Home သတင်း KNU ‌ကော့ကရိတ်မြို့နယ် ကွန်ဂရက်အပြီး ‌ခေါင်း‌ဆောင်‌ပြောင်းလဲမှု သိပ်မရှိ

KNU ‌ကော့ကရိတ်မြို့နယ် ကွန်ဂရက်အပြီး ‌ခေါင်း‌ဆောင်‌ပြောင်းလဲမှု သိပ်မရှိ

1819

နိုဝင်ဘာ ၈ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဒူးပလာယာခရိုင်၊ ‌ကော့ကရိတ်မြို့နယ်အဆင့် ကွန်ဂရက်(ညီလာခံ) တစ်ရပ်ကို နိုဝင်ဘာ ၄ရက်‌နေ့မှ ၆ရက်‌နေ့အထိ ‌ကော့ကရိတ်မြို့နယ်၊ စကားဝှက်‌ကျေးရွာအုပ်စုရှိ ကတိုးထာ့ရွာတွင် ပြုလုပ်ကျင်းပခဲ့ရာ မြို့နယ်အဆင့် ‌ခေါင်း‌ဆောင်အ‌ပြောင်းအလဲ သိပ်မရှိ‌ကြောင်း ပြန်လည်‌ရွေး‌ကောက်ခံရသူတစ်ဦးက ‌ပြောသည်။

KNU ‌ကော့ကရိတ်မြို့နယ် အတွင်း‌ရေးမှူးအဖြစ် ထပ်မံ ‌ရွေး‌ကောက်ခံရသူ‌စောအယ်‌ကော်‌သောက “ဒီကွန်ဂရက်‌နေ့ ထိပ်ပိုင်း ‌ကော်မတီဝင် ငါးဦးကို‌ရွေးတာ တွဲဘက်အတွင်း‌ရေးမှူးတစ်‌ယောက်ပဲ ‌ပြောင်းလဲမှုရှိတယ်။ တခြားလည်း သိပ်အ‌ပြောင်းအလဲ မရှိ ဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းကွန်ဂရက်သို့ တက်‌ရောက်လာ‌သော ကိုယ်စားလှယ်များက ‌ကော့ကရိတ်မြို့နယ် အမြဲတမ်း‌ကော်မတီဝင် (၂၁)ဦးနှင့် အလုပ် အမှု‌ဆောင် ‌ကော်မတီများကို လျှိ့ဝှက်မဲစနစ်ဖြင့် ဥက္ကဌ ‌စော‌မောထူး၊ ဒုဥက္ကဌ ‌စောကို့ထူး၊ အတွင်း‌ရေးမှူး ‌စောအယ်‌ကော်‌သော၊ တွဲဘက်အတွင်း‌ရေးမှူး ‌စော‌နေထူးနှင့် တရားသူကြီးအဖြစ် မန်းထွန်းလွင်တို့ကို ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ကြသည်။

အဆိုပါကွန်ဂရက်သို့ KNU ဗဟိုမှ ပဒို‌စောလှထွန်း၊ ပဒို‌စောသမိန်ထွန်းအပြင် ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ အရပ်ဖက်၊ စစ်ဖက် ကိုယ်စားလှယ်များ၊ ‌ဒေသခံ‌ကျေးရွာ (၁၁၃)ရွာမှ လူထုကိုယ်စားလှယ်များ စုစု‌ပေါင်း ၃၄၉ဦး တက်‌ရောက်ခဲ့ကြသည်။

KNU kawkareik congress (Nov_2013)
ထို့အပြင် ကွန်ဂရက်တွင် စစ်‌ရေး၊ နိုင်ငံ‌ရေး၊ အုပ်ချုပ်‌ရေး၊ စီးပွား‌ရေး၊ ဖွံ့ဖြိုး‌ရေး၊ ကျန်းမာ‌ရေး၊ လူမှု‌ရေး စသည်တို့ကို တက် ‌ရောက်လာ‌သော ကိုယ်စားလှယ်များက အစီရင်ခံစာတင်သွင်းခြင်း၊ အတည်ပြုခြင်းနှင့် ‌ရှေ့ဆက်လုပ်‌ဆောင်မည့် လုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ ‌ဆွေး‌နွေးခဲ့ကြသည်ဟု နိုဝင်ဘာ ၆ရက်‌နေ့၌ ထုတ်ပြန်သည့် KNU ‌ကော့ကရိတ်မြို့နယ်၏ ကွန်ဂရက်‌ကြေညာ ချက်တွင် ‌ဖော်ပြထားသည်။

ကွန်ဂရက်သို့ တက်‌ရောက်ခဲ့သူ ‌ဒေသခံ ‌စောခူထီးက “အရင်က မငြိမ်းချမ်းလို့ ဒုက္ခ‌ရောက်တာ၊ အခုလည်း သိပ်ပြီး ‌ထွေ‌ထွေထူး ထူး ‌ပြောင်းလဲတာ မရှိ‌သေးဘူး။ အခု‌ကော့ကရိတ်မြို့နယ်အတွင်းမှာ ဖွံ့ဖြိုး‌ရေး‌ကြောင့် ပြည်သူ‌တွေခံ‌နေရတုန်းပဲ။ ဒါ‌တွေကို အခု အ‌ရွေးခံရတဲ့ ‌ခေါင်း‌ဆောင်‌တွေအ‌နေနဲ့ ‌ပြေလည်‌အောင် အတတ်နိုင်ဆုံး ‌ဖြေရှင်း‌ပေးဖို့ ‌တောင်းဆိုချင်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောအယ်‌ကော်‌သောက ယခုတက်လာသည့် ‌ကော့ကရိတ်မြို့နယ် ‌ခေါင်း‌ဆောင်များအ‌နေဖြင့် ၎င်းမြို့နယ်အတွင်းရှိ ပြည်သူလူထု ၏ အကျိုးစီးပွားကိုကြည့်ပြီး KNU ဗဟို၏ ချမှတ်ထားသည့် လမ်းစဉ်အတိုင်း ‌ရှေ့ဆက် လုပ်‌ဆောင်သွားမည်ဟု ဖြည့်စွက်‌ပြောဆို သည်။

KNU ‌ကော့ကရိတ်မြို့နယ် ကွန်ဂရက်ကို ၂နှစ်တစ်ကြိမ် ကျင်းပလာခဲ့ရာ ၂၀၀၈တွင် နယ်‌မြေမတည်ငြိမ်မှုများ‌ကြောင့် ၄နှစ် ရပ် နားခဲ့ရပြီးမှ ယခု ပြန်လည်ကျင်းပလာနိုင်ခြင်းဖြစ်သည်။