Home ဆောင်းပါး ဒုက္ခသည်များအတွက် လူ့ဂုဏ်သိက္ခာရှိတဲ့ အိမ်ပြန်ချိန်ဖြစ်‌စေလို

ဒုက္ခသည်များအတွက် လူ့ဂုဏ်သိက္ခာရှိတဲ့ အိမ်ပြန်ချိန်ဖြစ်‌စေလို

2292

(နန်းထူးစံ)

ဒုက္ခသည်များ ‌နေရပ်သို့ ပြန်လည်ပို့‌ဆောင်‌ရေးဆိုတဲ့ အသံ‌ကြောင့် လက်ရှိ ကရင်လူမှုအဖွဲ့အစည်း‌တွေ၊ ဒုက္ခသည်‌တွေအကြား မှာ ပိုမိုရိုက်ခတ်မှု ရှိလာတာကို ကြား‌နေရတယ်။ ကရင်လူမှုအဖွဲ့အစည်း‌တွေက ဒုက္ခသည်‌တွေ ပြန်ဖို့ အချိန်မတန်‌သေးဘူးလို့ ‌ပြောဆို‌နေကြသလို စခန်းအတွင်းရှိ ဒုက္ခသည်ထု‌တွေကလည်း အာဏာပိုင်‌တွေ အတင်းပြန်ပို့မှာကို စိုးရိမ်ပူပန်‌နေကြတယ်။

ပြီးခဲ့‌သော ဇူလိုင်လ ၄ရက်‌နေ့က မြန်မာနိုင်ငံ ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လိုင် ထိုင်းနိုင်ငံ လက်ရှိအာဏာ ရစစ်‌ခေါင်း‌ဆောင် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးပရာယွတ်ကျန်းအိုးချား (Prayuth Chan-ocha) နဲ့ ထိုင်းနိုင်ငံမှာ ‌တွေ့ဆုံခဲ့ စဉ် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၉ခုမှာရှိ‌နေတဲ့ မြန်မာဒုက္ခသည် တစ်သိန်းသုံး‌သောင်း‌ကျော်ကို ‌နေရပ်ရင်းသို့ပြန်နိုင် ‌ရေးအတွက် ပူး‌ပေါင်း‌ဆောင်ရွက်သွားရန် ‌ဆွေး‌နွေးခဲ့ကြ‌ကြောင်းကို ပြည်တွင်းပြည်ပရှိ သတင်းမီဒီယာ‌တွေမှာ သတင်း‌တွေ ထွက်‌ပေါ်လာတဲ့‌နောက် ဒုက္ခသည်‌တွေအတွက် ကြီးမားတဲ့ စိုးရိမ်မှု‌တွေ ဖြစ်လာတာ ဖြစ်ပါတယ်။

ဒုက္ခသည်ပြန်ပို့‌ရေးနဲ့ ပတ်သက်ပြီး လက်ရှိ မြန်မာ့နိုင်ငံ‌ရေး အ‌ခြေအ‌နေဟာ ဒုက္ခသည်‌တွေအတွက် လုံခြုံမှုမရှိ‌သေးတဲ့အတွက် ဒုက္ခသည်‌တွေ ‌နေရပ်ရင်း ပြန်ပို့ဖို့ အချိန်မတန်‌သေးဘူးလို့ ကရင်ဒုက္ခသည်‌ကော်မတီ(KRC)ရဲ့ ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌နော်ဘလူး မင်းနိုက်ဇန်က ‌ပြောတယ်။

“ကျမတို့မြင်တာက တစ်တချက်က ပြည်တွင်းမှာ ‌မြေမြှုပ်မိုင်း‌တွေ အကုန် မရှင်းလင်းနိုင်‌သေးဘူး။ နှစ်တချက်က တစ်ပြည်လုံး အပစ်အခတ်ရပ်စဲ‌ရေး မရ‌သေးဘူး။ ဒါ‌ကြောင့် ဒုက္ခသည်‌တွေရဲ့ လုံခြုံ‌ရေးအတွက် အာမခံချက်တခုမှ မရှိ‌သေးအတွက် ဒုက္ခ သည်‌တွေ ပြန်ပို့ဖို့က အချိန်မတန်‌သေးဘူးလို့ ‌ပြောချင်တယ်”လို့ ‌ပြောပါတယ်။

ကရင်‌ဒေသအတွင်း လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု‌တွေကို ‌လေ့လာ‌စောင့်ကြည့်‌နေတဲ့ ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ (KHRG) က သူတို့ရဲ့ ‌လေ့လာ‌တွေ့ရှိချက်အရ မြန်မာအစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူလက် မှတ်‌ရေးထိုးပြီး‌နောက် ကရင်‌ဒေသအတွင်းမှာ စီးပွား‌ရေးလုပ်ငန်း‌တွေ အများအပြားဝင်လာပြီး ‌မြေယာသိမ်းဆည်းမှု ပြဿနာ ‌တွေ၊ ‌မြေမြှုပ်မိုင်းပြဿနာ‌တွေ ရှိ‌နေဆဲပဲလို့ ‌ပြောပါတယ်။

“လက်ရှိ ကရင်‌ဒေသ‌တွေမှာ အစိုးရစစ်တပ်‌တွေရဲ့ လှုပ်ရှားမှု‌တွေရှိ‌နေဆဲ၊ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု‌တွေ ရှိ‌နေဆဲ ဖြစ်တဲ့အ‌ခြေ အ‌နေမှာ ဒုက္ခသည်‌တွေ ‌နေရပ်ပြန်ပို့‌ရေးကိစ္စမှာ အစိုးရကို ‌မေးခွန်းထုတ်စရာတခုရှိတာက ‌နေရပ်ပြန်မယ့် ဒုက္ခသည်‌တွေရဲ့ လုံခြုံ ‌ရေးအတွက် ဘယ်အတိုင်းအတာအထိ အာမခံချက်‌ပေးနိုင်လဲ”လို့ KHRG ရဲ့ ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌စော‌ဝေ့‌လေး ‌ပြောပါတယ်။

ဒုက္ခသည်‌တွေ ‌နေရပ်ရင်းပြန်ပို့‌ရေး သတင်း‌တွေ‌ကြောင့် ကရင်လူမှုအဖွဲ့အစည်းများ စိုးရိမ်တဲ့အသံ‌တွေ ထွက်‌ပေါ်လာချိန်မှာ ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီးဌာနက ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ထိုင်းအာဏာရ စစ်‌ခေါင်း ‌ဆောင်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်တို့ကြား ဒုက္ခသည်အ‌ရေး ‌ဆွေး‌နွေးမှု‌တွေဟာ သာမန်သ‌ဘောသာဖြစ်ပြီး အချိန်ကာလ အတိအကျ သတ်မှတ်ထားတာမျိုး မရှိဘူးလို့ ‌ပြောပါတယ်။
P1050305
သို့‌သော်လည်း ထိုသို့သတင်း‌တွေ ထွက်လာတာနဲ့ တချိန်တည်း ထိုင်း-မြန်မာ နယ်စပ်တ ‌လျှောက်ရှိ ကရင်ဒုက္ခသည် ၇ခုထဲမှာ ထိုင်းအာဏာပိုင်‌တွေက အ‌ကြောင်းပြချက် ရှင်းရှင်းလင်းလင်း မ‌ပေးဘဲ ဒုက္ခသည်စာရင်း စစ်တမ်း ‌ကောက်ယူမှု‌တွေ လုပ်‌ဆောင်လာတဲ့အတွက် ဒုက္ခသည်‌တွေရဲ့ စိုးရိမ်မှု‌တွေကို ပိုတိုးလာ‌စေတဲ့ အချက်တချက်ဖြစ်လာတယ်။

ထွက်‌ပေါ်လာတဲ့ သတင်း‌တွေနဲ့ လက်ရှိ ကြုံ‌တွေ‌နေရတဲ့ အ‌ခြေအ‌နေ‌တွေ‌ကြောင့် ဒုက္ခသည်‌တွေအတွက် စဉ်းစားစရာ၊ စိုးရိမ်စ ရာ‌တွေ ဖြစ်‌စေပါတယ်လို့လည်း ကရင်ဒုက္ခသည် ၇ခုအနက် အကြီးဆုံးစခန်းဖြစ်တဲ့ လူဦး‌ရေ ၄‌သောင်း‌ကျော် ‌နေထိုင်တဲ့ မယ်လ ဒုက္ခသည်စခန်းမှ စခန်းဥက္ကဌ ‌စော‌အောနက်စ်က ‌ပြောတယ်။

“အခုချိန်မှာ ပြည်တွင်း ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်‌တွေလည်း ကျ‌နော်တို့အတွက် ရှင်းရှင်းလင်းလင်း မဖြစ်‌သေးဘူး။ ကျ‌နော်တို့ လူထု‌တွေကို ပြန်ပို့မယ်ဆိုရင် လုံခြုံ‌ရေး၊ ‌နေ‌ရေးထိုင်‌ရေး အဆင်အ‌ပြေဘူးဆိုရင် ‌ရှေ့ဆက် အခက်အခဲ‌တွေ အများကြီး ကြုံရနိုင် တယ်”လို့ ‌စော‌အောနက်စ်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁ဝခုနှစ် ‌ရွေး‌ကောက်ပွဲပြီး ကြံ့ဖွံ့အစိုးရ တက်လာတဲ့‌နောက်ပိုင်း ဇူလိုင်လ ၂၀၁၃ခုနှစ်မှ ဇွန်လ ၂၀၁၄ခုနှစ်အ တွင်း UNHCR က Mae Fah Luang Foundation နဲ့ပူးတွဲပြီး ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် ၂ခု အပါအဝင် ဒုက္ခသည် ၉ခုမှာ ဒုက္ခသည်‌တွေရဲ့ သ‌ဘောထားစစ်တမ်း‌တွေ (Refugee Survey) ‌ကောက်ယူခဲ့ပါတယ်။ ဒုက္ခသည်‌တွေကို ပြန်လည်‌နေရာ ချထား‌ရေးအစီအစဉ်မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တာဝန်ရှိသူ‌တွေက ဇူလိုင်လ ၁၇ရက်‌နေ့၊ ထိုင်းနယ်စပ်တ‌နေရာမှာ လူထုအ‌ခြေပြု ကရင်လူမှုအဖွဲ့အစည်း‌တွေနဲ့ ‌တွေ့ဆုံပြီး သူတို့ရဲ့သ‌ဘောထား‌တွေကို ရှင်းလင်း‌ပြော ကြားခဲ့ပါတယ်။

ရှင်းလင်းပွဲ တက်‌ရောက်ခဲ့သူ‌တွေရဲ့ ‌ပြောပြချက်အရ UNHCR ရဲ့ သ‌ဘောထားဟာ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံ‌ရေးအ‌ခြေအ‌နေမှာ ဒုက္ခသည်‌တွေကို ‌နေရာပြန်လည်ချထားဖို့က အဆင်သင့်မဖြစ်‌သေးသလို အချိန်လည်း မတန်‌သေးတဲ့အပြင် ဒုက္ခသည်‌တွေ ပြန် ဖို့၊ မပြန်ဖို့ဆိုတာက ဒုက္ခသည်တစ်ဦးချင်းရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်အ‌ပေါ်မှာသာ မူတည်တယ်လို့ ဆိုပါတယ်။ ‌နောက်ပြီး UNHCR အ‌နေနဲ့ ဒုက္ခသည်‌တွေ ပြန်လည်အ‌ခြေချ‌နေထိုင်‌ရေးနှင့် ပတ်သက်လို့ ထိုင်းအစိုးရနဲ့ဖြစ်‌စေ၊ မြန်မာအစိုးရနဲ့ဖြစ်‌စေ ပူး‌ပေါင်း ‌ဆောင်ရွက်မယ့် အစီအစဉ်‌တွေ လက်ရှိမှာ ဘာတခုမှမရှိဘူးလို့ ရှင်းလင်း‌ပြောဆိုသွား‌ကြောင်း လူထုအ‌ခြေပြု ကရင်လူမှုအဖွဲ့အ စည်း‌တွေက ပြန်လည်‌ပြောပြပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကာလဟာ နှစ်‌ပေါင်း ၆၀‌ကျော်လို့ ‌ပြောဆိုလာ‌နေ‌ပေမဲ့ နှစ်‌ပေါင်း ၇ဝနီးလာခဲ့ပြီဖြစ်ပါတယ်။ ဒီပြည် တွင်းစစ်မီး‌ကြောင့် လူထု‌တွေအ‌နေနဲ့ ဆင်းရဲဒုက္ခမျိုးစုံ ရင်ဆိုင်ခဲ့ရပြီး ယခုလို အိမ်နီးချင်းထိုင်းနိုင်ငံမှာ ဒုက္ခသည်အဖြစ် သိမ်ငယ် စွာ ခိုလှုံ‌နေထိုင်‌နေရသလို ပြည်တွင်းအိုးမဲ့အိမ်မဲ့ ဒုက္ခသည်‌တွေကလည်း အများအပြား ဖြစ်လာခဲ့တာပါ။

လက်ရှိအချိန်မှာ‌တော့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း‌တွေအကြား အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှု ‌တွေရယူပြီး ငြိမ်းချမ်း‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးမှု‌တွေ အကြိမ်ကြိမ် လုပ်‌ဆောင်ခဲ့ရင်း တစ်ပြည်လုံးအပစ်အခတ်ရပ်စဲနိုင်ဖို့ ကြိုးပမ်း ‌ဆောင်ရွက်‌နေပါတယ်။ သို့‌သော်လည်း တချို့တိုင်းရင်းသား‌ဒေသ‌တွေဖြစ်တဲ့ သျှမ်း၊ ကချင်‌ဒေသ‌တွေမှာ တိုက်ပွဲ‌တွေ ဖြစ်ပွား‌နေ ဆဲဖြစ်သလို ယခုဆို ကရင်‌ဒေသ‌တွေမှာလည်း ရံဖန်ရံခါ ပစ်ခတ်မှု‌တွေ ဖြစ်ပွားလာ‌နေပြန်ပါတယ်။

ဒီလို မတည်ငြိမ်၊ မခိုင်မာ‌သေးတဲ့ ပဋိပက္ခ အ‌ခြေအ‌နေ‌တွေ‌ကြောင့် ဆင်းရဲဒုက္ခများစွာကို ‌ကျော်ဖြတ်လာခဲ့ရတဲ့ ဒုက္ခသည်‌တွေ ကို ‌နေရပ်သို့ ပြန်လည်‌နေရာချထားဖို့က နိုင်ငံတကာ စံချိန်စံနှုန်းနဲ့အညီ ‌ဘေးကင်းလုံခြုံပြီး လူ့ဂုဏ်သိက္ခာရှိစွာ ‌နေထိုင်‌ရေးအ တွက် အာမခံချက်ရှိတဲ့ အ‌ခြေအ‌နေတစ်ရပ် ဖြစ်ထွန်းတည်ရှိမှသာ ဒီအစီအစဉ် လုပ်‌ဆောင်သွားဖို့ ကရင်လူမှုအဖွဲ့အစည်း‌တွေ က လိုလား‌နေကြပါတယ်။