Home သတင်း ‌ကေအဲန်ယူ တပ်မဟာ(၅)တွင် မွမ်းမံစစ်သင်တန်း ဆင်းပွဲ ပြုလုပ်

‌ကေအဲန်ယူ တပ်မဟာ(၅)တွင် မွမ်းမံစစ်သင်တန်း ဆင်းပွဲ ပြုလုပ်

1889
စက်တင်ဘာ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

IMG_2327ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)ထိန်းချုပ်နယ်‌မြေ တပ်မဟာ (၅)တစ်‌နေရာတွင် စက်တင်ဘာလ ၁၇ရက်‌နေ့က မွမ်းမံစစ်သင်တန်း အခမ်းအနားတရပ် ပြုလုပ်ကျင်းပခဲ့သည်။

‌ကေအဲန်ယူ၏ တပ်မဟာ(၇)ခုရှိ ကရင်အမျိုးသားကာကွယ်‌ရေးတပ်မ‌တော်(‌ကေအဲန်ဒီအို)နှင့် ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်(‌ကေအဲန်အယ်လ်‌အေ)လက်‌အောက်ခံ တပ်မှူး၊ တပ်ဗိုလ် ၇ဝခန့်ကို ၃လကြာ မွမ်းမံသင်တန်း ပြုလုပ်ပြီး‌နောက် ယခုလို သင်တန်းဆင်းပွဲပြုလုပ်ရခြင်းဖြစ်သည်ဟု ယင်းသင်တန်းဆင်းပွဲသို့ တက်‌ရောက်ခဲ့သူ ‌ကေအဲန်ယူ၏ တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ ‌ကေအဲန်ယူအ‌နေနဲ့ ဒီသင်တန်းကို တပ်မဟာ ၇ခုက‌နေ တပ်မှူး၊ တပ်ဗိုလ်‌တွေအတွက် ဖွင့်တဲ့ သင်တန်း‌ပေါ့‌နော်။ တပ်အတွင်း အရည်အ‌သွေးမြှင့်တင်ဖို့ ရည်ရွယ်ဖွင့်လှစ်တာပါ။ တက်‌ရောက်သူ‌တွေဟာ ဒုဗိုလ်အဆင့်က‌နေ ဗိုလ်ကြီးအဆင့်ထိ ရှိကြတဲ့သူ‌တွေချည်းပါပဲ”ဟု ပဒို‌စော‌သောသီဘွဲက ‌ပြောဆိုသည်။

သင်တန်းကာလအ‌တောအတွင်းတွင် တပ်မှူး၊ တပ်ဗိုလ်တို့မှာ ရှိသင့်ရှိထိုက်သည့် စစ်‌ရေးဆိုင်ရာ အရည်အ‌သွေး မြှင့်တင်မှုများကို ပြန်လည်မွမ်းမံ‌လေ့ကျင့်‌ပေးသည့်အပြင် ‌ကေအဲန်ယူ၏ စစ်‌ရေး၊ နိုင်ငံ‌ရေး၊ မူဝါဒလမ်းစဉ်နှင့် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ စသည့်တို့ကို သင်ကြား‌ပေးခဲ့သည်ဟု ပဒို‌စော‌သောသီဘွဲက ဆိုသည်။
IMG_2315 copy
သုံးလကြာဖွင့်လှစ်ခဲ့သည့် ၎င်းသင်တန်းတွင် စစ်‌ရေးဆိုင်ရာ အရည်အ‌သွေးမြှင့်တင်ရန် သင်တန်းဆရာအဖြစ် ဒုဗိုလ်မှူးကြီး ‌စောကြာရုံက အချိန်ပြည့် တာဝန်ယူခဲ့ပြီး နိုင်ငံ‌ရေးစွမ်းရည် မြှင့်တင်‌ရေးအတွက် ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက တာဝန်ယူသင်ကြား‌ပေးခဲ့သည်ဟု သိရသည်။

သင်တန်းဆင်းပွဲတွင် သင်တန်းတက်‌ရောက်သူ တပ်မှူး၊ တပ်ဗိုလ်များ၊ ‌ကေအဲန်အယ်လ်‌အေ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ‌စော‌ဘော‌ကျော်ဟဲ အပါအဝင် အခြား‌ကေအဲန်ယူထိပ်တန်း‌ခေါင်း‌ဆောင်အချို့နှင့် ‌ကေအဲန်ယူနှင့် နီးစပ်သူ အသိုင်းအဝိုင်းပုဂ္ဂိုလ်များစုစု‌ပေါင်း ၁၀ဝ ‌ကျော် တက်‌ရောက်ခဲ့သည်ဟု ‌ကေအဲန်ယူက ‌ပြောသည်။

‌ကေအဲန်ယူအ‌နေဖြင့် တပ်မှူး၊ တပ်ဗိုလ်များကို ယခင်က အလားတူ မွမ်းမံစစ်သင်တန်းကို တခါပြုလုပ်ခဲ့ပြီဖြစ်ပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ်ဖြစ်သည်ဟု ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက ဆိုသည်။