Home သတင်း မဲ‌ဆောက်တွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၇၀ဝ ‌ကျော် ဖမ်းဆီးခံရ

မဲ‌ဆောက်တွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၇၀ဝ ‌ကျော် ဖမ်းဆီးခံရ

1539

‌ဖေ‌ဖော်ဝါရီ ၁၇ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

မြန်မာနယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲ‌ဆောက်မြို့အတွင်း ဝင်‌ရောက်အလုပ်လုပ်ကိုင်‌နေ‌သော အ‌ထောက် အထားမဲ့နှင့် အ‌ထောက်အထားလွဲ‌ချော်‌နေသည့် မြန်မာအလုပ် သမားများကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး အ‌ရေးယူမှု‌ကြောင့် ‌ဖေ‌ဖော်ဝါရီ ၁ မှ ၁၅ ရက်‌နေ့အထိ မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမား ၇၀ဝ ‌ကျော် ဖမ်းဆီး ခံရ‌ကြောင်း သိရသည်။

ဖမ်းဆီးခံမြန်မာအလုပ်သမားများအား ယ‌နေ့ ‌ဖေ‌ဖော်ဝါရီ ၁၇ ရက်‌နေ့တွင် မဲ‌ဆောက်မြို့ရှိ ထိုင်းတရာရုံးက စီရင်ချက်ချမည်ဖြစ်ပြီး မှူးယစ်‌ဆေးဝါနှင့်ပတ်သက်သူများ၊ ရာဇဝတ်မှုနှင့် လူကုန်ကူးမှုဆိုင်ရာ ဆက်နွယ် ပတ်သက်သူများကို ထိုင်းအစိုးရဥပ‌ဒေအရ ‌ထောင်ဒဏ် သို့မဟုတ် ‌ငွေဒဏ်များ အသီးသီး ချမှတ်ခံရမည် ဖြစ်သည်ဟု ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားကွန်ရက်(MMNT) အ‌ထွေ‌ထွေအတွင်း ‌ရေးမှူးဖြစ်၊ မြန်မာပြည်သားအ‌ရေး ပူးတွဲလှုပ်ရှားမှု‌ကော်မတီ(JACBA)ဥက္ကဌ ဦးမိုးကြိုးက ‌ပြောသည်။

ဦးမိုးကြိုးက “အဖမ်းခံရတဲ့ အလုပ်သမား‌တွေကို ‌ဖေ‌ဖော်ဝါရီ ၁၇ရက်‌နေမှာ စီရင်ချက် ချမှာ‌ပေါ့‌နော်။ အခု ဖမ်းတာက အလုပ်လုပ်ခွင့် လက်မှတ်အ‌ထောက်အထားလုံးဝမရှိသူ‌တွေ၊ အ‌ထောက်အထားစာရွက်စာတမ်း ရှိ‌သော်လည်း သူ‌ဌေးနာမည်၊ အလုပ်နာမည်လွဲ‌ချော်‌နေသူ‌တွေ၊ က‌လေးလုပ်သား‌တွေကို ဖမ်းဆီးအ‌ရေးယူ ‌နေတာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ဖမ်းဆီးမှုလုပ်ရာတွင် ထိုင်းစစ်တပ်က ဦး‌ဆောင်ကာ ထိုင်း လဝက၊ ထိုင်းမှုခင်းရဲ၊ ထိုင်းအလုပ်သမား ရှာ‌ဖွေ‌နေရာချထား‌ရေးရုံး၊ နယ်ခြား‌စောင့်ရဲ တပ်ဖွဲ့ပြည်သူစစ် စသည့်အဖွဲ့များက ပူး‌ပေါင်း၍ စက်ရုံအလုပ်ရုံများ၊ ‌ဆောက်လုပ်‌ရေးလုပ်ငန်းခွင်များ၊ စား‌သောက်ဆိုင်များ၊ ‌ဈေးဆိုင်များ၊ စိုက်ပျိုး‌ရေး၊ ‌မွေးမြူ‌ရေးခြံအတွင်း ဝင်‌ရောက်အလုပ်လုပ်‌နေကြသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများကို ဖမ်းဆီး‌နေကြခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများတွင် ထိုင်းအလုပ်ရှင်နှင့် မန်‌နေဂျာ အနည်းဆုံး (၁၅) ဦးခန့်နှင့် အသက်မပြည့်‌သေးသည့် က‌လေးလုပ်သား (၁၀၀)ဝန်းကျင်ပါဝင်ပြီး ဖမ်းဆီးခံမြန်မာအလုပ်သမားများအား အသက်သာဆုံး‌သော ပြစ်ဒဏ်များ ချမှတ်‌ပေးရန် မြန်မာအစိုးရကိုယ်စား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် စစ်သံမှူးတို့က ထိုင်းအစိုးရတာဝန်ရှိသူများထံသို့ အ‌ကြောင်းကြားထား‌ကြောင်း သိရသည်။

မြန်မာ‌ရွှေ့‌ပြောင်းသမားတစ်ဦးဖြစ်သူ မထက်က “အခု ဖမ်းဆီးမှုက ကျမတို့ အလုပ်သမားအတွက် စိုးရိမ်စရာပါ။ ဘာဖြစ်လဲဆိုရင် ကျမတို့က အလုပ်လုပ်ဖို့ လိုအပ်မယ့် အ‌ထောက်အထား‌တွေ အကုန်လုပ်ပြီးပြီ။ ကိုယ်‌တွေက ဒီသူ‌ဌေး ဒီအလုပ်နဲ့ အဆင်မ‌ပြေရင် အခြားအလုပ်အဆင်‌ပြေမယ့် ‌နေရာကို ‌ပြောင်းလုပ်လို့ ရတာချည်းပဲ။ အလုပ်အကိုင်နာမည်‌တွေ လွဲလို့ ဖမ်းမယ်ဆိုရင် ဘယ်လို လုပ်ရမှန်းကို မသိဘူးဖြစ်‌နေတယ်”ဟု ‌ပြောသည်။

ယင်းကဲ့သို့ အ‌ရေးယူ‌ဆောင်ရွက်မှုများ‌ကြောင့် က‌လေးလုပ်သားများအ‌နေဖြင့် ‌ထောင်ဒဏ်ကင်းလွတ်ခွင့်ရမည် ဖြစ်‌သော်လည်း သင့်တင့်‌သော ‌ငွေဒဏ်‌ပေး‌ဆောင်ရမည်ဖြစ်ပြီး ‌ဖေ‌ဖော်ဝါရီ ၁၈ ရက်‌နေ့၌ ဖမ်းဆီးခံက‌လေး လုပ်သားများကို မဲ‌ဆောက်မြို့တွင် ဖွင့်လှစ်ထား‌သော One stop Service ရုံးမှ ဦးစီးအရာရှိ ဦးမိုး‌အောင်ခိုင်နှင့် အတူ အလုပ်သမားအ‌ရေး ‌ဆောင်ရွက်‌ပေး‌နေသူ ဦးမိုးကြိုးတို့ထံသို့ လွှဲ‌ပြောင်းအပ်နှံသွားမည်ဖြစ်‌ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်‌ဒေသတွင် ထိုင်းအာဏာပိုင်များက အ‌ထောက်အထားမဲ့ မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများကို ယခုလို ဖမ်းဆီးသည်မှာ ၂၀၁၅ ခုနှစ် နှစ်စပိုင်းတွင် ကြီးမားသည့် ဖမ်းဆီးအ‌ရေးယူမှု တစ်ရပ်ဖြစ်‌ကြောင်း သိရသည်။