Home ဆောင်းပါး ပဒိုမန်းရှာ၏ ‌နောက်ဆုံး‌နေ့ရက်များနှင့် ကျ‌နော်

ပဒိုမန်းရှာ၏ ‌နောက်ဆုံး‌နေ့ရက်များနှင့် ကျ‌နော်

1992

ရဲ‌ဘော် ‌ဇော်‌နောင်

အချိန်‌တွေ ကြာ‌ညောင်းလာခဲ့ပြီဖြစ်‌သော်လည်း ဒီလဒီရက်ကို‌ရောက်တိုင်း အတိတ်ရဲ့ဖြစ်ရပ်‌တွေ ကျ‌နော့်အာရုံထဲ အသစ်တဖန် ပြန်ဝင်‌ရောက်လာပါ‌တော့တယ်။ အချိန်ကာလအ‌နေနဲ့‌ပြောရရင် ၂၀၀၇ခုနှစ်‌နှောင်းပိုင်းက‌နေ စရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကာ လမှာ ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များကို လုပ်ကြံမယ်ဆိုတဲ့သတင်း ‌ကေအဲန်ယူအတွင်း ခါတိုင်းထက် ပိုထွက်‌ပေါ်လာခဲ့ပါတယ်။ အချိန်နှင့်အမျှ သတင်း‌တွေ တမျိုးပြီးတမျိုး ထွက်‌ပေါ်လာ‌သော်လည်း လုပ်ကြံခံရမဲ့ စာရင်းထဲမှာ ပဒိုမန်းရှာရဲ့နာမည် အမြဲလို ပါဝင်‌နေခဲ့ပါတယ်။ ဒါ‌ကြောင့် ပဒိုမန်းရှာရဲ့ လုံခြုံ‌ရေးအတွက် စိုးရိမ်စရာ အ‌ခြေအ‌နေ ဖြစ်လာခဲ့ပါတယ်။ ဒါ‌ပေမယ့် ပဒိုမန်းရှာက တုန်လှုပ်မှုမရှိခဲ့ပါဘူး။ သွားမြဲလာမြဲအတိုင်း ပုံမှန်ပဲ ရှိခဲ့ပါတယ်။ ပဒိုမန်းရှာက အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်ဖြစ်‌ပေမဲ့ ခုလို အချိန်မျိုးမှာ‌တောင် သူ့ရဲ့ လုံခြုံ‌ရေးအတွက် တစုံတခုလုပ်‌ပေးဘို့ မ‌တောင်းဆိုခဲ့ပါဘူး။ ဒါ‌ပေမဲ့ သူ့ရဲ့ ရုံးရှိ ရဲ‌ဘော်များက သူ့အ‌ပေါ် စိတ်ပူပင်‌နေခဲ့ကြပါတယ်။

တ‌နေ့ ကျ‌နော် သူ့ရုံးကို ‌ရောက်လာတဲ့အခါ ရုံးရှိ ရဲ‌ဘော်တချို့က ဖြစ်‌ပေါ်‌နေတဲ့ အ‌ခြေအ‌နေ‌တွေနဲ့ ပတ်သက်လို့ ‌ပြောပြကြပါ တယ်။ သူတို့‌ပြောတဲ့အထဲမှာ ပဒိုမန်းရှာ စီး‌နေကျကားမှာ လူသိများ‌နေပြီဖြစ်‌ကြောင်း၊ ဒါ‌ကြောင့် ကားအသစ်တစီး လဲ‌ပေးပါက ‌ကောင်းမည်ဖြစ်‌ကြောင်း ‌ပြောပါတယ်။ တချိန်တုန်းက ဒူးပလာယာခရိုင်မှာ ကျ‌နော် တာဝန်ထမ်း‌ဆောင်ခဲ့ဘူးပါတယ်။ ဒီကိစ္စကို ‌ဖြေရှင်းနိုင်ဖို့ ဒူးပလာယာခရိုင် ‌ခေါင်း‌ဆောင်များနှင့် တိုင်ပင်ကာ အဆင်‌ပြေမယ်လို့ ယူဆမိတဲ့အ‌ပေါ် ဒူးပလာယာခရိုင် ‌ခေါင်း ‌ဆောင် (အထူးသဖြင့် ခရိုင်အတွင်း‌ရေးမှူး ပဒိုလစ္စတန်)နဲ့ တိုင်ပင်ပါတယ်။ ဒူးပလာယာခရိုင် ‌ခေါင်း‌ဆောင်များဘက်ကလည်း အခက်အခဲမရှိဘဲ စီစဉ်‌ပေးတဲ့အပြင် ပဒိုမန်းရှာ ကိုင်‌ဆောင်ဘို့အတွက် ပစ္စတိုတလက်ကိုပါ စီစဉ်‌ပေးခဲ့ပါတယ်။

ဒီကာလမှာပဲ ပဒိုမန်းရှာကိုယ်တိုင် ‌ကေအဲန်ယူ အတွင်း‌ရေးမှူးချုပ်ရုံးကို ‌ကေအဲန်ယူနယ်‌မြေအတွင်း ပြန်အ‌ခြေချနိုင်ဘို့ ပြင်ဆင် ‌နေချိန်လည်းဖြစ်ပါတယ်။ တပ်မဟာ(၇)နယ်‌မြေ ‌သေ‌ဘေထာ့စခန်းမှာ အ‌ခြေချဘို့ဖြစ်ပါတယ်။ ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း ‌ရေးမှူးချုပ်ရုံး အ‌ခြေချနိုင်ဘို့အတွက် ဗို်လ်ချုပ်ရှာထု‌ဝေါ်က အ‌ဆောက်အဦးအတွက် သစ်ရရှိဖို့၊ ‌ရေပိုက်နဲ့ ‌ရေ သွယ်ယူရရှိနိုင်ဖို့နဲ့ အင်တာနက်ရရှိဘို့ အတတ်နိုင်ဆုံး ကူညီ‌ပေးပါတယ်။ တ‌နေ့‌သော် ‌သေ‌ဘေထာ့စခန်းကို ပဒိုမန်းရှာ‌ရောက်လာချိန် ‌ရေပိုက်က ‌ရေလိုက်မ‌ကောင်းတဲ့အတွက် ကျ‌နော့်ကို‌ခေါ်ပြီး ‌ချောင်းဖျားဘက်ကို တက်သွားကြပါတယ်။ ‌ရေစသွယ်တဲ့‌နေရာကို ‌ရောက်တဲ့အ ခါ ပဒိုမန်းရှာကိုယ်တိုင် ‌ရေထဲဆင်းပြီး ‌ရေပိုက်ဝမှာ ပိတ်ဆို့‌နေတဲ့ အမှိုက်သရိုက်‌တွေကို နှိုက်ထုတ်ပါတယ်။ ကျ‌နော်က ‌ချောင်း ကမ်းနဖူးက‌နေပြီး လုံခြုံ‌ရေးယူ‌ပေးပါတယ်။ အဲဒီအချိန်မှာ ‌တောထဲက‌နေ အင်မတန် ‌ချောက်ခြားစရာ‌ကောင်းတဲ့ အသံကြီးတခု ‌ပေါ်ထွက်လာပါတယ်။ ပဒို်မန်းရှာက ‌ရေထဲက‌နေပြီး ကျ‌နော့်ကို လှမ်းကြည့်ပြီး ဘာသံလဲလို့ ‌မေးပါတယ်။ ကျ‌နော်က မသိဘူးလို့ ပြန်‌ဖြေ‌တော့ အသံက ‌ကြောက်စရာကြီးပဲလို့ သူက ‌ပြောပါတယ်။ ဟုတ်ပါတယ်။ နှစ်‌ပေါင်းများစွာ ‌တောထဲ‌တောင်ထဲ သွားလာ ‌နေထိုင်ခဲ့တဲ့ ကျ‌နော်လည်း ဒီလိုအသံမျိုးတခါမျှ မကြားခဲ့ပါဘူး။ ထူးခြားတဲ့ အသံကြီးပါပဲ။ ကျ‌နော်တို့စခန်းကို ပြန်‌ရောက်တဲ့အခါ ဘာသံ‌တွေကြားသလဲလို့ စခန်းက ရဲ‌ဘော်‌တွေကို ‌မေးပါတယ်။ သူတို့က ဘာသံမှမကြားဘူးလို့ ‌ပြောပါတယ်။ အခု ကျ‌နော်ပြန် စဉ်းစားမိတဲ့အခါ အတိတ်နမိတ်ဆိုးလို့ ‌ပြောရမလို ဖြစ်‌နေပါတယ်။ ဒီအဖြစ်အပျက်က ပဒိုမန်းရှာ လုပ်ကြံခြင်း မခံရခင် တစ်ပတ် အတွင်းက ဖြစ်ပါတယ်။

အဲဒီ‌နောက် ကျ‌နော်လည်း ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံ ဒုတိယမူကြမ်း အတည်ပြုနိုင်‌ရေး အစည်းအ‌ဝေးကို ‌ကေအဲန်ယူကိုယ်စား လှယ်အ‌နေနဲ့ တက်‌ရောက်ဘို့ ‌သေ‌ဘေထာ့ကို တ‌ခေါက် ပြန်‌ရောက်သွားပါတယ်။ အစည်းအ‌ဝေးပြီး‌နောက် အတွင်း‌ရေးမှူးချုပ် ရုံးကို ကျ‌နော်ပြန်လာခဲ့ပါတယ်။ ကျ‌နော် ရုံးကို ‌ရောက်‌နေကျအတိုင်း ရဲ‌ဘော်များက ရုံး‌အောက်ထပ်အခန်းတခန်းမှာ ‌နေရာစီစဉ် ‌ပေးပါတယ်။ ပဒိုမန်းရှာက သူ့ရုံးကို ‌ရောက်လာတဲ့ဧည့်သည်‌တွေကို သူထမင်းစားခါနီး သူနဲ့ ထမင်းအတူစားဘို့ လိုက်‌ခေါ်‌လေ့ ရှိပါတယ်။

၂၀၀၈ခုနှစ်၊ ‌ဖေ‌ဖေါ်ဝါရီလ ၁၄ရက်။ မနက်‌စော‌စော ပဒိုမန်းရှာကို တိုက်အ‌ပေါ်ထပ်‌အောက်ထပ် အတက်အဆင်း ‌လှေခါးထစ်မှာ တဦးထဲ ထိုင်‌နေတာကို ‌တွေ့ရပါတယ်။ သူ့ကို ကြည့်ရတာ ရွှင်ရွှင်ပျပျ မရှိလှပါဘူး။ ကျန်းမာ‌ရေး‌ကြောင့်လား။ ဒါမှမဟုတ် ညက အိပ်မက်ဆိုးများမက်လို့လား မ‌ပြောတတ်ပါ။ သူ့ရဲ့ဆီးချို‌ရောဂါလည်း တက်‌နေတယ်လို့ သိရတယ်။ ‌နေနည်းနည်းမြင့်လာတာနဲ့ ဧည့်သည်များလည်း ‌ရောက်လာပါတယ်။ သူ့ဆီလာတဲ့ ဧည့်သည်များကို များ‌သောအားဖြင့် အ‌ပေါ်ထပ်မှာ ဧည့်ခံ‌လေ့ရှိပါတယ်။ အဲဒီအချိန်မှာ ကျ‌နော်နဲ့ ပဒိုသမိန်ထွန်းတို့ ‌အောက်ထပ်မှာ စကား‌ပြောခဲ့ကြပါ‌သေးတယ်။ မွန်းလွဲ‌လောက်မှာ ဗို်လ်ချုပ်မူတူး‌စေးဖိုး ‌ရောက်လာပါတယ်။ သူတို့နှစ်‌ယောက် အ‌ပေါ်ထပ်မှာ ‌ပြောဆိုပြီးတဲ့‌နောက် ဗိုလ်ချုပ်မူတူး‌စေးဖိုးက ‌အောက်ထပ်ကို ဆင်းလာပါ တယ်။ အဲဒီ‌နောက် အိမ်သာထဲ ခဏဝင်ပြီး ခပ်သုတ်သုတ် ပြန်ထွက်သွားပါတယ်။

ည‌နေ(၄)နာရီ‌ကျော် ပဒိုမန်းရှာ အ‌ပေါ်ထပ်က ဆင်းလာပါတယ်။ ‌နောက် ကျ‌နော်‌နေတဲ့အခန်းကိုလာပြီး ညစာစားဘို့‌ခေါ်ပါတယ်။ ထမင်းစားခန်းထဲကို သူနဲ့အတူ ကျ‌နော် လိုက်သွားခဲ့ပါတယ်။ ထမင်းစားခန်းထဲမှာ သူရယ်၊ ကျ‌နော်ရယ် ဖီးသူး (ထမင်းချက် ပြုတ်‌ပေးသူ) ၃ဦးပဲ ရှိပါတယ်။ ထမင်းစား‌နေစဉ် သူက ဒီငါးဟင်းကို စားကြည့်ပါလား။ ဦးသန်းထွဋ္ဋ် (NLD,LA)က လာ‌ပေးသွား တယ်လို့ ‌ပြောပါတယ်။ ဟင်းက သူ့အတွက် ဆားနဲနဲ‌ပေါ့ပုံ ‌ပေါ်ပါတယ်။ ဒါ‌ကြောင့် ဆားပုလင်းကိုယူပြီး ဟင်းထဲ ဆားနဲနဲ ထပ် ထည့်ပါတယ်။

ထမင်းစား‌နေစဉ် ကျ‌နော်က “ပဒို‌ဒေးဗစ်‌ထောက ‌ကေအဲန်ယူ ဗဟိုအမြဲတမ်း‌ကော်မတီဝင်လည်းဖြစ်တယ်။ ‌ကေအဲန်ယူ ဗဟိုအ လုပ်အမှု‌ဆောင် ‌ကော်မတီဝင်လည်းဖြစ်တယ်။ သူက ငါလုပ်တာ ‌ကေအဲန်ယူအတွက် မဟုတ်ဘူး။ ကရင်လူမျိုးအတွက်ဖြစ် တယ်လို့ လိုက်‌ပြော‌နေတာ ‌ကေအဲန်ယူနဲ့ ကရင်လူထုကို ခွဲစည်းရုံးသလိုဖြစ်‌နေတယ်။ အဲဒါခင်ဗျားတို့ ဘာမှမလုပ်‌တော့ဘူး လား”လို့ သူ့ကို ‌ပြောပါတယ်။ သူက “ဒီလူက ကျ‌နော့်ကို အစည်းအ‌ဝေးထဲမှာလည်း သိက္ခာချတယ်။ အပြင်မှာလည်း သိက္ခာချ တယ်။ ကျ‌နော် အ‌တော်ခံစားရတယ်လို့” ‌ပြောတယ်။

‌နောက်ပြီးသူက ဆက်‌ပြောပြန်‌သေးတယ်။ ‌တော်လှန်‌ရေးထဲမှာ တချို့‌ခေါင်း‌ဆောင်‌တွေ အသိအမှတ်ပြု‌လောက်တဲ့ စွမ်း‌ဆောင် ချက် ဘာတခုမှမရှိဘဲ ‌ခေါင်း‌ဆောင်တက်ဖြစ်‌နေကြတာ‌တွေ ရှိတယ်လို့ ‌ပြောပါတယ်။ သူ့ကိုကြည့်ရတာ ထမင်းစား‌ပေမဲ့ သိပ် ခံတွင်း‌တွေ့ပုံ မ‌ပေါ်ပါ။ ထမင်းဟင်းအနည်းငယ်‌လောက်ကိုသာ စားတာ ‌တွေ့ရပါတယ်။ အဲဒီ‌နောက် သူ့ပန်းကန် သူ‌ဆေးပြီး ထမင်းစားခန်းထဲက‌နေ ထွက်သွားပါတယ်။ ထမင်းစားခန်းထဲမှာ ကျ‌နော်နဲ့ ဖီးသူး (၂)ဦးသာ ကျန်ပါ‌တော့တယ်။ ကျ‌နော်လည်း အ‌တွေးများနှင့်အတူ ထမင်းဆက်စား‌နေရင်း သိပ်မကြာပါ။ ကြီး‌လေးတဲ့အရာဝတ္ထုတခု အ‌ပေါ်က ပြုတ်ကျတဲ့အသံမျိုး ကြား လိုက်ရပါတယ်။ ကျ‌နော်နှင့် ဖီးသူး တ‌ယောက်မျက်နှာတ‌ယောက်ကြည့်ပြီး ဘာသံလည်းဆိုတာကို ‌ဝေခွဲ‌နေသလို မိမိတို့အိမ် ကလား၊ တခြားအိမ်ကလားဆိုတာ စဉ်းစား‌နေကြပါတယ်။

တ‌အောင့်‌လောက်အကြာ အလားတူ အသံမျိုး ထပ်ကြားရပြန်ပါတယ်။ သိပ်မကြာပါ။ အိမ်‌ပေါ်ထပ်က ငိုသံကြားရပါတယ်။ မိ်မိတို့ ‌နေတဲ့အိမ်ကဆိုတာ ‌သေချာသွားပါပြီ။ တိုက်ထဲက ‌သေနတ်သံကို တခါမှ မကြားဘူးတဲ့ ကျ‌နော်က ရုတ်တရက်မို့ ‌ဝေခွဲမရ ဖြစ်ခဲ့ ရပါတယ်။ အဖြစ်အပျက်ကလည်း မြန်ဆန်လွန်းလှပါတယ်။ ကျ‌နော်လည်း လက်မ‌ဆေးအား‌တော့ဘဲ ထမင်းစားခန်းထဲက‌နေ ကမန်းကတန်း ‌ပြေးထွက်လာခဲ့ရာ ရဲ‌ဘော်ဖါ့‌ထောနဲ့ ‌အောက်ထပ်မှာ ဆုံပါတယ်။ သူက အ‌ပေါ်ထပ်က ဆင်းလာသူဖြစ်ပါတယ်။ သူက အဖိုးကြီးလုပ်ကြံခံရ‌ကြောင်း ကို‌အေးလွင်ကို ဖုန်းဆက်ဘို့ ‌စေး‌စေးက‌ပြော‌ကြောင်း ကရင်လို ‌ပြောပြပါတယ်။ ကျ‌နော်အ ‌ပေါ်ထပ်ကိုတက်တဲ့အခါ အ‌ပေါ်ထပ်‌လှေခါးဝနားမှာ ပဒိုမန်းရှာက အသက်မဲ့ထိုင်လျှက်သားနဲ့ ‌စော‌စေး‌စေးက ဖက်လျှက်ငိုရင်း “အဖိုးကြီး မရှိ‌တော့ဘူး”လို့ ကျ‌နော့်ကို လှမ်း‌ပြောပါတယ်။ ကုလားထိုင်ရဲ့‌ရှေ့ ‌ခြေရင်းနားမှာ အိုင်ထွန်း‌နေတဲ့ ‌သွေးကွက်ကြီးတစ် ကွက်ကိုလည်း ‌တွေ့ရပါတယ်။

ကျ‌နော်လည်း ပူထူသွားပါတယ်။ အိမ်နီးနားရှိ ဦးသန်းထွဋ် (NLD-LA)ကို လှမ်း‌ခေါ်ပါတယ်။ သိပ်မကြာပါ။ ထိုင်းပုလိပ်များ ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များနဲ့ မဟာမိတ်များ ‌ရောက်လာပါတယ်။ ထိုင်းပုလိပ်များက ပထမဦးဆုံး အ‌လောင်းကိုစစ်၊ ‌သေနတ် ကျည်ခွံကို ရှာပါတယ်။ 9-မမ ကျည်ခွံတစ်ခုသာ ရှာ‌တွေ့ခဲ့ပါတယ်။ ပဒိုမန်းရှာထိုင်တဲ့ ကုလားထိုင်‌နောက်မှီက ကျည်ဆံထိသွား လို့ ကျိုးပဲ့သွားပါတယ်။ ပဒို်မန်းရှာရဲ့ရင်ဘတ်မှာ ‌သေနတ်ဒဏ်ရာ (၃)ချက် ‌တွေ့ရှိရပါတယ်။ လက်‌ချောင်းတချို့မှာလည်း ဒဏ်ရာ ‌တွေကို ‌တွေ့ရပါတယ်။ လက်နက်ကျွမ်းကျင်သူများရဲ့ အဆိုအရ ‌သေနတ်အမျိုးအစား (၂)မျိုးဖြစ်နိုင်‌ကြောင်း၊ တမျိုးက ပစ္စတို ဖြစ်ပြီး ‌နောက်တမျိုးက ‌ခြောက်လုံးပြူးဖြစ်‌ကြောင်း၊ ‌ခြောက်လုံးပြူးက ကျည်ခွံမကျန်‌ကြောင်း၊ သုံးသပ်‌ပြောဆိုကြပါတယ်။

ထို့‌နောက် ထိုင်းပုလိပ်က မျက်မြင်‌တွေ့ရှိသူများကို ဆက်လက်‌မေးမြန်းပါတယ်။ မျက်မြင်‌တွေ့ရှိသူများမှာ ရဲ‌ဘော်(၂)‌ယောက်နှင့် မိန်းက‌လေးတ‌ယောက်ဖြစ်ပါတယ်။ အခင်းမဖြစ်ပွားခင် ရဲ‌ဘော်များက အိမ်‌ရှေ့ရှိ ပန်းအိုးများကို ‌ရေလိုက်‌လောင်း‌နေပြီး မိန်းက ‌လေးက ပဒိုမန်းရှာအနားရပ်ပြီး ပဒိုမန်းရှာနှင့်အတူ စကား‌ပြော‌နေပါတယ်။ မိန်းက‌လေးက ဖြစ်စဉ်အစအဆုံး မြင်‌တွေ့ရသူဖြစ်ပါ တယ်။ ရဲ‌ဘော်(၂)‌ယောက်က ပစ်ခတ်မှု‌ကြောင့် အိမ်‌နောက်‌ဖေးဘက် ‌ရှောင်တိမ်း‌နေလိုက်ကြပါတယ်။ မိ်န်းက‌လေးရဲ့ ‌ပြောပြ ချက်အရ ပဒိုမန်းရှာသည် ထမင်းစားပြီး‌နောက် အ‌ပေါ်ထပ်သို့တက်လာကာ ‌ရေချိုးခန်းထဲဝင်သွား‌ကြောင်း၊ ထို့‌နောက် ပြန်ထွက် လာကာ ‌ရေခဲ‌သေတ္တာကိုဖွင့်ကာ ပန်းသီးတစ်လုံးကို ထုတ်ယူလိုက်‌ကြောင်း၊ ‌နောက်ပန်းသီးလှီး ဓါးတ‌ချောင်းနှင့်အတူ ဝရံတာရှိ ကုလားထိုင်ဆီသို့ သွားပြီးထိုင်‌ကြောင်း၊ ပန်းသီးစားရင်း သူမနှင့်အတူစကား‌ပြော‌နေစဉ် ကားအမည်းတစ်စီး ခြံတံခါးဝတွင် ထိုး ရပ်လာ‌ကြောင်း၊ ကား‌ပေါ်မှ လူ(၂)‌ယောက် ခပ်သုတ်သုတ်ဆင်းလာပြီး လက်ထဲတွင် သစ်သီးခြင်းတစ်ခုကို ကိုင်‌ဆောင်လာ ‌ကြောင်း၊ အသားဖြူဖြူ အရပ်မြင့်မြင့်တဦးမှာ ‌လှေခါးထစ် တထစ်နှစ်ထစ်မျှသာတက်ပြီး ရပ်‌နေ‌ကြောင်း၊ အသားညိုညို အရပ် မနိမ့်မမြင့် လက်တွင် ‌ဆေးမှင်‌ကြောင်ထိုးထားသူမှာ ပဒိုမန်းရှာထိုင်သည့်‌နေရာအထိ တက်လာပြီး “တီး..ဟားလဲ‌ဂေး”လို့ ကရင် လို နှုတ်ဆက်ကာ ခါးတွင်ရှိ မဲမဲရှည်ရှည် ‌သေနတ်တလက်ကို ထုတ်ပြီး ပဒိုမန်းရှာ၏ ရင်ဘတ်သို့ ချိန်ရွယ်ပစ်ခတ်လိုက်‌ကြောင်း၊ ထို့‌နောက် ပြန်ဆင်းသွား‌ကြောင်း၊ ‌လှေခါးထစ်တွင် ရပ်‌နေသူက ပဒိုမန်းရှာကို ဆက်လက်ပစ်ခတ်ပြီး‌နောက် သူတို့ (၂)ဦး ကား ‌ပေါ်သို့ ပြန်တက်ပြီး ကားကို ချက်ချင်း‌မောင်းထွက်သွား‌ကြောင်း ‌ပြောပါတယ်။

ထိုင်းပုလိပ်များက မျက်မြင်‌တွေ့ရှိသူများရဲ့ ‌ပြောပြတဲ့ လူသတ်သမားရဲ့ ပုံပန်းသဏ္ဍာန်များနဲ့ အနီးစပ်ဆုံးတူနိုင်မဲ့ လူနှစ်‌ယောက်ပုံ ကို ကွန်ပြူတာကို ဖွင့်ပြပါတယ်။ ဒီလူ‌တွေ ဟုတ်မဟုတ် ‌မေးပါတယ်။ မျက်မြင်‌တွေ့ရှိသူ (၃)ဦးစလုံးက အတည်ပြု ‌ပြောဆိုနိုင် ခြင်း မရှိပါ။ အိမ်‌အောက်ထပ်မှာ အိပ်‌ပျော်‌နေတဲ့ ‌စော‌စေး‌စေးက ‌သေနတ်သံကြားလို့ လန့်နိုးလာပြီး အပြင်ကို ထွက်လိုက်တဲ့အ ခါ ကားတစီးအရှိန်နဲ့ ‌မောင်းထွက်သွားကို မြင်လိုက်ရတဲ့အတွက် ကား‌နောက်ကိုလိုက်ပြီး ကားနံပါတ်ကို မှတ်ယူနိုုင်ခဲ့ပါတယ်။ ကားနံပါတ်အတိုင်း ထိုင်းပုလိပ်များလိုက်ရှာတဲ့အခါ ကားပိုင်ရှင်မှာ ထိုင်းနိုင်ငံသားဖြစ်ပြီး ကားကို ‌ရွှေကုက္ကိုလ်တဖက်ကမ်း ထိုင်း နိုင်ငံဘက်တွင်ရပ်ထား‌ကြောင်း သိရှိရပါတယ်။

ပဒိုမန်းရှာဟာ လူကိုယ်တိုင် လုပ်ကြံခြင်း မခံရခင် နိုင်ငံ‌ရေးအရ လုပ်ကြံမှုကို နှစ်အ‌တော်ကြာ ခံခဲ့ရပါတယ်။ အထူးသဖြင့် ပဒို် မန်းရှာကို ကရင်အမျိုးသား‌ရေးထက် ဒီမိုက‌ရေစီ‌ရေးကို ဦးစား‌ပေးသူ၊ ကရင့်‌တော်လှန်‌ရေးထက် မဟာမိတ်အ‌ရေး တပ်‌ပေါင်းစု အ‌ရေးကို ဦးစား‌ပေးသူ၊ ကရင်ပြည်အ‌ရေးထက် ဖယ်ဒရယ်အ‌ရေးကို ဦးစား‌ပေးသူ၊ အပြင်းထန်ဆုံးထိုးနှက်တဲ့ စကားလုံးက‌တော့ ဗမာမ ထမီကိုဆွဲပြီး လိုက်‌နေသူလို့ ဂုဏ်သိက္ခာချ ‌ပြောဆိုကြပါတယ်။ (‌ဒေါ်‌အောင်ဆန်းစုကြည်)ကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။ နိုင်ငံ‌ရေးအရ နားလည်သူများက ‌ဝေဖန်သုံးသပ်နိုင်‌ပေမဲ့ ကရင့်လူ့အဖွဲ့အစည်းအတွင်း နိုင်ငံ‌ရေးအားနည်းသူများတဲ့အတွက် နိုင်ငံ‌ရေး အားနည်းသူများက ပဒိုမန်းရှာအ‌ပေါ် အဆိုးမြင်လာကြပါတယ်။ စစ်အစိုးရနဲ့နီးစပ်တဲ့ ပြည်တွင်းကရင်အသိုင်းအဝိုင်းက လည်း ဒီစကား‌တွေကို အ‌တော်ဖွခဲ့ပါတယ်။ ‌ကေအဲန်ယူဗဟို‌ကော်မတီတချို့သည်ပင် ဒီစကားအတိုင်း လိုက်‌ပြောလာကြပါ တယ်။ စစ်အစိုးရက ဒီအခွင့်‌ကောင်းကိုယူပြီး ဗိုလ်သာရှီး၊ ဗိုလ်လယ်မူးနဲ့ ဗိုလ်ကြည်လင်းတို့ လုပ်ကြံခံရတာနဲ့ပတ်သက်ပြီး ပဒို မန်းရှာလက်ချက်လို့ ဝါဒဖြန့်ပါတယ်။ သိသာထင်ရှားတဲ့ အ‌ထောက်အထားနဲ့‌ပြောရရင် ဗိုလ်ကြည်လင်း‌သေဆုံးပြီး‌နောက် စစ်အ စိုးရရဲ့ ဝါဒဖြန့်ချိ‌ရေး စာရွက်စာတန်း‌တွေမှာ ပဒိုမန်းရှာလက်ချက်ပါဆိုပြီး ‌ဖေါ်ပြထားပါတယ်။ ပဒိုမန်းရှာလုပ်ကြံခံရပြီးတဲ့‌နောက် ပြည်တွင်းက လူတဦးရဲ့အမြင်ကို ကျ‌နော် ‌မေးစမ်းကြည့်ပါတယ်။ သူက ဘာပြန်‌ပြောလည်းဆိုရင် “သူများကို သတ်‌တော့လည်း သူလည်း ပြန်အသတ်ခံရတာ‌ပေါ့”လို့ ခပ်‌ပေါ့‌ပေါ့ပဲ ‌ဖြေပါတယ်။ စစ်အစိုးရနဲ့အတူ အကြံတူသူ‌တွေရဲ့ ပူး‌ပေါင်း‌ဆောင်ရွက်မှု ‌ကြောင့် ပဒိုမန်းရှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါ ကရင့်‌တော်လှန်‌ရေးအတွက် သင်ခန်းစာယူရမှာဖြစ်ပါတယ်။ ပဒိုမန်းရှာ လုပ်ကြံ ခြင်းမခံရခင် ပဒိုမန်းရှာ‌နောက်ဆုံးအ‌နေနဲ့ တက်လိုက်ရတဲ့ ‌ကေအဲန်ယူ ဗဟို အမြဲတမ်း‌ကော်မတီအစည်းအ‌ဝေးမှာ ပဒိုမန်းရှာက ဗိုလ်သာရှီး၊ ဗိုလ်လယ်မူးနဲ့ ဗိုလ်ကြည်လင်းတို့ ‌သေဆုံးတာနဲ့ပတ်သက်ပြီး ကျ‌နော် ညွှန်ကြားထားတယ်လို့ သတင်း‌တွေထွက်‌နေ တယ်။ ဘယ်သူညွှန်ကြားလဲဆိုတာ အခုထက်ထိ ကျ‌နော်လည်း မသိ‌သေးဘူးလို့‌ပြောပါတယ်။ အစည်းအ‌ဝေးမှတ်တမ်းများ မ‌ပျောက်ပျက်‌သေးရင် သူ‌ပြောခဲ့တဲ့စကား ရှိ‌နေအုံးမှာဖြစ်ပါတယ်။

အချိန်‌တွေ ဘယ်‌လောက်ပင်ကြာ‌သော်လည်း မျိုးချစ်ကရင်တိုင်းက ပဒိုမန်းရှာကို ‌မေ့နိုင်ကြမှာ မဟုတ်ပါဘူး။ ပဒိုမန်းရှာဟာ ထင်ရှားတဲ့ ကရင့်အာဇာနည်တစ်ဦးအဖြစ် ကရင့်သမိုင်းမှာ မှတ်တမ်းဝင်သွားပါပြီ။ ပဒိုမန်းရှာ အသက်ရှင်စဉ်ကာလ စိတ်အ ‌နှောက်အယှက်ဖြစ်ရပါတယ်ဆိုတဲ့ ပဒို‌ဒေးဗစ်‌ထောလည်း ကွယ်လွန်ခဲ့ပြီးဖြစ်ပါတယ်။ သူတို့နှစ်‌ယောက်စလုံး မမြင်မ‌တွေ့လိုက်ရ တဲ့ ‌ဒေးဗစ်‌ထောခမ်းမကို ဦး‌အောင်မင်းတို့ရဲ့‌ကောင်းမှုနဲ့ တည်‌ဆောက်ထားပါတယ်။ ဒါ့အပြင် ‌နော်‌ဝေးအစိုးရ ရံပုံ‌ငွေမှတဆင့် ငြိမ်းချမ်း‌ရေးလှုပ်ရှားသူများအတွက် ပညာသင်ဆုကို ‌နော်‌ဝေးဘုရင်က ‌ဒေးဗစ်‌ထော ပညာသင်ဆုလို့ မှည့်‌ခေါ်ထား‌ကြောင်း ‌နော်‌ဝေးဘုရင် ဗမာပြည်ခရီးစဉ်မှာ ‌ပြောသွားတာကို သတင်းများမှာ ဖတ်လိုက်ရပါတယ်။

ကရင့်‌ခေါင်း‌ဆောင်တဦးဖြစ်တဲ့ ပဒို‌ဒေးဗစ်‌ထောရဲ့သမိုင်းကို ဦး‌အောင်မင်းနဲ့ ‌နော်‌ဝေးဘုရင်တို့က သတ်မှတ်‌ပေးခြင်းထက် ကရင် ပြည်သူလူထုက သတ်မှတ်‌ပေးရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ ပဒို်မန်းရှာနဲ့ ပဒို‌ဒေးဗစ်‌ထောတို့ရဲ့ ရုပ်ကြွင်းများ အာဇာနည်ဗိမ္မာန် တစ်ခုတည်းမှာ အတူရှိ‌နေကြပါပြီ။ တ‌ယောက်က စစ်အစိုးရ လုပ်ကြံသတ်ဖြတ်လို့ အသက်ဆုံးရှုံးသွားတာဖြစ်ပြီး ‌နောက်တစ် ‌ယောက်က‌တော့ စစ်အစိုးရနဲ့ ‌ဆွေး‌နွေးရင်း ‌သေဆုံးသွားတာဖြစ်တယ်။ သူတို့နှစ်‌ယောက် တမလွန်မှာ‌တွေ့ရင် ဘာများ ‌ပြောဆို ကြမလဲလို ့ကျ‌နော်‌တွေး‌နေမိပါတယ်။