Home သတင်း ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ငါးမြို့နယ်စု‌ပေါင်းကျင်းပနိုင်‌ရေး ‌ကော်မတီ ဖွဲ့စည်း

ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ငါးမြို့နယ်စု‌ပေါင်းကျင်းပနိုင်‌ရေး ‌ကော်မတီ ဖွဲ့စည်း

1673

‌အောက်တိုဘာလ ၁၆ရက်။ ၂၀၁၃ခုနှစ်။ ‌စောသိန်းမြင့်

ကရင်သက္ကရာဇ် ၂၇၅၃ခုနှစ်အတွက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်ကို ကရင်ပြည်နယ်အတွင်း မြို့နယ် ၅မြို့နယ် စု‌ပေါင်း ကျင်းပနိုင်ရန် ကရင်အဖွဲ့အစည်း‌ပေါင်းစုံ ပါဝင်‌သော ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်ဖြစ်‌မြောက်‌ရေး‌ကော်မတီတစ်ခုကို ယမန်‌နေ့က ဖွဲ့စည်းလိုက်သည်။

ကရင်နှစ်သစ်ကူး‌နေ့နှင့် ပတ်သက်ပြီး ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ‌ရွှေကုက္ကိုမြိုင်ရွာခမ်းမတွင် ယမန်‌နေ့ နံနက် ၉နာရီမှ ည‌နေ ၅နာရီ‌ကျော်အထိ အစည်းအ‌ဝေး ကျင်းပပြုလုပ်ခဲ့ရာ ကရင်လက်နက်အဖွဲ့အစည်းများမှ ‌ခေါင်း‌ဆောင်များ၊ ကရင်နိုင်ငံ‌ရေးပါတီ ‌ခေါင်း‌ဆောင်များနှင့် ဖားအံ၊ လှိုင်း ဘွဲ၊ ‌ကော့ကရိတ်၊ ကြားအင်းဆိပ်ကြီး၊ မြဝတီမြို့နယ်များမှ ရပ်မိရပ်ဖများက ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော် စု‌ပေါင်းကျင်းပနိုင်‌ရေးကို ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး ‌ကော်မတီ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

အဆိုပါ‌ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ကရင်နယ်ခြား‌စောင့်တပ် BGF (၁၀၁၈)တပ်ရင်းမှူး ဗိုလ်မှူး‌မောင်ဝင်း၊ ဒုဥက္ကဋ္ဌအဖြစ် ‌ကေအဲန်ယူ စည်းရုံး‌ရေးဌာနတာဝန်ခံ ပဒို‌စောလှထွန်း၊ အတွင်း‌ရေးမှူး ‌ရွှေကုက္ကို‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး မန်းအုန်း‌ရွှေ၊ တွဲဘက်အ တွင်း‌ရေးမှူး BGF အမှတ်(၃)တိုက်နယ်မှ ဗိုလ်မှူးတင်ဝင်း၊ BGF အမှတ် (၃)တိုက်နယ် အကြံ‌ပေးအရာရှိ မန်းပြည်‌အေးနှင့် စာရင်းစစ်အဖြစ် ဖားအံခရိုင် ဥက္ကဋ္ဌ ပဒို‌စော‌အောင်‌မော်‌အေးတို့ အပါအဝင် ‌ကော်မတီဝင်‌ပေါင်း ၁၉ဦးဖြင့် ဖွဲ့စည်းထားသည်။

ထို့အပြင် ၎င်း‌ကော်မတီကို ဦး‌ဆောင်ညွှန်ကြားရန် ‌ကေအဲန်ယူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီ၊ KNU/KNLA ငြိမ်းချမ်း‌ရေး ‌ကောင်စီမှ ဗိုလ်ချုပ်ရင်နု၊ BGF ကွပ်ကဲ‌ရေးဥက္ကဋ္ဌ ‌စောထွန်းလှိုင်နှင့် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့မှ ခွဲက‌ဘောင်အထက်တန်း ‌ကျောင်းအုပ်ကြီး မန်းဗလရှင်တို့ကိုလည်း နာယကအဖြစ် ‌ရွေးချယ်တင်‌မြှောက်ခဲ့သည်ဟု သိရသည်။

‌ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူး‌မောင်ဝင်းက “ဒီနှစ် ကရင့်နှစ်သစ်ကူးပွဲ‌တော်ကို မြို့နယ် ငါးမြို့နယ် စု‌ပေါင်းကျင်းပဖို့ရယ်။ ‌နောက်ပြီး ဒီ ကရင်နှစ်သစ်ကူးပွဲ‌တော်ဟာ အနစ်သာရရှိရှိ ကျင်းပနိုင်ဖို့နဲ့ ကရင်အမျိုးသားရဲ့ စည်းလုံးညီညွတ်‌ရေး ကမ္ဘာကို ပြသဖို့အတွက် ဒီ‌ကော်မတီကို ဖွဲ့စည်းလိုက်တာဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကရင်နှစ်သစ်ကူးပွဲ‌တော် ဖြစ်‌မြောက်‌ရေးအတွက် မိမိတာဝန်ယူရမည့် အခန်းကဏ္ဍများကို လုပ်‌ဆောင်သွားရန် သက် ဆိုင်ရာ ဆပ်‌ကော်မတီများကိုလည်း ဖွဲ့စည်းခဲ့သည်ဟု ဗိုလ်မှူး‌မောင်ဝင်းက ဖြည့်စွက်‌ပြောဆိုသည်။

ယခုနှစ်ကျင်းပမည့် ကရင်အမျိုးသားနှစ်သစ်ကူး စု‌ပေါင်းပွဲ‌တော်မှာ ကျပ်သိန်း ၃၀၀၀‌ကျော် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ၎င်းကုန်ကျ‌ငွေများကို ကရင်အမျိုးသားများ၏ စည်းလုံးညီညွတ်‌ရေးကို လိုလား‌သော ပြည်တွင်း၊ ပြည်ပရှိ အလှူရှင်များထံမှ အလှူ‌ငွေများ ‌ကောက်ခံသွားမည်ဖြစ်‌ကြောင်းလည်း ‌ကော်မတီ၏ စာရင်းစစ်ဖြစ်သူ ‌ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဋ္ဌ ပဒို‌စော ‌အောင်‌မော်‌အေးက ‌ပြောသည်။

Photo - KIC (‌ရွှေကုက္ကို‌ကျေးရွာ၌ ပြုလုပ်သည့် ကရင်နှစ်သစ်ကူးပွဲ‌တော် အစည်းအ‌ဝေး)
Photo – KIC (‌ရွှေကုက္ကို‌ကျေးရွာ၌ ပြုလုပ်သည့် ကရင်နှစ်သစ်ကူးပွဲ‌တော် အစည်းအ‌ဝေး)

ယခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို မြဝတီမြို့နယ်၊ ‌ရွှေကုက္ကို‌ကျေးရွာတွင် စု‌ပေါင်းကျင်းပပြုလုပ်သွားရန် သ‌ဘောတူခဲ့ ကြပြီး ကရင်လူမျိုးများ‌နေထိုင်ရာ အခြား‌ဒေသများတွင်လည်း မိမိတို့‌နေရာအလိုက် ကျင်းပသွားနိုင်သည်ဟု ထိုအစည်းအ‌ဝေး တွင် ဆုံးဖြတ်ခဲ့ကြသည်။

ထိုစည်း‌ဝေးပွဲသို့ တက်‌ရောက်ခဲ့သူ မြဝတီမြို့နယ် ရပ်မိရပ်ဖိတစ်ဦးက “ကရင်တစ်မျိုးသားလုံး ညီညီညွှတ်ညွှတ်နဲ့ တစ်သံတည်း ဖြစ်လာ‌အောင် ရည်ရွယ်ထားတဲ့အတွက်‌ကြောင့် ဖြစ်‌မြောက်‌အောင်မြင်မယ်ဆိုရင် အတိုင်းမသိ ဝမ်းသာစရာပဲ။ တစ်ဦးတစ်ဖွဲ့အ တွက် လုပ်တာမဟုတ်ပဲ။ တစ်မျိုးသားလုံးလုပ်တဲ့အတွက် သမိုင်းဝင်‌နေ့လည်း ဖြစ်သွားမယ်‌လေ။”ဟု ‌ပြောသည်။

ယမန်‌နေ့ အစည်းအ‌ဝေးတွင် ‌ကေအဲန်ယူဗဟိုမှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီ၊ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာန တာဝန် ခံ ပဒို‌စောအားတိုး၊ ပဒိုမန်းငြိမ်း‌မောင်၊ KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီမှ ဗိုလ်ချုပ်ရင်နု၊ နယ်ခြား‌စောင့်တပ် (BGF) အမှတ်(၃) တိုက်နယ်မှူး ဗိုလ်မှူးကြီး‌စောချစ်သူ၊ သံ‌တောင်အထူး‌ဒေသ ကရင်ငြိမ်းချမ်း‌ရေးအဖွဲ့ စသည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်း ‌ခေါင်း‌ဆောင်များ၊သံဃာ‌တော်များ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေအွာနှင့် ‌ဒေသခံ ရပ်မိရပ်ဖများ အပါအဝင် စုစု‌ပေါင်း ၁၅၀‌ကျော် တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် စု‌ပေါင်းကျင်းပ‌ရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ရက်‌နေ့ကလည်း အဆိုပါ ‌ရွှေကုက္ကို‌ကျေးရွာ၌ပင် ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ယခုအစည်းအ‌ဝေးမှာ ဒုတိယအကြိမ်‌မြောက် ဖြစ်သည်။ ကရင်လူမျိုး များသည် ပြာသိုလဆန်း ၁ရက်‌နေ့ကို ကရင်နှစ်သစ်ကူး‌နေ့အဖြစ် တရားဝင် သတ်မှတ်ထားပြီး လာမည့် ၂၀၁၄ခုနှစ်၊ ဇန်နဝါရီ လ ၁ရက်‌နေ့မှာ ကရင်သက္ကရာဇ် ၂၇၅၃ခုနှစ်၏ နှစ်သစ်ကူး‌နေ့ ဖြစ်သည်။