Home သတင်း ကရင်နီ အမှတ် (၁) ဒုက္ခသည်စခန်း၌ မီး‌လောင်မှုဖြစ်ပွား၍ အိမ်‌ခြေ ၁၀ဝ ‌ကျော် ပျက်စီးပြီး လူ ၇၀ဝ ‌ကျော်...

ကရင်နီ အမှတ် (၁) ဒုက္ခသည်စခန်း၌ မီး‌လောင်မှုဖြစ်ပွား၍ အိမ်‌ခြေ ၁၀ဝ ‌ကျော် ပျက်စီးပြီး လူ ၇၀ဝ ‌ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

1797
ဧပြီ ၇ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ် မယ်‌ဟောင်‌ဆောင်ခရိုင်ရှိ ကရင်နီ အမှတ်(၁) ဒုက္ခသည်စခန်းတွင် ‌ပေါ့ဆမီး‌ကြောင့် ယ‌နေ့ ‌နေ့လည် ၁၁နာရီတွင် မီး‌လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူ‌နေအိမ် ၁၀ဝ ‌ကျော် မီး‌လောင်ကျွမ်းပြီး ဒုက္ခသည် ၇၀ဝ ‌ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု စခန်းဒုဥက္ကဋ္ဌဖြစ်သူ ‌နော်ခူ‌ဖောက ‌ပြောသည်။

“ရပ်ကွက် (၁) လူ‌နေအိမ်တစ်လုံးရဲ့ မီးဖို‌ချောင်က စ‌လောင်ရာ‌နေ ရပ်ကွက် ၁၂ အထိ ကူးသွားတယ်။ ‌ရေရှား ‌တော့ မီးက ‌တော်‌တော်မငြိမ်းသတ်နိုင်ဘူး။ မီးသတ်ကား ၂စီး ‌ရောက်လာမှ မွန်းလွဲ ၂နာရီ‌လောက်မှာ မီးငြိမ်း တယ်။ ‌လော‌လောဆယ် ရထားတဲ့ စာရင်းအရ အိမ်က ၁၅ဝလုံး လုံးဝ ပျက်စီးသွားတယ်။ လူဦး‌ရေက ၇၀ဝ ‌ကျော်တယ်။ ဒီထက်များရင် များနိုင်တယ်။ ထိခိုက်ဒဏ်ရာ ရသူ‌တော့ မရှိဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းမီး‌ဘေးသင့် ဒုက္ခသည်များကို နီးစပ်ရာ အသိမိတ်‌ဆွေအိမ်၊ အမျိုးသမီးရုံး၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNCHR) ရုံး၊ ထိုင်းပြည်ထဲ‌ရေးဋ္ဌာနရုံးတို့တွင် ‌နေစရာ‌နေရာများ စီစဉ်‌ပေးထား‌သော်လည်း စား‌ရေး‌သောက်‌ရေးအတွက် အခက်အခဲကြုံ‌နေရသည်ဟု စခန်းဒုဥက္ကဋ္ဌ ‌နော်ခူ‌ဖောက ဆက်‌ပြောသည်။

မီး‌ဘေးသင့်သူများ၏ စာရင်းကို လိုက်လံစု‌ဆောင်း‌နေသူ ကရင်နီ ဒုက္ခသည်‌ကော်မတီ အတွင်း‌ရေးမှူး(၁) ခူ Luiz က “ အခု‌လော‌လောဆယ် ကြုံ‌တွေ့‌နေရတာက က‌လေး‌တွေ ဟိုး‌ပြေးဒီ‌ပြေးဖြစ်‌တော့ က‌လေးဦး‌ရေ မ‌ရေတွက်နိုင်‌သေးဘူး။ လူဦး‌ရေ များတဲ့အတွက် အ‌ရေး‌ပေါ် လို‌နေတာက ‌နေရာထိုင်ခင်း‌ပေါ့။ ပြီး‌တော့ ချက်ဖို့ ပြုတ်ဖို့အတွက် အခက်အခဲ ကြုံ‌နေရတယ်”ဟု ‌ပြောသည်။

ကရင်နီအမှတ် (၁) ဒုက္ခသည်စခန်း၌ လက်ရှိ လူဦး‌ရေ ၁၁,၆၆၃ ဦး ရှိသည်ဟု စခန်း‌ကော်မတီ၏ စာရင်းအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ မတ်လ ၂၂ရက်‌နေ့ကလည်း မယ်‌ဟောင်‌ဆောင်ခရိုင်ရှိ ကရင်နီအမှတ် (၂) ဒုက္ခသည်စခန်း၌ မီး‌လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သဖြင့် အိမ်‌ခြေ ၄၀ဝ ‌ကျော် ပျက်စီးပြီး ဒုက္ခသည် ၃၀‌ကျော် ‌သေဆုံးခဲ့ဖူးသည်။