Home သတင်း ကလို့ထူး‌ဘော DKBA ဗိုလ်ချုပ်‌စောလားပွယ် ရန်ကုန်တွင် ‌ဆေးကုသမှု ခံ‌နေရ

ကလို့ထူး‌ဘော DKBA ဗိုလ်ချုပ်‌စောလားပွယ် ရန်ကုန်တွင် ‌ဆေးကုသမှု ခံ‌နေရ

1601

ဒီဇင်ဘာ ၂၇ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

ဒီမိုက‌ရေစီ အကျိုးပြု ကရင်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်‌စောလားပွယ် (‌ခေါ်) ဗိုလ်နှုတ် ခမ်း‌မွှေးသည် လည်ပင်းနှင့်ဆိုင်‌သော ‌ရောဂါ‌ဝေဒနာ ခံစား‌နေရ‌သော‌ကြောင့် ရန်ကုန်မြို့ ‌မြောက်ဒဂုံရှိ ပင်လုံ ‌ဆေးရုံသို့ သွား‌ရောက်၍ ‌ဆေးကုသမှု ခံယူလျှက်ရှိ‌ကြောင်း သိရသည်။

ဗိုလ်ချုပ်‌စောလားပွယ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဆုံဆည်းမြိုင်(‌ကော်သူးမွဲခီး) ဒီ‌ကေဘီ‌အေ ဌာနချုပ် မှ ဒီဇင်ဘာ ၂၅ရက်‌နေ့တွင် ရန်ကုန်သို့ သွား‌ရောက်ကာ ‌ဆေးကုသမှု ခံယူခဲ့ခြင်းဖြစ်သည်ဟု အတူလိုက်ပါသွား သူ ဒီ‌ကေဘီ‌အေ မြဝတီ ဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်မှူး‌စော‌မောင်‌လေးက ‌ပြောသည်။

“သူ့(ဗိုလ်ချုပ်‌စောလားပွယ်)ရဲ့ ‌ရောဂါအ‌ခြေအ‌နေကို ဆရာဝန်က စစ်‌ဆေးမှု လုပ်‌နေတုန်းပါပဲ။ သူ့လည်ပင်းမှာ ဖြစ်တဲ့ အနာဟာ ဘာ‌ရောဂါလဲဆိုတာ ဆရာဝန်‌တွေက အ‌ဖြေအတိအကျ မထုတ်‌ပြော‌သေးဘူး။ ကျ‌နော်တို့ ‌ခေါင်း‌ဆောင်ကို အမြန်ဆုံး ပြန်‌ကောင်း‌စေချင်တယ်။”ဟု ဗိုလ်မှူး‌စော‌မောင်‌လေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဗိုလ်ချုပ်‌စောလားပွယ်၏ ‌ရောဂါ‌ဝေဒနာ အ‌ခြေအ‌နေကို စမ်းသပ်စစ်‌ဆေးပြီး ဆရာဝန်များထံမှ ထွက်ဆိုလာမည့် အ‌ဖြေအ‌ပေါ် မူတည်၍ လိုအပ်ပါက ‌ဆေးကုသမှုကို ပြည်ပနိုင်ငံသို့ သွား‌ရောက်ပြုလုပ်သွားရန် စီစဉ်ထားသည် ဟုလည်း ၎င်းက ဆက်‌ပြောသည်။

လက်ရှိအချိန်တွင် ပင်လုံ‌ဆေးရုံ၌ ‌ဆေးကုသမှုခံယူ‌နေသည့် ဗိုလ်ချုပ်‌စောလားပွယ်ကို မြန်မာငြိမ်းချမ်း‌ရေးစင် တာမှ ဝန်ကြီးဦး‌အောင်မင်း၊ ဦးလှ‌မောင်‌ရွှေနှင့် အစိုးရအဖွဲ့ဝင်အချို့က ယမန်‌နေ့ ဒီဇင်ဘာ ၂၆ရက်‌နေ့တွင် သွား ‌ရောက်ကြည့်ရှုခဲ့‌သေးသည်ဟု ဒီ‌ကေဘီ‌အေဘက်က ‌ပြောဆိုသည်။

ဗိုလ်ချုပ်‌စောလားပွယ်၏ ‌ရောဂါအ‌ခြေအ‌နေအရ ပြည်ပနိုင်ငံသို့ ‌ဆေးသွား‌ရောက်ကုသမှု ခံယူရမည်ဆိုပါက စကင်္ာပူနိုင်ငံကို လျာထားသလို ပြည်ပခရီးစဉ်နှင့်ပတ်သက်၍လည်း ကြိုတင်ပြင်ဆင်ထားသည်ဟုလည်း သိရ သည်။

ယခင် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅) တပ်မဟာမှူး ဖြစ်ခဲ့သည့် ဗိုလ်ချုပ်‌စောလားပွယ်သည် ၂၀၁ဝခုနှစ်က မြန်မာ စစ်အစိုးရ၏ နယ်ခြား‌စောင့်တပ် ဖွဲ့စည်း‌ရေးကို လက်မခံဘဲ ယင်းနှစ် နိုဝင်ဘာ ၈ရက်‌နေ့တွင် အစိုးရတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့‌နောက်၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ ၆ရက်‌နေ့တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးခဲ့သည်။

ထို့အပြင် ၂၀၁၂ခုနှစ်က ထိုင်းမူးယစ်‌ဆေးဝါး ထိန်းချုပ်‌ရေးဘုတ်အဖွဲ့ရုံး(ONCB)က ဗိုလ်ချုပ်‌စောလားပွယ်အား မူးယစ်‌ဆေးဝါး ‌ရောင်းဝယ်‌ဖောက်ကားမှုဖြင့် ဆု‌ငွေထိုင်းဘတ် ၁သန်း (‌ဒေါ်လာ ၃၂,၀၀ဝခန့်) ဖမ်းဝရမ်းထုတ် ထား‌သော်လည်း ONCB ၏ စွပ်စွဲမှုမှာ မဟုတ်မှန်‌ကြောင်း ဒီ‌ကေဘီ‌အေဘက်က ပြန်လည်တုံ့ပြန်ခဲ့သည်။