စောဒေးဗစ်ထူး ၂၂နှစ်
ဝါသနာ အဆိုတော်
ပညာ ဥပဒေ (ပထမနှစ်)
ကျနော်က ဧရာဝတီတိုင်း သာပေါင်းမြို့နယ် သမင်ကုန်း(တမော့လူ)ရွာမှာ နေပါတယ်။ မွေးချင်းမောင်နှမ ငါးယောက်မှာ ကျနော် က ဒုတိယမြောက်သားပါ။ မိဘတွေကတော့ လယ်ယာလုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။ ကျနော်ငယ်ငယ်တုန်းက သမင်ကုန်း ရွာမှာ မူလတန်းအထိ ကျောင်းနေခဲ့ပြီး အဲဒီကနေတဆင့် သာပေါင်းမှာ ကျောင်းသွားတက်တာ ၂၀၁ဝမှာ ဆယ်တန်းအောင်တဲ့ အထိပါပဲ။
ဆယ်တန်းအောင်ပြီးနောက်မှာတော့ ဥပဒေဘာသာရပ်နဲ့ အဝေးသင်တက္ကသိုလ်ကို တက်တယ်ဆိုပေမယ့် ကျနော်က သီချင်းဆို တာကို အဓိက ဝါသနာပါတယ်။ အဆိုတော် ဖြစ်ချင်တယ်။ ၆နှစ်၊ ၇နှစ်အရွယ်ကတည်းက ဘုရားကျောင်းတွေမှာ သီချင်းဆိုတာ ပါ။ ကျနော်လည်း ဆယ်တန်းအောင်ရော သူငယ်ချင်းတွေနဲ့ ရွာတွေနဲ့ ပွဲတွေမှာ သီချင်းတော်တော် လိုက်ဆိုဖြစ်တာ များတယ်။ သီချင်းအမျိုးအစား အမျိုးမျိုး ကျနော်ဆိုပါတယ်။ အထူးသဖြင့် ပေါ့ပ်၊ ရော့ခ်သီချင်းတွေ ပိုပြီးဆိုဖြစ်တယ်။
သီချင်းဆိုတာ ကျနော် ဝါသနာပါလာရတဲ့ အကြောင်းကတော့ ငယ်ငယ်ကတည်းက ဘုရားကျောင်းတွေမှာ သီချင်းဆိုပြီး ဆရာ၊ ဆရာမတွေရဲ့ သွန်သင်လမ်းပြမှုတွေ အများကြီး ပါပါတယ်။ ကျနော် ၂၀၁၄မှာ အိပ်မက်ဆုံရာ သီချင်းပြိုင်ပွဲမှာ Season 10 (ရာသီ ၁၀)အဖြစ် ဝင်ရောက်ယှဉ် ပြိုင်ခွင့်ရခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ အကောင်းဆုံး ထိပ်တန်းသုံးဦးထဲမှာ ကျနော် ဒုတိယ ရခဲ့ပါ တယ်။ အိပ်မက်ဆုံရာမှာ ဝင်မပြိုင်မီ အဲဗားစတား(Ever Star)အမည်နဲ့ (ယမဲာ်ဖံး ဟူးတခီ-ယမေဖီ ဟူတခေါ) ကရင်သီချင်းကို ဆိုခဲ့သေးတယ်။ သီချင်းဆိုရာမှာတော့ ပရိဿတ်တွေ အမျိုးမျိုးရှိတဲ့အတွက် မြန်မာသီချင်းရော၊ ကရင်သီချင်းပါ သီဆိုသွားမှာ ပါ။ ကရင်အဆိုတော်တွေထဲမှာတော့ အဲ့လယ်သာ့၊ ယူးရီ၊ စောဖိုးခွါးတို့ကို ကြိုက်တယ်။
အဆိုဝါသနာရှင်တစ်ယောက်အနေနဲ့ ရှေ့ဆက် အနာဂတ်မှာ ကျနော်တို့ကရင်လူမျိုးတွေ သူများနဲ့ ရင်ပေါင်တန်းနိုင်အောင်၊ သူ များထက် ထူးချွန်အောင် အစွမ်းကုန်း ကြိုးစားသွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ထက်မြက်တဲ့ အဆိုအတတ်ပညာနဲ့ လူတွေ အတုယူနိုင်လောက်တဲ့ စံပြအဆိုတော်တစ်ဦး ကျနော် ဖြစ်ချင်တယ်။ ကျနော်တို့လူမျိုးတွေ စည်းလုံးညီညွှတ်မှုရှိပြီး အများက အတုယူလောက်တဲ့ လူမျိုးဖြစ်စေချင်တယ်။ လက်ရှိအချိန်မှာ ကျနော်တို့ ကရင်လူငယ်တွေ နေရာဒေသ အသီးသီးမှာ အခြေအ နေ အမျိုးမျိုးနဲ့ နေထိုင်နေရတာမို့ ဒီလူငယ်တွေ နောင်တစ်ချိန်မှာ ကိုယ့်လူမျိုးကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ ဒါမှမ ဟုတ် ကိုယ်လုပ်နေတဲ့ ဘယ်အလုပ်ပဲဖြစ်ဖြစ် အကောင်းဆုံး ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။