Home သတင်း ထိန်းချုပ်နယ်‌မြေအတွင်း ပိတ်ထားသည့် မဲဆန္ဒနယ် ဖွင့်ရန် ‌ကေအဲန်ယူ လက်ခံသည်ကို PSDP ကြိုဆို

ထိန်းချုပ်နယ်‌မြေအတွင်း ပိတ်ထားသည့် မဲဆန္ဒနယ် ဖွင့်ရန် ‌ကေအဲန်ယူ လက်ခံသည်ကို PSDP ကြိုဆို

1617

PSDP ဒုတိယဥက္ကဋ္ဌ မန်း‌အောင်ပြည်စိုး

ဇန်နဝါရီ ၂၄ရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွှန့်‌သောင်း

လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲ၌ ပြည်သူများ ဆန္ဒမဲ‌ပေးနိုင်ရန် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)က ၎င်းတို့ထိန်းချုပ် နယ်‌မြေအတွင်း ပိတ်ပင်ခံထားသည့် မဲဆန္ဒနယ်များ ပြန်ဖွင့်‌ပေး‌ရေးအတွက် လက်ခံ‌ကြောင်း ‌ပြောဆိုခဲ့မှုအ‌ပေါ် ကြိုဆိုသည်ဟု ဇန်နဝါရီလ ၂၃ရက်‌နေ့တွင် ဖလုံ-စ‌ဝေါ်ဒီမိုကရက်ပါတီ(PSDP)က ‌ပြောဆိုလိုက်သည်။

ယခုလ ဇန်နဝါရီ ၁၇ရက်‌နေ့က ဖားအံမြို့၊ ဇွဲကပင်ခမ်းမ၌ ကျင်းပသည့် ကရင်အမျိုးသား ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက နိုင်ငံ‌ရေးအ‌ခြေအ‌နေ တိုးတက်လာမှုအရ ၎င်းတို့ ထိန်းချုပ်နယ်‌မြေအတွင်းရှိ လိုအပ်သည့် မဲဆန္ဒနယ်‌နေရာများကို ဖွင့်‌ပေးနိုင်ရန် လုပ်‌ဆောင်‌ပေးသွားမည်ဟု ‌ပြောကြားခဲ့ပြီး‌နောက် PSDP က ယခုလို ကြို ဆိုလိုက်ခြင်းဖြစ်သည်။

PSDP ဒုတိယဥက္ကဌ မန်း‌အောင်ပြည်စိုးက “၂၀၁ဝတုန်းက‌တော့ ‌ကော်မရှင်က နယ်‌မြေလုံခြုံ‌ရေးအရ အ‌ကြောင်းပြပြီး‌တော့ အဲဒီ နယ်‌မြေ‌တွေကို ပိတ်ခဲ့တယ်။ အခု‌တော့ ‌ဒေသခံပြည်သူလူထုအကျိုးအတွက် ‌ကေအဲန်ယူလည်း ဖွင့်ခွင့်‌ပေးပြီးဆို‌တော့ အလွန် ဝမ်းသာပါတယ်။ ဒါ‌ပေမယ့် ‌ကော်မရှင်က ခွင့်ပြုဖို့လိုတယ်။ ‌စောင့်ကြည့်ရဦးမယ်။ အခုထိ ‌ကော်မရှင်ထံ ဘာအသံမှ မကြားရ ‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့များ ထိန်းချုပ်ရာ‌ဒေသများတွင် နယ်‌မြေ လုံခြုံ‌ရေးမရှိ ‌ကြောင်း အ‌ကြောင်းပြကာ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ မဲဆန္ဒနယ်‌မြေအချို့ကို ပိတ်ပင်တားဆီးရာ၌ ကရင်ပြည်နယ်အတွင်း၌ ၁၄၇‌နေရာ ပါဝင်ခဲ့သဖြင့် ‌ဒေသခံပြည်သူများအတွက် မဲဆန္ဒ‌ပေးခွင့် ဆုံးရှုံးခဲ့ကြရသည်ဟု PSDP က ဆိုသည်။

ထိုသို့ ပိတ်ပင်ခံထားရသည့် မဲဆန္ဒနယ်များအ‌ပေါ် ပဒို‌စောကွယ်ထူးဝင်းက “‌ကေအဲန်ယူအ‌နေနဲ့ နိုင်ငံ‌ရေးပါတီမဟုတ်တဲ့အတွက် ‌ရွေး‌ကောက်ပွဲဝင်ဖို့ မလိုအပ်ဘူး။ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ကရင်နိုင်ငံ‌ရေးပါတီနဲ့ အခြားပါတီ‌တွေအ‌နေနဲ့ လူထုဆန္ဒအရ ကိုယ်စားလှယ်များရရှိဖို့ လုပ်ရမှာပါ။ ဘာဖြစ်လဲဆို‌တော့ ‌ရွေး‌ကောက်ပွဲက ပြည်သူ့ကိုယ်စားလှယ် ကျ‌နော်တို့ ကရင်ပြည်နယ်အ တွင်းမှာ ကရင်ကိုယ်စားလှယ် မတက်လို့ရှိရင် ဒီမြို့က‌နေပြီး‌တော့ ဗမာကိုယ်စားလှယ်ပို့ရမှာလား‌ပေါ့”ဟု ဖားအံမြို့၊ ကရင်အမျိုး သား‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း မဲဆန္ဒနယ်များ ပြန်ဖွင့်‌ရေးနှင့်ပတ်သက်၍ ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဥက္ကဌ ဦးတင်‌အေး သည် ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာ ၂၉ရက်‌နေ့က ဖားအံမြို၊ ဇွဲကပင်ခမ်းမ၌ နိုင်ငံ‌ရေးပါတီနှင့် လူမှုအဖွဲ့အစည်းများကို ‌တွေ့ဆုံရာ နိုင်ငံ ပါတီများက လာမည့် ၂၀၁၅ မဲဆန္ဒနယ်‌မြေများ ပြန်လည်ဖွင့်‌ပေးရန်ရှိမရှိ ‌မေးမြန်းသည့်အခါ မဲဆန္ဒနယ် ပြန်လည်ဖွင့်‌ပေးပါက နိုင်ငံ‌ရေးပါတီများအ‌ပေါ် အနိုင်ကျင့်မှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်သည်ဟု ပြန်လည်‌ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁ဝပါတီစုံ‌ရွေး‌ကောက်ပွဲ ကျင်းပခဲ့ချိန်က ကရင်ပြည်နယ်အတွင်း၌ နယ်‌မြေလုံခြုံ‌ရေး အ‌ကြောင်းပြပြီး ပိတ်ထားခဲ့ သည့် မဲဆန္ဒနယ်‌မြေများ ၁၄၇‌နေရာမှာ ဖားအံမြို့နယ်၌ ၁၁‌နေရာ၊ ဖာပွန်မြို့နယ်၌ ၂၅‌နေရာ၊ ‌ကော့ကရိတ်မြို့နယ်၌ ၁၁‌နေရာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ၄၆‌နေရာ၊ မြဝတီမြို့နယ်၌ ၁‌နေရာ၊ သံ‌တောင်ကြီးမြို့နယ်၌ ၃၆နှင့် လှိုင်းဘွဲမြို့နယ်၌ ၁၇‌နေရာတို့ဖြစ် သည်။