Home သတင်း တ‌နော်သရီက‌ညောကုမ္ပဏီ ထီးခီးနယ်စပ်စခန်း ‌ဆောက်လုပ်ရန် လုပ်ငန်း ၃ခု ခွင့်ပြုချက်ရရှိ

တ‌နော်သရီက‌ညောကုမ္ပဏီ ထီးခီးနယ်စပ်စခန်း ‌ဆောက်လုပ်ရန် လုပ်ငန်း ၃ခု ခွင့်ပြုချက်ရရှိ

1982

ဒီဇင်ဘာ ၃ဝရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

တနသင်္ာရီတိုင်း‌ဒေသကြီး၊ ထားဝယ်မြို့နယ်၊ ‌မေတ္တာမြို့အနီးရှိ ထီးခီးကူးသန်း‌ရောင်းဝယ်‌ရေးစခန်း၏ ‌ဆောက်လုပ်‌ရေးလုပ်ငန်း ၃ခုကို တ‌နော်သရီက‌ညော ဖွံ့ဖြိုးတိုးတက်‌ရေးအများပိုင်ကုမ္ပဏီလီမိတက် (Tenawtherie Kanyaw Development Public Company Limited)က ခွင့်ပြုချက်ရရှိခဲ့ပြီး ဒီဇင်ဘာလကုန်တွင် စတင် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ကုမ္ပဏီဒါရိုက်တာက ‌ပြောသည်။

ကုမ္ပဏီဒါရိုက်တာ ‌နော်တာလားလာက “ကျမတို့ကုမ္ပဏီအ‌နေနဲ့ စခန်းအတွက်ကို တည်‌ဆောက်‌ရေးလုပ်ငန်း ရှစ်မျိုးအတွက် တင်ဒါ(‌ဈေး)‌ခေါ်တဲ့အခါ ကျမတို့က သုံးမျိုး ရတယ်။ အဲဒါကို ဒီလကုန်မှာ စတင် အ‌ကောင်အထည်‌ဖော်သွားမယ်”ဟု ‌ကေအိုင်စီ သို့ ‌ပြောဆိုသည်။

၎င်းကုမ္ပဏီအ‌နေဖြင့် ဝန်ထမ်းအိပ်‌ဆောင်နှင့် စားဖို‌ဆောင်‌ဆောက်လုပ်‌ရေး၊ သန့်စင်ခန်းအပြင် လျှပ်စစ်မီးသွယ်တန်း‌ရေး လုပ် ငန်းသုံးခုကို ရရှိထားကာ သုံးလအတွင်း အပြီးလုပ်‌ဆောင်သွားရန် လျာထားသလို ခွင့်ပြုဘတ်ဂျက် ‌ငွေကျပ်သိန်း (၆၅၀)ရရှိ ထား‌ကြောင်း ‌နော်တာလားက ဆက်‌ပြောသည်။

အဆိုပါလုပ်ငန်းများအပြင် ထီးခီးကူးသန်း‌ရောင်းဝယ်‌ရေးစခန်း ‌ဆောက်လုပ်‌ရေးအတွက် အစိုးရ၏ လျာထား‌မြေဧက ၇ဝတွင် ၃၈ဧကအတွင်း၌သာ ‌မြေယာရှင်းလင်း‌ရေး၊ ကုန်စည်စစ်‌ဆေးစင် ‌ဆောက်လုပ်‌ရေး၊ ပင်မရုံးအ‌ဆောက်အဦး ‌ဆောက်လုပ်‌ရေး၊ ‌ရေ‌ပေး‌ဝေ‌ရေး၊ လမ်း‌ဖောက်လုပ်‌ရေး အပါအဝင် လုပ်ငန်း ၈မျိုးတည်‌ဆောက်ရန် အစိုးရ၏ စီးပွား‌ရေးနှင့် ကူးသန်း‌ရောင်းဝယ်‌ရေး ဝန်ကြီးဌာန၏ ၂၀၁၄-၂၀၁၅ခုနှစ် ဘတ်ဂျက်အရ မြန်မာကျပ်‌ငွေသိန်း ၃,၄၀ဝ ခွင့်ပြု‌ပေးထားပြီး တ‌နော်သရီက‌ညောကုမ္ပဏီအ ပြင် SAN LINN TUN Co.Ltd၊ ROYAL THIRI PYAE SONE Co.Ltd ၊ ODESSA ကရင်အမျိုးသား Co.Ltd တို့ကလည်း တည် ‌ဆောက်‌ရေးအတွက် ခွင့်ပြုချက်ရရှိထား‌ကြောင်း သိရသည်။

ထိုနယ်‌မြေသည် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ထိန်းချုပ်ရာဖြစ်သဖြင့် ၎င်းကုမ္ပဏီ ‌ဆောက်လုပ်မည့်လုပ်ငန်းနှင့် ပတ်သက်၍ ကမ်းလှမ်းထားမှုကို မကြာခင် ခွင့်ပြုသွားမည်ဟု နီးစပ်သူများထံမှ သိရှိရ‌သော်လည်း အတည်ပြုနိုင်‌ရေးအတွက် ‌ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူများထံ ‌ကေအိုင်စီက ‌မေးမြန်းရန် ကြိုးစားရာ အဆက်အသွယ် မရရှိခဲ့‌ပေ။

ထီးခီးနယ်စပ်သွားလာ‌နေသူတစ်ဦးက “ဒီစခန်းက အရင်ကလည်း အစိုးရတပ်ဂိတ်‌ကော၊ ‌ကေအဲန်ယူဂိတ်‌ကော ရှိ‌ပေမဲ့ နယ်စပ် မို့ ‌ဒေသခံ‌တွေ‌ကော၊ ကုန်သည်‌တွေ‌ကော သွားလာ‌နေကြတာပါပဲ။ ကျ‌နော်သိရသ‌လောက်က အခုထိ ဒီစခန်းအတွက် ဘယ် ကုမ္ပဏီကမှ ဘာမှလာ‌ဆောက်တာ မ‌တွေ့ရ‌သေးပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တနသင်္ာရီတိုင်းရှိ ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်တွင် ‌မော‌တောင်၊ ‌ကော့‌သောင်းနှင့် ထီးခီး စသည့်နယ်စပ်ဂိတ် သုံးခုရှိရာ ယခုအချိန်တွင် ထီးခီးကူးသန်း‌ရောင်းဝယ်‌ရေးစခန်း ‌ဆောက်လုပ်‌ရေးအတွက် ‌မြေ‌နေရာရှင်းလင်းမှုများ လုပ်‌ဆောင်လျှက်ရှိ သည်။ ၎င်းကုမ္ပဏီသည် ယခုရရှိထား‌သော တည်‌ဆောက်‌ရေးလုပ်ငန်းများအပြင် ၂၀၁၄-၂၀၁၅ခုနှစ်၊ ခွင့်ပြုဘတ်ဂျက်‌ငွေကျပ် ၅၆၆သိန်းဖြင့် တနသင်္ာရီတိုင်း‌ဒေသကြီး ထားဝယ်မြို့နယ်အတွင်းရှိ ကသန်း‌ကျေးရွာ၊ ‌ခေါင်း‌ဆေး‌ချောင်းနှင့် ကမိတ်‌ကျေးရွာများ တွင်လည်း တန်ဖိုးနည်းအိမ်ရာ (၁၇)လုံးကို ‌ဆောက်လုပ်‌ပေး‌နေဆဲဖြစ်‌ကြောင်း ကုမ္ပဏီဒါရိုက်တာက ‌ပြောဆိုသည်။

တ‌နော်သရီက‌ညော ဖွံ့ဖြိုးတိုးတက်‌ရေး အများပိုင်ကုမ္ပဏီလီမိတက်ကို တနသင်္ာရီတိုင်း‌ဒေသကြီးအတွင်း ‌နေထိုင်‌သော ကရင်လူ မျိုးများ၏ ဘဝဖွံ့ဖြိုးတိုးတက်‌စေ‌ရေးအတွက် ရည်ရွယ်၍ ၂၀၁၃ခုနှစ်၊ ဩဂုတ်လ ၂၉ရက်‌နေ့က ထားဝယ်မြို့တွင် စတင် ဖွင့်လှစ်ခဲ့ သည်။