Home သတင်း ဒုက္ခသည်အ‌ခြေအ‌နေမှန်သိရန် ကရင်လူမှုအဖွဲ့များနှင့် UNHCR ‌တွေ့ဆုံ

ဒုက္ခသည်အ‌ခြေအ‌နေမှန်သိရန် ကရင်လူမှုအဖွဲ့များနှင့် UNHCR ‌တွေ့ဆုံ

1379

ဇွန် ၂၇ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့ အ‌ခြေစိုက် ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)မှ တာဝန်ရှိသူများက ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်လူထုအ‌ခြေပြုအဖွဲ့အစည်းများနှင့် ဒုက္ခသည်စခန်း‌ကော်မတီ တာဝန်ရှိသူများကို ယ‌နေ့ မွန်းလွဲ ၂နာရီ‌ကျော်တွင် မယ်လဒုက္ခသည်စခန်း၌ လာ‌ရောက်‌တွေ့ဆုံခဲ့သည်။

ထိုင်းနိုင်ငံအ‌ခြေစိုက်နှင့် မြန်မာနိုင်ငံအ‌ခြေစိုက် UNHCR တာဝန်ရှိသူများပါဝင်သည့် အဖွဲ့ဝင် ၉ဦးသည် ကရင်အမျိုးသမီးအစည်း အရုံး(KWO)၊ ကရင်လူငယ်အစည်းအရုံး(KYO)၊ ‌ကော်သူး‌လေပညာ‌ရေးဌာန(KED)၊ ကရင်ဒုက္ခသည်‌ကော်မတီ(KRC)၊ ကရင် ပြည်တွင်းဒုက္ခသည်များဆိုင်ရာ ‌ကော်မတီ(CIDKP)၊ ကရင်‌ကျောင်းသားများကွန်ရက်အဖွဲ့(KSNG) အပါအဝင် အခြားကရင်လူ ထုအ‌ခြေပြုအဖွဲ့အစည်းများနှင့် ကရင်ဒုက္ခသည်စခန်း ၇ခုမှ ကိုယ်စားလှယ်‌ပေါင်း ၄၀‌ကျော်တို့ကို ‌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့ ‌တွေ့ဆုံရာတွင် UNHCR ဘက်မှ လက်ရှိ မြန်မာနိုင်ငံရှိ ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်များအ‌ပေါ် ဒုက္ခသည်များ ၏ သ‌ဘောထားများ ပါဝင်ခြင်းရှိမရှိကို သိရှိလို၍ လာ‌ရောက်‌မေးမြန်းခဲ့ခြင်းဖြစ်သည်ဟု ‌တွေ့ဆုံပွဲ တက်‌ရောက်ခဲ့သူ KED ဌာန တာဝန်ခံ ပဒို‌စောလား‌စေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“UNHCR က သူတို့သိရှိထားတဲ့ သတင်းအချက်အလက်‌တွေကို ဖလှယ်တဲ့သ‌ဘောပါ။ ဒုက္ခသည်‌တွေ ဘယ်လို အ‌ခြေအ‌နေရှိ လဲ။ ဘယ်လိုသ‌ဘောထားရှိလဲ။ အဲဒါ‌တွေပဲ အဓိကထား‌မေးမြန်းပြီး ဖလှယ်‌ဆွေး‌နွေးတာပါ။ ဒုက္ခသည်‌တွေကို ပြန်ပို့မယ့်ကိစ္စက ‌တော့ သူတို့ ‌ပြောသွားတာ မရှိပါဘူး”ဟု ပဒို‌စောလား‌စေးက ‌ပြောသည်။

ထို့အပြင် လက်ရှိ မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား လုပ်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ် စဉ်အ‌ပေါ် အ‌သေးစိတ် မသိရှိရ‌သေး‌ကြောင်း ကရင်လူထုအ‌ခြေပြု အဖွဲ့အစည်းများနှင့် ဒုက္ခသည်စခန်းတာဝန်ရှိသူများက UNHCR တာဝန်ခံများအား ပြန်လည်‌ဖြေကြားခဲ့သည်ဟု သိရသည်။

ယခု‌တွေ့ဆုံမှုနှင့်ပတ်သက်၍ အမည်မ‌ဖော်လိုသူ ကရင်ဒုက္ခသည်များ‌ကော်မတီ(KRC) တာဝန်ရှိသူတစ်ဦးက “ဒီလိုလာ‌ရောက် တဲ့အ‌ပေါ်မှာ ‌ထွေ‌ထွေထူးထူး ‌ပြောစရာမရှိပါဘူး။ တကယ်လို့ မြန်မာပြည်မှာ စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေး ရပြီဆိုရင်‌တော့ သူတို့ (UNHCR)နဲ့ လက်တွဲလုပ်‌ဆောင်စရာ‌တွေ အများကြီးရှိလာမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့‌တွေ့ဆုံမှုမှ ရရှိလာ‌သော ဒုက္ခသည်များ၏ အ‌ခြေအ‌နေများ၊ သ‌ဘောထားများကို အချက်အလက်များအဖြစ် ပြန်လည်ပြုစု ကာ စာတမ်းတစ်ခု ပြုလုပ်သွားမည်ဖြစ်‌ကြောင်း လာ‌ရောက်‌တွေ့ဆုံခဲ့သည့် UNHCR ၏ သု‌တေသနတာဝန်ခံများက ‌ပြောဆိုခဲ့ သည်ဟုလည်း လူထုအ‌ခြေပြုအဖွဲ့များက ဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့် ဒုက္ခသည်များ၏ အ‌ခြေအ‌နေများကို သိရှိရန် UNHCR သည် ကရင်လူထုအ‌ခြေပြု အဖွဲ့အစည်းများနှင့် ဒုက္ခသည်စခန်း တာဝန်ရှိသူများအား ယခုလို သီးသန့်လာ‌ရောက် ‌တွေ့ဆုံမှု ပြုလုပ်ခြင်းဖြစ်သည်ဟု သိရ သည်။