Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်၌ ပူး‌ပေါင်း‌ဆောင်ရွက်ရန် ကရင်လွှတ်‌တော်ကိုယ်စားလှယ်များနှင့် KUPC ‌ပြောဆို

ငြိမ်းချမ်း‌ရေးဖြစ်စဉ်၌ ပူး‌ပေါင်း‌ဆောင်ရွက်ရန် ကရင်လွှတ်‌တော်ကိုယ်စားလှယ်များနှင့် KUPC ‌ပြောဆို

1665

‌အောက်တိုဘာ ၆ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

မြန်မာနိုင်ငံရှိ ပါတီ‌ပေါင်းစုံမှ ကရင်လွှတ်‌တော်ကိုယ်စားလှယ်များနှင့် ကရင်အမျိုးသား စည်းလုံး‌ရေးညီညွတ်‌ရေးနှင့် ငြိမ်း ချမ်း‌ရေး‌ကော်မတီ(KUPC)တို့သည် ‌အောက်တိုဘာလ ၄ရက်‌နေ့က ပဲခူးတိုင်း‌ဒေသကြီး၊ ‌တောင်ငူမြို့ Royal graceဟိုတယ် ၌ ‌တွေ့ဆုံခဲ့ကြပြီး လက်ရှိငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ပူး‌ပေါင်း‌ဆောင်ရွက်ကြရန် ပူးတွဲ‌ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုပူးတွဲထုတ်ပြန်ချက်တွင် လုပ်‌ဆောင်‌နေဆဲငြိမ်းချမ်း‌ရေး ဆက်လက် လုပ်‌ဆောင်နိုင်ရန်အတွက် အတူတကွ စု‌ပေါင်းလုပ် ‌ဆောင်သွားရန်၊ ငြိမ်းချမ်း‌ရေး အမှန်တကယ် လက်မှတ်‌ရေးထိုးနိုင်‌ရေးအတွက် စိတ်ရှည်သည်းခံပြီး ဆက်လက်လုပ်‌ဆောင် သွားရန် စသည့်နှစ်ချက်ကို ထုတ်ပြန်ခဲ့သည်ဟု KUPC ‌ကော်မတီအဖွဲ့ဝင်လည်းဖြစ်၊ ကရင်ဒီမိုကရက်တစ်ပါတီ(PSDP) ဒုဥက္ကဌလည်းဖြစ်သူ မန်း‌အောင်ပြည်စိုးက ‌ပြောဆိုသည်။

“မြန်မာတစ်နိုင်ငံလုံးမှာ ကရင်လွှတ်‌တော်မတ် ၂ဝဦးရှိတယ်။ ၁၄ဦးတက်‌ရောက်တယ်။ ဒီ‌တွေ့ဆုံပွဲမှာ KUPC နဲ့ အပြန်အ လှန် ‌ဆွေး‌နွေး‌တွေ့ဆုံပြီး‌တော့မှ ကရင်ပြည်သူ‌တွေသိရ‌အောင် အခုလို ‌ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်”ဟု မန်း‌အောင်ပြည်စိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း‌ဒေသကြီးများမှ ကရင်လွှတ်‌တော်ကိုယ်စားလှယ်များနှင့် KUPC ကိုယ်စားလှယ် စုစု‌ပေါင်း ၅၀‌ကျော် တက်‌ရောက်ခဲ့သည့် ၎င်း‌တွေ့ဆုံပွဲတွင် KUPC ဘက်က မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေးဖြစ်စဉ် နှင့် ကရင်ပြည်သူများစည်းလုံးညီညွတ်မှု ပိုမိုရရှိ‌စေရန် နှစ်ဖက်အပြန်အလှန် အကြံပြု‌ဆွေး‌နွေးခဲ့သည်ဟု သိရသည်။

‌တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သည့် အမျိုးသားလွှတ်‌တော် ‌စော‌အောင်‌ကျော်နိုင်က “ဒီ‌တွေ့ဆုံပွဲမှာ ငြိမ်းချမ်း‌ရေး၊ စည်းလုံးညီ ညွတ်‌ရေးကိစ္စ‌တွေမှာ ကရင်လွှတ်‌တော်ကိုယ်စားလှယ်များအ‌နေနဲ့ ဘယ်လိုပါဝင်ပူး‌ပေါင်းလုပ်‌ဆောင်နိုင်မလဲ ဆိုတဲ့ သ‌ဘောပါပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကရင်လွှတ်‌တော်ကိုယ်စားလှယ်များနှင့် KUPC တို့က မြန်မာနိုင်ငံအတွင်း ကရင်တစ်မျိုးသားလုံး ပါဝင်နိုင်သည့် ညီလာခံတစ်ရပ် ‌ပေါ်‌ပေါက်‌ရေးအတွက် ကြိုးပမ်းပြီး မည်သို့ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်သင့်‌ကြောင်းတို့ကိုလည်း ‌တွေ့ဆုံပွဲတွင် ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

ကရင်အမျိုးသား စည်းလုံး‌ရေးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ(KUPC)ကို ၂၀၁၃ခုနှစ်၊ မတ်လ ၃ဝရက်‌နေ့က ဖားအံ မြို့တွင် ကျင်းပခဲ့သည့် ကရင်‌ရေးရာ အစည်းအ‌ဝေးအပြီး ဘာသာ‌ရေး၊ လူမှု‌ရေး၊ နိုင်ငံ‌ရေး၊ လက်နက်ကိုင်ကရင်အဖွဲ့‌ပေါင်းစုံ မှ ‌ခေါင်း‌ဆောင်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုလို ကရင်လွှတ်‌တော်ကိုယ်စားလှယ်များနှင့် ‌တွေ့ဆုံ၍ ပူးတွဲ‌ကြေညာချက် ထုတ်ပြန်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။