Home သတင်း ‌ဟောင်သ‌ရောမြစ်အတွင်း လှိုင်ကွယ်-မဲသ‌ရောအပိုင်း တံတား စတင် ‌ဆောက်လုပ်‌နေပြီ

‌ဟောင်သ‌ရောမြစ်အတွင်း လှိုင်ကွယ်-မဲသ‌ရောအပိုင်း တံတား စတင် ‌ဆောက်လုပ်‌နေပြီ

2367

စတင်‌ဆောက်လုပ်‌နေပြီဖြစ်သည့် လှိုင်ကွယ်-မဲသ‌ရော တံတား

ဇန်နဝါရီ ၂၇ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်ရှိ (လှိုင်ကွယ်-မဲသ‌ရောအပိုင်း) ‌ဟောင်သ‌ရောတံတားကို နိုင်ငံ‌တော်ဘတ်ဂျက်ဖြင့် အစိုးရ ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာန၏ ‌ကော့ကရိတ်မြို့နယ် တံတား‌ဆောက်လုပ်‌ရေး စီမံကိန်းအထူးအဖွဲ့(၂)က တာဝန်ယူကာ ဇန်နဝါရီ လ ပထမအပတ်မှစ၍ ‌ဆောက်လုပ်‌နေပြီဖြစ်သည်။

အရှည်‌ပေ ၉၂၀၊ အကျယ် ၂၄‌ပေရှိ အာစီတိုင်၊ သံချည်တို့ဖြင့် တည်‌ဆောက်လုပ်သွားမည့် ၎င်းတံတားကို တန်ချိန် (၆၀) ခံနိုင် ရည်ဝန် အာမခံကာ သုံးနှစ်နှင့်အပြီး တည်‌ဆောက်သွားမည်ဖြစ်‌ကြောင်း တံတား‌ဆောက်လုပ်‌ရေးစီမံကိန်း အထူးအဖွဲ့ (၂)၏ တာဝန်ရှိသူ ဦးတင်လှိုင်ကိုကိုက ‌ပြောသည်။

“ဒီတံတားကို သုံးနှစ်စီမံကိန်းနဲ့ ကျ‌နော်တို့ အပြီးတည်‌ဆောက်သွားမှာပါ။ ‌လော‌လောဆယ်‌တော့ စပြီးတည်‌ဆောက်‌နေတုန်း ‌ပေါ့”ဟု ဦးတင်လှိုင်ကိုကိုက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ယင်း‌ဟောင်သ‌ရောတံတား ‌ဆောက်လုပ်ခြင်း‌ကြောင့် ‌ဒေသခံလူထုများအတွက် သွားလာမှုများ လွယ်ကူလာ‌စေပြီး ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လူမှု‌ရေးနှင့် စီးပွား‌ရေးလုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်း‌စေရန် ရည်ရွယ်၍ တည်‌ဆောက်ရခြင်းဖြစ်သကဲ့သို့ ကုန်ကျစရိတ်အားဖြင့် ကျပ်သိန်းနှစ်‌ထောင် လျာထားသည်ဟု ကရင်ပြည်နယ်၊ လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီး၏ ကိုယ်‌ရေး အရာရှိ ‌ခေါင်ပန်‌ထော့က ‌ပြောသည်။

စတင်‌ဆောက်လုပ်‌နေပြီဖြစ်သည့် လှိုင်ကွယ်-မဲသ‌ရော တံတား

စတင်‌ဆောက်လုပ်‌နေပြီဖြစ်သည့် လှိုင်ကွယ်-မဲသ‌ရော တံတား

‌ကော့ကရိတ်မြို့နယ်၊ ‌လောင်းကိုင်ရွာခံ မန်းသိန်း‌ဇော်က “ဒီတံတား‌ဆောက်လုပ်‌ပေးတာ ‌ဒေသခံ‌တွေအတွက် အကျိုးစီးပွား ရရှိ လာမယ်။ ကျ‌နော်တို့က ဒီတံတားပြီးရင် လွတ်လပ်စွာ သွားလာချင်ကြတယ်။ အခွန်အခ‌ကောက်တာ‌တွေကို‌တော့ မ‌ကောက်ခံ ရင် အ‌ကောင်းဆုံး‌ပေါ့”ဟု ‌ပြောသည်။

ထိုတံတားတည်‌ဆောက်ပြီးဆုံး၍ အသုံးပြုနိုင်သည့်အချိန်တွင် ‌ဒေသခံပြည်သူလူထုအတွက် အကျိုးရှိလာနိုင်‌သော်လည်း ကား၊ ဆိုင်ကယ်များကို တံတားအသုံးပြုခ အဆမတန် ‌ကောက်ခံပါက ‌ဒေသခံများအတွက် အခက်အခဲဖြစ်‌စေနိုင်သည်ဟု မန်းသိန်း ‌ဇော်က ဆက်‌ပြောသည်။

‌ကော့ကရိတ်မြို့နယ်ရှိ ‌ဟောင်သ‌ရောမြစ်အတွင်း ၂၀၁၃ခုနှစ်က “ကျိုက်ဒုံ” မြစ်ကူးတံတားတစ်စင်းကို အလားတူ တည်‌ဆောက် ခဲ့ရာ ယခုအချိန်တွင် သွားလာ‌ရေးအတွက် စတင် အသုံးပြု‌နေပြီဖြစ်သည်။

ယခင်က ‌ဟောင်သ‌ရောမြစ်‌ကြောတစ်‌လျှောက် ‌ဒေသခံများမှာ ‌လှေများဖြင့်သာ သွားလာခဲ့ရပြီး အသွားအပြန်ခရီးအတွက် လူ တစ်ဦးလျှင် ၁၂၀ဝကျပ် ‌လှေခ ကုန်ကျ‌ကြောင်း သိရသည်။