွက်‌ပေါ်၌သာ သ‌ဘောတူလက်မှတ်‌ရေးထိုးနိုင်ကြပြီး အပစ်အခတ်ရပ်စဲ‌ရေးကို မလုပ်နိုင်ပါဘူး။ ကိုးကန့်‌ဒေသ (‌လောက်ကိုင်)မှာ တိုက်ပွဲ‌တွေ ပိုပြီး ပြင်းထန်လာ‌နေတာကို မီဒီယာသတင်းများက‌နေ ကြားသိ‌နေရပါတယ်။ ထို့အတူ နယ်စပ် ‌ဒေသ‌တွေမှာလည်း မတည်ငြိမ်မှု‌တွေ၊ ဗုံး‌ပေါက်ကွဲမှု‌တွေ ဖြစ်ပွားလာ‌နေတာကို ကြားသိ‌နေကြရပါတယ်။ ‌ဖေ‌ဖေါ်ဝါရီလ ၉ ရက်‌နေ့မှာ တ‌ကျော့ပြန် စတင်ဖြစ်ပွားလာခဲ့တဲ့ ကိုးကန့်‌ဒေသ(‌လောက်ကိုင်)မှာ ၂လ‌ကျော် ကာလအတွင်းမှာ စစ်‌ပြေးဒုက္ခသည် ‌ပေါင်း ၈၀၀ဝခန့် ရှိ‌နေပါတယ်။ နှစ်ဖက် ‌သေ‌ကြေဒဏ်ရာရမှုကလည်း တ‌နေ့ထက်တ‌နေ့ ပိုတိုးလာ‌နေပါတယ်။ ဧပြီလ ၈ရက်မှ ၁၂ရက်အထိ တိုက်ပွဲကာလအတွင်းမှာပင် အစိုးရစစ်တပ်ဘက်က ‌သေဆုံးဒဏ်ရာရသူ ၇၀ဝနီးပါးရှိပြီး ကိုးကန့်ဘက်ကလည်း ၆၀‌ကျော်‌လောက်ရှိတယ်လို့ သိရပါတယ်။

(NCA) စာချုပ်မူကြမ်းကို စာရွက်‌ပေါ်မှာ လက်မှတ်‌ရေးထိုးနိုင်ခဲ့ကြသည် ဆို‌သော်လည်း တကယ့်ဖြစ်ရပ်အမှန်က အပစ်အခတ် ရပ်စဲနိုင်ခြင်း မရှိတာဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်‌နေကြဆဲဖြစ်ပါတယ်။ ဒါ‌ပေမယ့် ဒီလို ပစ်ခတ်တိုက်ခိုက်‌နေမှု‌တွေ ဖြစ်ပွား‌နေ တာကို မျက်ကွယ်ပြုပြီး ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက အခု၊ မနက်ဖန်ပဲ ငြိမ်းချမ်း‌ရေး ရ‌တော့မ‌ယောင် လှည့်ဖြားလိမ်ညာ ဝါဒဖြန့်‌နေ ခြင်း ဖြစ်ပါတယ်။

ဒီ‌တော့ (NLD)ပါတီက လွှတ်‌တော်ထဲက ကြိုးပမ်း‌နေတဲ့ “၂၀၀၈ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးကိစ္စ”ပဲဖြစ်ဖြစ်၊ တိုင်းရင်းသား လက်နက်ကိုုင်အဖွဲ့အစည်း‌တွေ လွှတ်‌တော်ပြင်ပ‌နေ လုံးပမ်း‌နေတဲ့ “အပစ်အခတ်ရပ်စဲ‌ရေးနဲ့ ငြိမ်းချမ်း‌ရေးကိစ္စ”ပဲဖြစ်ဖြစ်၊ အ‌ဖြေ ‌ကောင်း၊ ရလဒ်‌ကောင်းရဖို့ ခက်ခဲ‌နေတယ်။ ထစ်‌ငေါ့‌နေတယ်။

ဒီလို ခက်ခဲထစ်‌ငေ့ါ‌နေတာ‌တွေရဲ့ အဓိကအ‌ကြောင်းအချက်က‌တော့ “၂၀၀၈ အ‌ခြေခံဥပ‌ဒေနဲ့ တည်ဆဲဥပ‌ဒေ” ဆိုတာ‌တွေဖြစ် ပြီး ဒါ‌တွေကို တရား‌သေ စွဲကိုင်ထားသူများ‌တော့ ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၊ တပ်မ‌တော်၊ လွှတ်‌တော်တို့ပဲ ဖြစ်ပါတယ်။

အ‌ခြေခံဥပ‌ဒေ ပြင်ဆင်‌ရေးမှာလည်း အ‌ပေါ်ယံပဲ ပြင်ဆင်လိုတာကို ‌တွေ့‌နေရပါတယ်။
အ‌ခြေခံဥပ‌ဒေကို အနှစ်သာရရှိရှိ ပြင်ဆင်လိုတဲ့သ‌ဘောထား လုံးဝမ‌တွေ့ရပါဘူး။ အချိုသပ်လှည့်စား အချိန်ဆွဲထားဖို့ ဆိုတာ ‌တွေပဲ ‌တွေ့‌နေရပါတယ်။ “ဇယား ၂”ထဲကို အချက်အလက်တချို့‌ပြောင်းထည့်‌ပေးပြီး အချိုသပ်ချင်တာ‌လောက်ပဲ‌တွေ့‌နေရတယ်။ “ဇယား ၂”ထဲမှာ အချက်အလက်တချို့ ဖြည့်စွက်ပြင်ဆင်ထည့်သွင်းရုံနဲ့ ဖက်ဒရယ်ပြည်‌ထောင်စု ဘယ်လိုမှ ဖြစ်မလာနိုင်ပါ။

တိုင်းရင်းသားလက်နက်ကိုင် အင်အားစု‌တွေနဲ့ အပစ်အခတ်ရပ်စဲ‌ရေး ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲ‌တွေမှာလည်း “တပ်မ‌တော်ရဲ့ သ‌ဘောထားရပ်တည်ချက် ၆ချက်”က အဓိက အတားအဆီး၊ အ‌နှောက်အယှက်ဖြစ်ပါတယ်။ ၂၀၀၈ အ‌ခြေခံဥပ‌ဒေနဲ့ အခြား တည်ဆဲဥပ‌ဒေ‌တွေကို ဇွတ်အတင်း လိုက်နာခိုင်း‌နေတာပဲ ဖြစ်ပါတယ်။ ဒီလိုတင်းမာပြီး တစ်ဖက်သတ်ကျတဲ့ ရပ်တည်ချက် သ‌ဘောထား‌တွေ စွဲကိုင်ထားသမျှ အ‌ဖြေ‌ကောင်းရလဒ်‌ကောင်း‌ပေါ်ထွက်လာ‌အောင် ‌ဆွေး‌နွေးညှိနှိုင်းနိုင်မှာ မဟုတ်ပါဘူး။

ဒါ‌ကြောင့်ပဲ ပဏာမအဆင့်ဖြစ်တဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲ‌ရေး ပီပီပြင်ပြင် သ‌ဘောတူညီမှု မရနိုင်ဘဲ ဖြစ်‌နေရပါတယ်။ ဒါ‌ကြောင့် ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးဆိုတဲ့ နိုင်ငံ‌ရေးပြဿနာကြီးကို တဆင့်တက် ‌ဖြေရှင်း‌ပြေလည်ဖို့ဆိုတာ ဘယ်လိုမှ မ‌မျှော်မှန်းနိုင်တဲ့ အရာဖြစ်‌နေပါ‌တော့တယ်။

ကာချုပ်က‌ပြောတဲ့ လက်နက်ကိုင်ပြီး ‌တောင်းဆိုတဲ့‌ခေတ်ကုန်သွားပြီး ဥပ‌ဒေ‌ဘောင်ထဲက ဥပ‌ဒေနဲ့အညီ လုပ်ကြရမယ်ဆိုတဲ့ စကားက တကယ်ကို ‌ရှေ့‌နောက်မညီတဲ့စကား ဖြစ်ပါတယ်။ အနီးဆုံးသမိုင်းမှာ ပြန်ကြည့်ရင် သူတို့ဟာ အာဏာကို ‌သေနတ်နဲ့ ရယူခဲ့တာဖြစ်ပြီး သူတို့စိတ်ကြိုက်အ‌ခြေခံဥပ‌ဒေကို ‌သေနတ်နဲ့‌ရေးခဲ့တာ၊ ‌သေနတ်နဲ့အတည်ပြုခဲ့တာပါ။ အ‌ခြေခံဥပ‌ဒေထဲမှာပဲ ‌သေနတ်ကိုင်ထားသူ‌တွေအတွက် နိုင်ငံ‌ရေးအရ အထူးအခွင့်အ‌ရေး‌တွေ ‌ပေးအပ်ထားတာ မဟုတ်ပါလား။ စစ်တပ်ဟာ အချိန်မ ‌ရွေး အာဏာသိမ်းပိုင်ခွင့်ရှိ‌နေတယ် မဟုတ်ပါလား။ စစ်တပ်ဟာ စစ်တပ်ကိစ္စအားလုံးကို စိတ်ကြိုက်စီမံလုပ်‌ဆောင်နိုင်ခွင့် ရယူ ထားတယ် မဟုတ်ပါလား။ ကာချုပ်က စစ်သားအမတ်ဆိုတာ‌တွေကို စိတ်ကြိုက် ‌စေလွှတ်နိုင်တယ် မဟုတ်ပါလား။ ကာချုပ် စိတ်ကြိုက် ပြည်ထဲ‌ရေး၊ ကာကွယ်‌ရေး၊ နယ်စပ်‌ရေး ဝန်ကြီး‌တွေကို အစိုးရအုပ်ချုပ်‌ရေးအဆင့်ဆင့်မှာ ခန့်အပ်နိုင်တယ် မဟုတ်ပါ လား။ ဒီအချက်‌တွေဟာ ဒီမိုက‌ရေစီစံနှုန်းနဲ့ လုံးဝ မကိုက်ညီတဲ့ အချက်‌တွေ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်‌တွေ လက်နက်ဖြုတ်သိမ်းရမယ်၊ တပ်ဖျက်ရမယ်ဆိုတာ‌တော့ အနိုင်ကျင့်ဗိုလ်ကျတာ၊ တစ်ဖက် သတ် ‌တောင်းဆိုတာပဲ ဖြစ်ပါတယ်။ ‌သေနတ်ကိုင်ထားနိုင်လို့သာ၊ လက်နက်ကိုင်တပ်ရှိ‌နေလို့သာ သူတို့ထင်သလို ဗိုလ်မကျဝံ့ တာ ဖြစ်တယ်ဆိုတဲ့အချက်ကို တိုင်းရင်းသားအဖွဲ့အစည်း‌တွေက ‌သွေးနဲ့ရင်းပြီး သ‌ဘော‌ပေါက်ပြီးသား ဖြစ်ပါတယ်။ ‌သေနတ်စွန့် လိုက်သူ‌တွေ၊ ‌သေနတ်အပ်လိုက်တဲ့သူ‌တွေ၊ အကြွင်းမဲ့ လက်နက်ချလိုက်တဲ့သူ‌တွေဟာ သူတို့ကိုယ်စားပြုတဲ့ လူမျိုးအ‌ရေးကို ဘာများလုပ်နိုင်တာ ရှိပါ‌တော့သလဲ။ အကြွင်းမဲ့ အနိုင်ကျင့်တာ ခံ‌နေရတဲ့ဘဝသို့ ‌လျောကျသက်ဆင်းသွားရတာကို ၁၉၈၈ ‌နောက်ပိုင်းမှ ယ‌နေ့အထိ ဖြစ်ရပ်များက ကွက်ကွက်ကွင်းကွင်း သက်‌သေပြသ‌နေပါတယ်။

ဒီ‌တော့ တန်းတူတဲ့၊ အာမခံချက် တကယ်တမ်းရှိတဲ့ နိုင်ငံ‌ရေးအ‌ဖြေ မရမချင်း ကိုယ့်တပ်နဲ့ကိုယ့်လက်နက်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင် ထားကြရမှာပါ။ အချင်းချင်းလည်း ‌ကျောချင်းကပ်၍ စည်းလုံးညီညွတ်ကြရမှာပါ။ အခြားဘဝတူ နိုင်ငံ‌ရေးအဖွဲ့အစည်းများနဲ့လည်း အပြန်အလှန် နားလည်မှု၊ စာနာမှု၊ ‌ထောက်ခံကူညီမှု‌တွေ တည်‌ဆောက်ထားကြရမှာပါ။

ဒီလိုအ‌ခြေခံ‌တွေရှိ‌နေမှသာ တိုင်းရင်းသားအ‌ရေး၊ တစ်ပြည်လုံးပြည်သူ‌တွေအ‌ရေးကို ပီပီပြင်ပြင် ‌ဆောင်ရွက်နိုင်ပါလိမ့်မယ်။ တိုင်းရင်းသားလူမျိုးတမျိုးအတွက် အထူးအခွင့်အ‌ရေးရရုံမျှနဲ့ တိုင်းရင်းသားအားလုံးအတွက်၊ ပြည်သူတစ်ရပ်လုံးအတွက် ပြည့်စုံတဲ့ အခွင့်အ‌ရေး မရနိုင်ပါဘူး။ တိုင်းရင်းသားလူမျိုးတစ်မျိုးအတွက် အထူးအခွင့်အ‌ရေး၊ သီးသန့်အခွင့်အ‌ရေးဆိုတာလည်း တကယ်‌တော့ မရှိနိုင်ပါဘူး။ ရှိတယ်ဆိုရင်လည်း အုပ်စိုးသူ‌တွေက တိုင်းရင်းသားအချင်းချင်းကြားမှာ ပြည်သူအချင်းချင်းကြားမှာ သပ်လျှို‌သွေးခွဲထားတဲ့မက်လုံး၊ ဆွယ်လုံးမျှသာ ဖြစ်ပါလိမ့်မယ်။

တစ်ပြည်လုံးပြည်သူ‌တွေအတွက် ဒီမိုက‌ရေစီ‌ရေး၊ ငြိမ်းချမ်း‌ရေး၊ တိုးတက်ဖွံ့ဖြိုး‌ရေး စတဲ့အခွင့်အ‌ရေး‌တွေ တန်းတူရည်တူ ပြည့် ပြည့်ဝဝ ရရှိနိုင်မှသာ ‌ရေရှည်အာမခံချက် ရှိနိုင်ပါလိမ့်မယ်။ ဒီလို‌ဆောင်ရွက်နိုင်‌ရေးအတွက် မကြာမီ (UWSP) ဝပြည်‌သွေးစည်း ညီညွတ်‌ရေးပါတီဌာနချုပ်မှာ ကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ စုဆုံပွဲကြီးက‌နေ ‌ရှေ့ရှုနိုင်ပါ‌စေ။ အ‌လေး ထားနိုင်ပါ‌စေ။ ချမှတ်နိုင်ပါ‌စေလို့ တိုက်တွန်း‌ရေးသားလိုက်ရပါတယ်။