Home သတင်း ၈ကြိမ်‌မြောက် ‌ကော်သဘ‌လေး‌ကျောင်း ဘွဲ့နှင်းသဘင်ပွဲ ကျင်းပပြီးစီး

၈ကြိမ်‌မြောက် ‌ကော်သဘ‌လေး‌ကျောင်း ဘွဲ့နှင်းသဘင်ပွဲ ကျင်းပပြီးစီး

1628
(၈ကြိမ်‌မြောက် ‌ကော်သဘ‌လေး ဘွဲ့နှင်းသဘင်အခမ်းအနား- Photo-KIC)

မတ်လ ၇ရက်၊ ၂၀၁၄ ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထမ့်‌ဆောင်ယန်းမြို့နယ် တိုးထ‌ကျေးရွာတွင် ဖွင့်လှစ်ထား‌သော မြန်မာ‌ရွှေ့ ‌ပြောင်း‌ကျောင်းတစ်‌ကျောင်းဖြစ်သည့် ‌ကော်သဘ‌လေး အထက်တန်းလွန်‌ကျောင်း၏ ၈ကြိမ်‌မြောက် ပွဲနှင်း သဘင်ပွဲကို ယ‌နေ့ ကျင်းပပြီးစီးသွားပြီဖြစ်သည်။

အဆိုပါ ဘွဲ့နှင်းသဘင်ပွဲအခမ်းအနားကို ယ‌နေ့နံနက် ထိုင်းစံ‌တော်ချိန် ၈နာရီမှ ၁၁နာရီအထိ ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ် ၂၀၁၄ခုနှစ်တွင် ‌အောင်မြင်သွားသည့် ‌ကျောင်းသူ‌ကျောင်းသား ၃၅ဦးကို ဂုဏ်ပြုလက်မှတ်များ ‌ပေးအပ်နှင်းခဲ့သည်။

၎င်း‌ကျောင်း၏ ဒါရိုက်တာဖြစ်သူ ဆရာ‌စောထွန်းဝင်းက “နှစ်နှစ်တာ ဒီ‌ကျောင်းကိုတက်ပြီး ဒီ‌နေ့ ‌အောင်မြင်သွား တဲ့ ‌ကျောင်းသူ‌ကျောင်းသား တချို့က ‌ဆေးပညာကို ဆက်လက်သင်ယူမယ်။ သူတို့ ရပ်ရွာက ပို့လာတဲ့ ‌ကျောင်းသူ‌ကျောင်းသား‌တွေကျ‌တော့ သူတို့အရပ်‌ဒေသကို ပြန်ပြီး အလုပ်လုပ်ရမယ်။ ကျန်တဲ့ ‌ကျောင်းသား ‌တွေက‌တော့ ကျ‌နော်တို့နဲ့‌နေပြီး အလုပ်လုပ်သွားဖို့ရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကော်သဘ‌လေး အထက်တန်းလွန်‌ကျောင်းတွင် ‌ကျောင်းပြီးစီးသွားသည့် ယခင်‌ကျောင်းသူ‌ကျောင်းသားများ သည် ကရင်လူမှုအဖွဲ့အစည်းအတွင်း များစွာ အ‌ထောက်အကူဖြစ်ခဲ့သည်ကို ‌တွေ့ရှိရသကဲ့သို့ ယခု ‌အောင်မြင် သွားသည့် ‌ကျောင်းသူ‌ကျောင်သားများသည်လည်း မိမိလူမှုအသိုင်းအဝိုင်းအတွက် အ‌ထောက်အကူဖြစ်ထွန်း လိမ့်မည်ဟု ‌မျှော်လင့်‌ကြောင်း ဆရာ‌စောထွန်းဝင်းက ဆက်လက်‌ပြောကြားသည်။

ယခုနှစ် ‌ကျောင်းပြီးစီးသွားသူ ပဲခူးတိုင်း ‌ကျောက်ကြီးမြို့နယ်မှ ‌စောဒါးမြစိုးက“ဒီ‌ကျောင်းကို လာတက်ရတဲ့ ရည်ရွယ်ချက်ကလည်း ဒီ‌ကျောင်းက ရတဲ့ပညာနဲ့ ရပ်ရွာကိုအတွက် ပြန်ပြီး အသုံးချသွားဖို့ပါ။ ဒီ ၂ နှစ်တာ အ‌တောအတွင်းမှာ ပညာ‌တွေအများကြီးသင်ယူခဲ့ရတယ်။ ဆို‌တော့ ကျ‌နော်ကိုယ့်‌နေရာကို ပြန်ပြီး အသုံးချသွား မှာပါ”ဟု ‌ပြောသည်။

အဆိုပါ ‌ကော်သဘ‌လေး အထက်တန်းလွန်‌ကျောင်းတွင် အ‌ခြေခံ စာရင်းကိုင်၊ သချင်္ာ၊ အ‌ခြေခံ‌ဆေးပညာ၊ ထိုင်းနှင့် အဂင်္လိပ် စသည့် ဘာသာရပ် ၅ဘာသာကို အဓိကထား သင်ကြားပို့ချ‌ပေးခဲ့သည့်အပြင် အ‌ခြေခံ သတင်းပညာနှင့် ကရင့်ရိုးရာဒုံးယိမ်းအကတို့ကိုလည်း သင်ကြားပို့ချ‌ပေးခဲ့သည်ဟု သိရှိရသည်။

ယခုနှစ်တွင် ‌ကျောင်းပြီးစီးသွားသူ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှ ‌ကျောင်းသူ ‌နော်မူးရာထူးကလည်း “ကျမက ‌ဆေးဆရာမ အရမ်းဖြစ်ချင်တဲ့သူပါ။ အခု ကျမတတ်‌မြောက်ထားတဲ့ ‌ဆေးပညာနဲ့ပဲ ကိုယ့်ရပ်ရွာအတွက် ပြန်ပြီး အကျိုးပြုသွားမယ်။ ကျမတို့ ရပ်ရွာဘက်မှာ သိပ်ကို လိုအပ်လို့ပါ”ဟု ‌ပြောသည်။

ယ‌နေ့ ကျင်းပပြုလုပ်သည့် ၎င်းဘွဲ့နှင်းသဘင်ပွဲအခမ်းအနားသို့ ရပ်‌ဝေး ရပ်နီး‌နေ ‌ကျောင်းသာမိဘများ၊ ‌ဒေသခံများ၊ ‌ကျောင်းဆရာ၊ ဆရာမများနှင့် ‌ကျောင်းသူ‌ကျောင်းသားများ အပါအဝင် စုစု ၃၀ဝ ဦး နီးပါး တက်‌ရောက်ခဲ့ကြသည်။

‌ကော်သဘ‌လေး အထက်တန်းလွန်‌ကျောင်းကို အထက်တန်းပညာ ‌အောင်မြင်သွား‌သော ပြည်တွင်းနှင့် နယ်စပ် ‌ဒေသရှိ ‌ကျောင်းသားလူငယ်များအ‌နေဖြင့် ဆက်လက်ပညာသင်ကြားနိုင်ရန်နှင့် မိမိလူမှုအဖွဲ့အစည်းအတွက် အ‌ထောက်အကူဖြစ်လာ‌စေရန် ရည်ရွယ်၍ က‌နေဒါနိုင်ငံသား ‌ဒေါက်တာ David Downham နှင့် Cathyတို့ ဇနီး‌မောင်နှံနှစ်ဦး ဦး‌ဆောင်‌သော PROJECT UMBRELLA BURMA (PUB) NGO အဖွဲ့အစည်း၏ အကူအညီ ဖြင့် ၂၀၀၆ခုနှစ်တွင် ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ မူ‌အေးပူ‌နေရာတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထို့‌နောက် နယ်‌မြေမတည်မငြိမ်မှု‌ကြောင့် ၂၀၀၈ခုနှစ်တွင် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ‌ပြောင်း‌ရွှေ့လာခြင်းဖြစ်သည်။