Home သတင်း ‌မြောင်းမြစာယဉ်က ကရင်စာသင်ကြားသူများအတွက် မွမ်းမံသင်တန်း ဖွင့်မည်

‌မြောင်းမြစာယဉ်က ကရင်စာသင်ကြားသူများအတွက် မွမ်းမံသင်တန်း ဖွင့်မည်

1771

မတ်လ ၃ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

ကရင်စာ‌ပေ(စ‌ကော၊ ပိုး) သင်ကြား‌နေသည့် ဆရာ၊ ဆရာမများအား မွမ်းမံသင်တန်းတစ်ရပ်ကို ‌မြောင်းမြမြို့ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီက ဦး‌ဆောင်ကာ မတ်လ ၁၆ရက်မှ ၂ဝရက်‌နေ့အထိ ‌မြောင်းမြမြို့၊ ‌ရေတွင်းကန်ရပ်ကွက်၊ မန်း‌စောဘုကျမ်း စာသင်‌ကျောင်း၌ ဖွင့်လှစ်သွားမည်ဖြစ်‌ကြောင်း ‌ကော်မတီအတွင်း‌ရေးမှူး မန်းထွန်းလင်းက ‌ကေအိုင်စီသို ့‌ပြောသည်။

၎င်းက “သင်တန်းဖွင့်ရတဲ့ ရည်ရွယ်ချက်က‌တော့ ‌နွေရာသီမှာရွာ‌တွေမှာ သင်တန်းဖွင့်ဖို့ရှိတာက တစ်‌ကြောင်း၊ လာမဲ့ စာသင်နှစ် မှာ ဇွန်လကစပြီး တစ်မြို့နယ်လုံး တစ်‌ပြေးညီသင်ဖို့ အစီအစဉ်ရှိတာကို အဲ့‌တော့ ‌ကျောင်း‌တွေက လိုအပ်တဲ့ ဆရာ၊ ဆရာမ‌တွေ ‌မွေးထုတ်ပြီး ‌သေ‌သေချာချာ သင်နိုင်‌အောင်လို ့ရည်ရွယ်ပြီး‌တော့ သင်တန်းဖွင့်တာပါ”ဟု ‌ပြောသည်။

အဆိုပါ သင်တန်းသို ့ ၂၀၁၄-၁၅ ပညာသင်နှစ်အတွင်း အ‌ခြေခံ‌ကျောင်းများ၌ ကရင်စာသင်ကြား‌ပေးခဲ့သည့် ဆရာ၊ဆရာမများ ယခင်နှစ် မွမ်းမံသင်တန်းတွင် အထူး‌အောင်အဆင့် မရရှိခဲ့သူများနှင့် ကရင်စာ‌ပေတစ်မျိုးမျိုးကို အ‌ခြေခံအဆင့်ထက် ‌ကျော်လွန် တတ်‌မြောက်ထားသူများကို သင်တန်းသားအဖြစ် လက်ခံသွားမည်ဖြစ်သလို သင်တန်းခမ်းမ အ‌နေအထား‌ပေါ် မူတည်ကာ စုစု ‌ပေါင်း သင်တန်းသား ၂၀ဝဦးထိ လက်ခံသင်ကြား‌ပေးသွားမည်ဖြစ်သည်ဟု မန်းထွန်းလင်းက ဆက်‌ပြောသည်။

ငါးရက်ကြာပို့ချမည့် မွမ်းမံသင်တန်းတွင် အရည်အချင်းစစ်‌ဆေးကာ အထူး‌အောင်ဖြင့် ‌အောင်မြင်သည့် သင်တန်းသူ၊ သင်တန်း သားများကို လာမည့်ပညာသင်နှစ်တွင် မြို့နယ်အတွင်းရှိ အ‌ခြေခံပညာ‌ကျောင်းများ၌ ကရင်စာသင် ဆရာ၊ ဆရာမအဖြစ် သင် ကြားခွင့်ပြုသွားမည်ဟု မြို့နယ်စာယဉ်က သတ်မှတ်ထားသည်။

ယခုကဲ့သို ့ ကရင်စာသင်ဆရာ၊ ဆရာမများကို မွမ်းမံသင်တန်းများ ဖွင့်လှစ် ပို့ချ‌ပေးခြင်းသည် သင်ကြား‌ရေးအတွက် အ‌ထောက် အကူများစွာဖြစ်သည့်အတွက် ကြိုဆို‌ထောက်ခံသည်ဟု ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီဝင် အငြိမ်းစား အလယ်တန်း‌ကျောင်းအုပ်ဆရာ ‌စော‌မောင်တုတ်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“‌ခေတ်က အမြဲ‌ပြောင်း‌နေတာဖြစ်‌တော့ မွမ်းမံသင်တန်းဆိုတာ အ‌ရေးကြီးတယ်၊ လိုလည်းလိုအပ်တယ်။ ထုံးစံကလည်း ဆရာ၊ ဆရာမ‌တွေကို မွမ်းမံသင်တန်း အရင်‌ပေးပြီးရင် ရွာ‌တွေမှာသင်ဖို့ လွှတ်‌လေ့ရှိတယ်။ ‌မြောင်းမြမှာဖွင့်တာကို ကြိုဆိုတယ်။ ရန် ကုန်တိုင်းစာယဉ်က‌တော့ အစည်းအ‌ဝေးလည်းမ‌ခေါ်၊ လှုပ်ရှားမှုလည်းမရှိ ဖြစ်‌နေတယ်။ ကိုယ့်မြို့နယ် ကိုယ့်ဘာသာကိုယ် လုပ် ‌နေရတယ်”ဟု ဆရာ‌စော‌မောင်တုတ်က ဆိုသည်။

ဧရာဝတီတိုင်း‌ဒေသကြီး၊ ‌မြောင်းမြမြို့နယ်အတွင်းရှိ အ‌ခြေခံပညာ‌ကျောင်း ၉၇‌ကျောင်းတွင် ကရင်စာ‌ပေ သင်ကြား‌ပေးလျှက်ရှိပြီး မြို့နယ်ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီအ‌နေဖြင့် ကရင်စာသင် ဆရာ၊ဆရာမများ မွမ်းမံသင်တန်းကို ၂၀၀၈ ခုနှစ်မှ စတင် ဖွင့်လှစ်ခဲ့ရာ ယခုသင်တန်းမှာ ၈ကြိမ်‌မြောက်ဖြစ်သည်။