Home သတင်း ‘ဆိုင်းငံ့ခြင်း သို့မဟုတ် အသွင်ကူး‌ပြောင်းခြင်း’ အစီရင်ခံစာ KHRG ထုတ်ပြန်

‘ဆိုင်းငံ့ခြင်း သို့မဟုတ် အသွင်ကူး‌ပြောင်းခြင်း’ အစီရင်ခံစာ KHRG ထုတ်ပြန်

1861

‌မေလ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

၂၀၁၂ခုနှစ်၊ အပစ်ခတ်ရပ်စဲပြီး‌နောက်ပိုင်း ‌ပြောင်းလဲလာသည့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်ခံရမှုများနှင့် ‌ဒေသခံတို့၏တုံ့ပြန်မှုများ ပါဝင်သည့် ‘ဆိုင်းငံ့ခြင်း သို့မဟုတ် အသွင်ကူး‌ပြောင်းခြင်း”ဟူ‌သော အစီရင်ခံစာတစ်‌စောင်ကို ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ (Karen Human Rights Group-KHRG)က ‌မေ ၁၃ရက်‌နေ့တွင် ရန်ကုန်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ထုတ်ပြန်လိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)နှင့် မြန်မာအစိုးရတို့အကြား ပဏာမ အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးပြီး ‌နောက် မြန်မာပြည်အ‌ရှေ့‌တောင်ဘက်ခြမ်းတွင် ဆက်လက် ဖြစ်ပွားလျှက်ရှိ‌သော လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ‌ကြောင့် ‌ဒေသ ခံများ၏ ခံစားရမှုများကို အများသိရှိ‌စေလို၍ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု KHRG က ဆိုသည်။

KHRG ၏ မူဝါဒပိုင်းဆိုင်ရာ စည်းရုံးလှုံ့‌ဆော်‌ရေး တာဝန်ခံ ‌နော်ခူးခူးဂျူးက “ဒီအစီရင်ခံစာကို ထုတ်ပြန်လိုက်တာဟာ ‌ဒေသခံ ‌တွေ လက်ရှိ ခံစား‌နေရတဲ့ အ‌ခြေအ‌နေ‌တွေကို ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူများအ‌နေနဲ့ သိရှိပြီး‌တော့ မူဝါဒပိုင်းဆိုင် ရာ ဆုံးဖြတ်ချက်ချတဲ့အခါမှာ သုံးသပ်နိုင်ဖို့ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁၂ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၁၃ခု၊ နိုဝင်ဘာလအတွင်း မြန်မာစစ်တပ်၊ နယ်ခြား‌စောင့်တပ်နှင့် ကရင်လက်နက်ကိုင် အဖွဲ့အစည်း များက ပြုလုပ်‌သော လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို ဓာတ်ပုံမှတ်တမ်း ၁၆၂စုံနှင့် မှတ်တမ်းမှတ်ရာ အ‌ထောက်အထား‌ပေါင်း ၃၈၈ချက်အ‌ပေါ် အ‌ခြေခံကာ အဂင်္လိပ်၊ မြန်မာဘာသာများဖြင့် ‌ရေးသား‌ဖော်ပြထားခြင်းဖြစ်သည်။

‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်းက “လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု‌တွေဟာ အရင်တုန်းကလို ကျယ်ကျယ်ပြန့်ပြန့် မရှိ‌တော့‌ပေမယ့် ဟိုတစ်ကွက်ဒီတစ်ကွက် ရှိ‌နေ‌သေးတာ‌တော့ အမှန်ပါပဲ။ ကျ‌နော်တို့အ‌နေနဲ့ အကုန်လုံးကို လက်လှမ်းမမှီ‌ပေမယ့် ကရင်လူမှုအဖွဲ့အစည်း‌တွေရဲ့ တင်ပြမှုအ‌ပေါ်မှာ မငြင်းပယ်ပါဘူး။ ဒီလိုဖြစ်စဉ်အ‌ပေါ်မှာ လူထုက တင်ပြ လာရင် အ‌ရေးယူမှု‌တွေ လုပ်‌ဆောင်သွားရမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအစီရင်ခံစာအရ မြန်မာပြည် အ‌ရှေ့‌တောင်ပိုင်း‌ဒေသများမှာ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေများအတွင်းရှိ ဖားအံ၊ ဒူးပလာယာ၊ ဖာပွန်၊ ထားဝယ်၊ ‌ညောင်‌လေးပင်၊ ‌တောင်ငူ၊ သထုံမြို့များမှ ကရင်လူထုများမှာ တိုက်ခိုက်ခံရခြင်း၊ အဓမ္မဖမ်းဆီး ထိန်းသိမ်းခံရ ခြင်း၊ အဓမ္မလုပ်အားခိုင်း‌စေခြင်း၊ အဓမ္မပြုကျင့်ခံရခြင်း၊ အခွန်‌ကောက်ခံခြင်းနှင့် ရွာသားများ၏ လယ်‌မြေများကိုသိမ်းယူခြင်း စသည့်များကို ခံစား‌နေရဆဲဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။

ဆက်လက်၍ ‌နော်ခူးခူဂျူးက “ဒီလိုလူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံရတာ အ‌ကြောင်းရင်း အများကြီးရှိ‌ပေမယ့် အဓိက က‌တော့ ‌မြေယာသိမ်းဆည်းမှုနဲ့ စီမံကိန်း‌တွေရဲ့ အကျိုးသက်‌ရောက်မှု‌ကြောင့် ဖြစ်လာတာက အ‌ခြေခံ အ‌ကြောင်းရင်းလို့‌တော့ ‌ပြောလို့ရ တယ်။ အဖြစ်အများဆုံးက‌တော့ ‌မြေယာသိမ်းဆည်းခံရမှုဖြစ်ပါတယ်”ဟု ဖြည့်စွက်‌ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ် အ‌ခြေစိုက် လွတ်လပ်‌သောအဖွဲ့အစည်းဖြစ်သည့် KHRG ကို ၁၉၉၂ခုနှစ်တွင် စတင်တည်‌ထောင်ခဲ့ပြီး ‌ကျေး လက်‌ဒေသလူထုနှင့် မြို့‌နေလူထုအကြား ခံစားရ‌သော လူအခွင့်အ‌ရေး ချိုး‌ဖောက်မှုများကို ‌တွေ့ဆုံ‌မေးမြန်းခြင်းများ ပြုလုပ်ပြီး အစီရင်ခံစာများ ‌ရေးသားတင်ပြခြင်းများ ပြုလုပ်ခဲ့ပြီး ၂၀၁၃ခုနှစ်တွင် ထိုင်ဝမ်နိုင်ငံမှ အာရှဒီမိုက‌ရေစီနှင့် လူ့အခွင့်အ‌ရေးဆု ချီးမြှင့်ခံခဲ့ရသည်။