Home သတင်း ၂၀၁၄ခုနှစ် ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆု စတင် အဆိုပြုနိုင်ပြီ

၂၀၁၄ခုနှစ် ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆု စတင် အဆိုပြုနိုင်ပြီ

2102

ဒီဇင်ဘာ ၁၂ရက်၊ ၂၀၁၄ခုနှစ်။ ‌စောသိန်းမြင့်

ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး(KNU) အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ဇနီးနမ့်‌ရွှေကျင် တို့နှစ်ဦးအား ရည်စူး၍ ကျန်ရစ်သူ သားသမီးများ တည်‌ထောင်ထား‌သော ဖန်း‌ဖောင်‌ဒေးရှင်း (Phan Foundation)မှ ၂၀၁၄ခုနှစ် အတွက် ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆု(Pado Mahn Shar Young Leader Award)ကို စတင် အဆိုပြုတင်သွင်းနိုင်ပြီဖြစ် ‌ကြောင်း ယမန်‌နေ့က ထုတ်ပြန်လိုက်သည်။

ဖန်း‌ဖောင်‌ဒေးရှင်းအဖွဲ့၏ ဒါရိုက်တာ ပဒိုမန်းရှာလားဖန်း၏ သားကြီး ‌စော‌စေး‌စေးဖန်းက “အမျိုးသား‌ရေးအတွက် အ‌ထောက်အ ကူပြုလုပ်ငန်း‌တွေကို ကြိုးပမ်းလုပ်‌ဆောင်‌နေတဲ့ လူငယ်‌တွေကို ဂုဏ်ပြုတဲ့အ‌နေနဲ့ ဒီဆုကို ‌ပေးအပ်တာဖြစ်တဲ့အတွက် အမျိုး သား‌ရေးကို စွမ်းစွမ်းတမံ လုပ်‌ဆောင်‌နေပြီး ထိုက်တန်တဲ့လူငယ်ကိုပဲ ကျ‌နော်တို့ ‌ရွေးချယ်သွားမှာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို ကရင်အမျိုးသားဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ကရင်လူမှုအဖွဲ့အစည်းအတွင်း ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လူမှု‌ရေးနှင့် ရိုးရာယဉ်‌ကျေးမှုဆိုင်ရာ စသည့် ကရင်လူမျိုးတို့၏ လိုအပ်ချက်များကို အ‌ထောက်အကူဖြစ်‌အောင် စွမ်းစွမ်းတမံ လုပ်‌ဆောင်‌ပေးသူ အသက် ၃၅နှစ်‌အောက် ကရင်လူငယ်များကို နှစ်စဉ် ‌ပေးအပ်ချီးမြှင့်‌နေခြင်းဖြစ်သည်။

၎င်းဆုအတွက် မိမိကိုယ်ကျိုးမကြည့်ဘဲ ကရင်အမျိုးသားတိုးတက်‌ရေးအတွက် လုပ်‌ဆောင်‌သော မည်သည့်ကရင်လူငယ်မဆို အမည်၊ အသက်၊ ‌မွေးသက္ကရာဇ်၊ ‌နေရပ်နှင့် အဖွဲ့အစည်းနာမည်များဖြင့်တကွ လူပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်‌စေ၊ သက်ဆိုင်ရာ အဖွဲ့အ စည်းတစ်ခုခုဖြစ်‌စေ ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၃၁ရက်‌နေ့ ‌နောက်ဆုံးထားပြီး ဖန်း‌ဖောင်‌ဒေးရှင်းထံသို့ အဆိုတင်သွင်းရမည်ဖြစ် သည်။ ဆုချီးမြှင့်ခံရသူကို ဆု‌ငွေ အ‌မေရိကန်‌ဒေါ်လာ ၂၀၀ဝဖြင့် လာမည့် ၂၀၁၅ခုနှစ် အ‌စောပိုင်းတွင် ‌ပေးအပ်သွားမည်ဟု ဖန်း ‌ဖောင်‌ဒေးရှင်း၏ အဆိုပြုလွှာထဲတွင် ‌ဖော်ပြထားသည်။

အစိုးရမဟုတ်‌သော အဖွဲ့အစည်း(NGO)တစ်ခု၌ အလုပ်လုပ်‌နေသည့် ကရင်လူငယ်တစ်ဦးဖြစ်သူ ‌နော်ဆာလူးလူက “ပဒိုမန်းရှာ ဆိုတာ အတုယူစရာ‌ကောင်းတဲ့ ‌ခေါင်း‌ဆောင်တစ်ဦးပါ။ ဖန်း‌ဖောင်‌ဒေးရှင်းက အခုလိုလူငယ်‌တွေကို ဆုချီးမြှင့်တဲ့ အစီအစဉ် လုပ် ‌ပေးတဲ့အတွက် ပဒိုမန်းရှာလို အရည်အချင်းရှိတဲ့ လူငယ်‌ခေါင်း‌ဆောင်‌တွေ ထွက်‌ပေါ်လာမယ်။ အရည်အချင်းရှိပြီး ထိုက်တန်တဲ့ လူငယ်‌တွေကိုပဲ ‌ရွေး‌စေချင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၀၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့၌ ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံရသည့် ‌ကေအဲန်ယူ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ကွယ်လွန်သူ ၎င်း၏ဇနီးသည် နမ့်‌ရွှေကျင်တို့အား ဂုဏ်ပြု‌သောအားဖြင့် ဖန်း ‌ဖောင်‌ဒေးရှင်းကို ကျန်ရစ်သူ သားသမီး‌လေးဦးက တည်‌ထောင်ခဲ့ခြင်းဖြစ်သည်။

၂၀၀၈ခုနှစ်မှစ၍ နှစ်စဉ် ချီးမြှင့်သည့် ယင်းဆုကို ‌ညောင်‌လေးပင်ခရိုင်မှ ‌နော်‌ဖောကဘလာထူး၊ ဖာပွန်ခရိုင်မှ ‌စောညွန့်ဝင်း၊ ဘိတ်-ထားဝယ်ခရိုင်မှ ‌နော်ဒီဇင်ဘာ‌ဖော၊ (Free Burma Ranger)အဖွဲ့မှ ‌စောထူးထူးအယ်၊ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေး အဖွဲ့(KWEG)မှ နမ့်သန္တာ‌အောင်နှင့် ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ ‌နော်က‌ညော‌ဖောတို့အား ‌ရွေးချယ်ချီးမြှင့်ခဲ့ပြီးဖြစ် သည်။