Home သတင်း မယ်လဒုက္ခသည်စခန်း လူငယ်နှီး‌နှောဖလှယ်ပွဲ၌ ဆုံးဖြတ်ချက် ၅ချက် ဆုံးဖြတ်

မယ်လဒုက္ခသည်စခန်း လူငယ်နှီး‌နှောဖလှယ်ပွဲ၌ ဆုံးဖြတ်ချက် ၅ချက် ဆုံးဖြတ်

1656

ဒီဇင်ဘာ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ ‌စောသိန်းမြင့်

ကရင်လူငယ်များ ပူး‌ပေါင်းလုပ်‌ဆောင်မှု အား‌ကောင်းလာရန် ရည်ရွယ်၍ ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းရှိ ကရင်‌ကျောင်းသားအဖွဲ့ ၆ဖွဲ့က ဒီဇင်ဘာ ၁၂ မှ ၁၄ရက်‌နေ့အထိ ကြာမြင့်‌သော ကရင်လူငယ် နှီး‌နှောဖလှယ်ပွဲတစ်ရပ်ကျင်းပကာ နှီး‌နှောဖလှယ်ပွဲအပြီးတွင် ဆုံးဖြတ်ချက် ၅ ချက်ပါ ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ဦး‌ဆောင်မှုဖြင့် လူငယ်များပိုမိုလှုပ်ရှားလာမှုကို လုပ်‌ဆောင်ရန်၊ ကရင် လူငယ်များ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ကရင်လူငယ်အစည်းအရုံး(KYO)နှင့် နီးကပ်စွာ ပူး‌ပေါင်းလုပ်‌ဆောင် သွားရန်၊ ၂၀၀၈ အ‌ခြေခံဥပ‌ဒေသည် ပြည်တွင်းငြိမ်းချမ်းရရှိ‌ရေးကို အဟန့်အတားဖြစ်‌စေ‌သော‌ကြောင့် ဆန့်ကျင် သွားရန်နှင့် သ‌ဘောတရားမူ(Ideological Paper)၊ လုပ်‌ဆောင်မှုအစီအစဉ် (Program Paper)စသည့် လူငယ် လမ်းညွှန်စာတမ်း ၂ခုကို အတည်ပြုခြင်း စသည်တို့ကို ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားခြင်းဖြစ်သည်။

နှီး‌နှောဖလှယ်ပွဲ ဖြစ်‌မြောက်‌ရေး ဦး‌ဆောင်ကျင်းပခဲ့သူ ကရင်‌ကျောင်းသားတစ်ဦးဖြစ်သူ ‌စောလယ်နယ်က “ဒီဆုံးဖြတ်ချက်‌တွေကို အ‌ကောင်အထည်‌ဖော်ဖို့ ကျ‌နော်တို့လူငယ်အဖွဲ့(၆)ဖွဲ့က ‌ခေါင်း‌ဆောင်ကိုယ်စားလှယ် တစ်ဦးစီ ဖွဲ့စည်းထားတယ်။ ပြီး‌တော့ သက်ဆိုင်ရာ ကျ‌နော်တို့‌ခေါင်း‌ဆောင်တို့နဲ့ တိုင်ပင်ပြီးရင် လုပ်‌ဆောင်သွား မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သုံးရက်ကြာ နှီး‌နှောဖလှယ်ပွဲတွင် ‌ရေးဆွဲထား‌သော သ‌ဘောတရားမူ (Ideological Paper)၊ လုပ်‌ဆောင်မှု အစီ အစဉ် Program Paper လူငယ်လမ်းညွှန်စာတမ်း၂ခုကို အပြန်အလှန်‌ဆွေး‌နွေးခြင်း၊ ကရင့်သမိုင်း‌ကြောင်း၊ မြန်မာ့နိုင်ငံ‌ရေးအ‌ခြေအ‌နေနှင့် လက်ရှိငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု အ‌ခြေအ‌နေတို့ ‌ဆွေး‌နွေးနှီး‌နှောဖလှယ်ခဲ့ကြ သည်ဟုလည်း သိရသည်။

အဆိုပါ လူငယ်နှီး‌နှောဖလှယ်ပွဲသို့ မယ်လစခန်းရှိ ကရင်လူငယ်အစည်းအရုံး(KYO)၊ ကရင်‌ကျောင်းသားများ ကွန်ယက်(KSNG)၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ ကရင်ပူး‌ပေါင်းဆက်သွယ်မှုနှင့် လူမှုအ‌ထောက်အကူ ပြုအဖွဲ့(KCCSC)၊ (STAR CLUB) နှင့် ‌ကော်သူး‌လေ‌ကျောင်းသား‌ဟောင်းအဖွဲ့(OSAKC)တို့အပါအဝင် လူငယ် ကိုယ်စားလှယ် ၆၀‌ကျော် တက်‌ရောက်ခဲ့ကြခြင်းဖြစ်သည်။

KSNG မှ ‌စောရဲမင်းထွန်းက “ကရင်လူငယ်(နယ်စပ်)‌တွေဟာ နိုင်ငံ‌ရေးအမြင် အားနည်းတယ်။ နှီး‌နှောဖလှယ်ပွဲ စစချင်းမှာ လက်ရှိနိုင်ငံ‌ရေးအ‌ခြေအ‌နေနဲ့ ကျင့်သုံး‌နေတဲ့ မူဝါဒ‌တွေကို သိပ်နားမလည်ကြဘူး။ ‌နောက်ပိုင်းမှ တက်တက်ကြွကြွ‌ဆွေး‌နွေးလာတာကိုလည်း ‌တွေ့ရတယ်။ ဒီနှီး‌နှောဖလှယ် ပွဲက‌နေ လူငယ်‌တွေ အမြင်ကျယ် လာမှာ ‌သေချာတယ်”ဟု ‌ပြောသည်။

ထို့အပြင် ကရင့်‌တော်လှန်‌ရေး‌အောင်မြင်ရန်အတွက် ကရင်ပြည်သူအားလုံးမှ ဝိုင်းဝန်ပံ့ပိုး‌ပေးရန် လိုအပ်သလို ကရင့်‌တော်လှန်‌ရေးအ‌နေဖြင့်လည်း တစ်နိုင်ငံလုံးရှိ ပြည်သူလူထု၊ ဒီမိုက‌ရေစီအင်အားစုများနှင့် ပူး‌ပေါင်းလုပ် ‌ဆောင်ရန် လိုအပ်‌ကြောင်း နှီး‌နှောဖလှယ်ပွဲ၏ ထုတ်ပြန်ချက်ထဲတွင် တိုက်တွန်းထားသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ကရင်ဒုက္ခသည်စခန်းဖြစ်‌သော မယ်လဒုက္ခသည်စခန်းတွင် ‌ကျောင်းသား လူငယ်အဖွဲ့များစု‌ပေါင်း၍ ယခုလို ကရင်လူငယ်နှီး‌နှောဖလှယ်ပွဲကျင်းပသည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်‌ကြောင်း သိရသည်။