Home သတင်း အစိုးရနှင့် ‌တွေ့ဆုံ‌နေ‌သော်ငြား စစ်‌ရေးလည်း ပြင်ဆင်ဖို့လိုဟု ဗိုလ်မှူးကြီးနယ်ဒါးမြ‌ပြောဆို

အစိုးရနှင့် ‌တွေ့ဆုံ‌နေ‌သော်ငြား စစ်‌ရေးလည်း ပြင်ဆင်ဖို့လိုဟု ဗိုလ်မှူးကြီးနယ်ဒါးမြ‌ပြောဆို

1791
ဇူလိုင်လ ၁၆ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

IMG_0696-1ကရင်အမျိုးသားအစည်းအရုံး (KNU)အ‌နေဖြင့် နိုင်ငံ‌ရေးအရ အစိုးရနှင့် ‌တွေ့ဆုံစကား‌ပြော‌နေသည့် တချိန်တည်းတွင် စစ်‌ရေး ဘက်ကလည်း ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်ရမည်ဖြစ်‌ကြောင်း ယ‌နေ့ကျ‌ရောက်သည့် (၆၆)နှစ်‌မြောက် ကရင်အမျိုးသား ကာကွယ်‌ရေးတပ်မ‌တော် KNDO‌နေ့တွင် KNDO၏ ယာယီဥက္ကဌဖြစ်သူ ဗိုလ်မှူးကြီးနယ်ဒါးမြက ‌ပြောကြားခဲ့သည်။

ဗိုလ်မှူးကြီးနယ်ဒါးမြက“အခု ကျ‌နော်တို့‌ခေါင်း‌ဆောင်‌တွေက နိုင်ငံ‌ရေးအရ စကား‌ပြော‌နေတယ်။ ကျ‌နော်တို့ကလည်း စစ်‌ရေးအ ရ ပြင်ဆင်စရာ ရှိတာ‌တွေကို‌တော့ ပြင်ဆင်ရမှာပဲ။ ဆိုရိုးစကားရှိပါတယ်။ ရန်သူနဲ့ စကား‌ပြောတဲ့အခါမှာ စစ်‌ရေးဘက်ကလည်း ကျစ်ကျစ်လစ်လစ်ရှိဖို့ လိုပါတယ်။ ဒါက ကျ‌နော်တို့ တာဝန်ပါပဲ။”ဟု ‌ပြောသည်။

မြန်မာအစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ‌တွေ့ဆုံစကား‌ပြော‌နေ‌သော်လည်း တစ်ဘက်တွင် စစ်‌ရေးလှုပ်ရှားမှု နှင့် နယ်‌မြေစိုးမိုးမှုများ လုပ်‌ဆောင်‌နေသည့်အပြင် တိုင်းရင်းသား‌ဒေသအချို့တွင် တိုက်ပွဲများ ဖြစ်ပွား‌နေဆဲဖြစ်‌နေသည်ကို ၎င်း က နှိုင်းယှဉ်သုံးသပ် ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

KNU ဥက္ကဌ‌ဟောင်း ဗိုလ်ချုပ်ကြီး ‌စောဘိုမြ၏ သားဖြစ်သူ ဗိုလ်မှူးကြီးနယ်ဒါးမြကို ယခုလ ဇူလိုင်လ ၈ရက်မှ ၉ရက်‌နေ့အထိ KNU ထိန်းချုပ်ရာ နယ်‌မြေတစ်‌နေရာတွင် ကျင်းပပြုလုပ်သည့် KNDO တပ်ဖွဲ့၏ တပ်ဖက်ဆိုင်ရာ အစည်းအ‌ဝေး၌ ယခင် KNDO ဥက္ကဌ‌ဟောင်း ဗိုလ်ချုပ်မန်း‌ကျော်‌ဖေ၏ တာဝန်ကို ယာယီလွှဲ‌ပြောင်းခံရခြင်းဖြစ်ပြီး မကြာခင်တွင် ထပ်မံကျင်းပမည့် KNU တပ် ဘက်ဆိုင်ရာ အစည်းအ‌ဝေးတွင် တရားဝင် အသိအမှတ်ပြုသွားမည်ဖြစ်သည်ဟု သိရသည်။

ယ‌နေ့ ကျ‌ရောက်သည့် (၆၆)နှစ်‌မြောက် ကရင်အမျိုးသား ကာကွယ်‌ရေးတပ်ဖွဲ့(KNDO)‌နေ့ကို ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့ နယ်၊ အူက‌ရေ့ခီးရှိ KNDO၏ ဗဟိုဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ KNDO ယာယီဥက္ကဌ ဗိုလ်မှူးကြီးနယ်မြ၊ KNDO တပ်မှူးတပ် သားများ၊ ‌ဒေသခံပြည်သူများနှင့် ‌ကျောင်းသူ‌ကျောင်းသားများ အပါအဝင် စုစု‌ပေါင်း (၁၀၀)ဦးခန့် တက်‌ရောက်ခဲ့ကြသည်။

ဆက်လက်၍ ဗိုလ်မှူးကြီးနယ်ဒါးမြက“ကျ‌နော်တို့ ‌ခေါင်း‌ဆောင်‌တွေ ချမှတ်ထားတဲ့ လုပ်‌ဆောင်ရမယ့် လုပ်ငန်း‌တွေကို ဆက်ပြီး လုပ်ရမှာပဲ။ ပြည်သူ‌တွေကို ကျ‌နော်‌ပြောချင်တာက ဒီ‌နေ့ (၆၆)နှစ်‌မြောက် ‌ကေအဲန်ဒီအို‌နေ့မှာ အသက်ကို စွန့်လွှတ်သွားခဲ့တဲ့ ကျ‌နော်တို့ ‌ခေါင်း‌ဆောင်‌တွေနဲ့ လက်ရှိ အလုပ်လုပ်‌နေဆဲ ‌ခေါင်း‌ဆောင်‌တွေကိုလည်း ‌အောက်‌မေ့ကြပါလို့ ‌ပြောချင်ပါတယ်” ဟု ‌ပြောကြားခဲ့သည်။

နံနက် (၉)နာရီမှ (၁၀)နာရီအထိ ကျင်းပပြုလုပ်သည့် အဆိုပါ အခမ်းအနားတွင် ‌ကေအဲန်ဒီအို ယာယီဥက္ကဌမှ အဖွင့်မိန့်ခွန်း ‌ပြော ကြားပြီး‌နောက် ယခင် ဥက္ကဌ‌ဟောင်း ဗိုလ်ချုပ်မန်း‌ကျော်‌ဖေ၏ မိန့်ခွန်းဖတ်ကြားခြင်း၊ ကရင်အမျိုးသမီးအစည်းအရုံးမှ သဝဏ် လွှာ‌ပေးပို့ခြင်းနှင့် KNDO ‌နေ့ ဖြစ်‌ပေါ်လာပုံအ‌ကြောင်းကို ရှင်းပြခြင်းနှင့် တက်‌ရောက်လာသည့် ‌ကျောင်းသူ‌ကျောင်းသားများမှ ‌တေးသီချင်း သီဆို‌ဖျော်‌ဖြေခြင်း အစီအစဉ်များ ပြုလုပ်ခဲ့သည်။
IMG_0737-1
‌ကေအဲန်ဒီအိုသည် ကရင်အမျိုးသား ခုခံ‌တော်လှန်စစ် မစတင်မှီ ၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၆ရက်‌နေ့တွင် ကရင်ပြည်သူများ၏ လွတ်လပ်မှုနှင့် တရား‌သော ရပိုင်ခွင့်များအတွက် လှုပ်ရှားမှုအ‌ပေါ် တိုက်ခိုက်လာကြမည့် အန္တရာယ်မှ မိမိကိုယ်ကို ခုခံကာ ကွယ်နိုင်ရန် ‌ကေအဲန်ယူ၏ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင်တဦးဖြစ်ခဲ့သူ ကာကွယ်‌ရေးဌာနတာဝန်ခံ မန်းဘဇံက စတင် ဦး‌ဆောင်ဖွဲ့စည်းခဲ့သည်။