Home သတင်း ဖားအံစက်မှုဇုံအတွင်း ‌ကျေးရွာတည်‌ဆောက်မှု နစ်နာ‌ကြေး‌ပေးရန် ‌ဒေသခံများလိုလား

ဖားအံစက်မှုဇုံအတွင်း ‌ကျေးရွာတည်‌ဆောက်မှု နစ်နာ‌ကြေး‌ပေးရန် ‌ဒေသခံများလိုလား

1393

‌ဖေ‌ဖော်ဝါရီ ၅ရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ်၊ ဖားအံစက်မှုဇုံအတွင်း ပြည်နယ်အစိုးရမှ ငြိမ်းချမ်းသာယာ‌ကျေးရွာ တည်‌ဆောက်‌ရေး စီမံကိန်း‌ကြောင့် ‌ဒေသခံများ၏ ရာဘာခြံ‌မြေဧက ၄ဝ ပါသွားသဖြင့် နစ်နာ‌ကြေးများ ‌ပေး‌ဆောင်ရန် ‌ဒေသခံရာဘာခြံပိုင်ရှင်များက လိုလားကြသည်ဟု သိရသည်။

ဇန်နဝါရီ ၂၅ ရက်‌နေ့က ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦး‌ဇော်မင်းသည် စီမံကိန်း‌နေရာသို့ သွား‌ရောက်ကြည့်ရှုကာ လုပ်ငန်းအ‌ကောင်အထည်‌ဖော်သည့်အခါ ‌ဒေသခံ ရာဘာခြံပိုင်ရှင်များအတွက် နစ်နာမှုမရှိ‌စေရန် ‌ပြောကြားခဲ့ပြီး ထိုသို့ ‌ပြောကြားခဲ့သည့်အတိုင်း လုပ်‌ဆောင်သွားလိုသည်ဟု ရာဘာခြံရှင်တစ်ဦးဖြစ်သူ ‌စောခန့်ဝင်း‌အောင်က ‌ပြောသည်။

“ဝန်ကြီးချုပ်က ‌တောင်သူခြံရှင်‌တွေ မနစ်နာ‌အောင်လည်း လုပ်‌ပေးပါ့မယ်လို့‌တော့ ‌ပြောသွားတယ်။ ဒါ‌ပေမယ့် ဘယ်‌လောက်အတိုင်းအတာထိ ‌ပေးမယ်။ ဘယ်‌နေ့မှာ ‌ပေးမယ်ဆိုတာ‌တော့ မ‌ပြောသွားဘူး။ ကျ‌နော်တို့ကို နစ်နာ‌ကြေး‌ပေး‌စေချင်တယ်”ဟု ‌စောခန့်ဝင်း‌အောင်က ‌ပြောဆိုသည်။
2
၎င်းစီမံကိန်းသည် လာ‌ရောက်အလုပ်လုပ်သူများအတွက် ‌နေထိုင်နိုင်ရန် ‌ကျေးရွာတည်‌ဆောက်ခြင်းဖြစ်‌ကြောင်း၊ အလုပ်သမားများအပြင် အိုးမဲ့အိမ်မဲ့ဖြစ်‌နေသူများအတွက် ရည်ရွယ်ကာ စာသင်‌ကျောင်းများ၊ ‌ဆေးရုံများ၊ မီးသတ်ရုံး စသည့်တို့ ပါဝင်မည်ဖြစ်‌ကြောင်းနှင့် နစ်နာ‌ကြေး‌ပေးရန် ရှိ‌ကြောင်း ဖားအံစက်မှုဇုံ ဥက္ကဌ ဝန်ကြီး‌စောကြည်လင်းက ဆိုသည်။

ဝန်ကြီး‌စောကြည်လင်းက “နစ်နာတဲ့ ‌ဒေသခံများကို ကျ‌နော်တို့က နစ်နာ‌ကြေး ပြန်‌ပေးမယ်။ ‌မြေအကွက် ချပြီးရင် နစ်နာသွားတဲ့သူ‌တွေကို ဦးစား‌ပေးပြီး‌တော့ ‌မြေကွက်ပြန်‌ပေးမယ်”ဟု ‌ပြောသည်။

နစ်နာ‌ကြေးကိစ္စနှင့် ပတ်သက်၍ ‌ဒေသခံတစ်ဦးဖြစ်သူ ရာဘာခြံပိုင်ရှင် ‌နော်ကဲက “ကျမတို့ ဒီစီမံကိန်းကို မလက်ခံ တာ မဟုတ်ဘူး။ ပြည်နယ်အစိုးရအ‌နေနဲ့ နစ်နာ‌ကြေးမ‌ပေးဘူးဆိုရင် ကျမတို့ ‌ဒေသခံ ရာဘာခြံ ပိုင်ရှင်‌တွေ ‌တောင်းဆိုမှု ပြုလုပ်သွားရမှာပါ။ အစိုးရဘက်က နစ်နာ‌ကြေး ပြန်‌ပေးဖို့‌တော့ ‌တောင်းဆိုချင် တယ်”ဟု ‌ပြောသည်။

ဖားအံစက်မှုဇုံအတွင်းရှိ ငြိမ်းချမ်းသာယာ‌ကျေးရွာ တည်‌ဆောက်‌ရေးကို ယခင်လ ဇန်နဝါရီ ၃၁ ရက်‌နေ့က စတင်အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်‌နေပြီဖြစ်‌ကြောင်း ‌ဒေသခံ ရာဘာခြံပိုင်ရှင်များ၏ ‌ပြောပြချက်အရ သိရသည်။