Home သတင်း ဖာပွန်မြို့နယ်အတွင်းတွင် အတင်း အဓမ္မ ခိုင်း‌စေမှုများ ဆက်လက်ဖြစ် ပွား

ဖာပွန်မြို့နယ်အတွင်းတွင် အတင်း အဓမ္မ ခိုင်း‌စေမှုများ ဆက်လက်ဖြစ် ပွား

1393
ဧပြီလ ၂၅ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

KHRG-logo-p
ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေဆဲကာလတွင် ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ‌ကျေးရွာအချို့တွင် ကရင်နယ်ခြား ‌စောင့်တပ်-BGF မှ ‌ဒေသခံများကို အတင်းအဓမ္မ လုပ်အား‌ပေးခိုင်း‌စေမှုများ ပြု လုပ်‌နေ‌သေး‌ကြောင်း ကရင် လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)က ထုတ်ပြန်ထားသည်။

ဖာပွန်မြို့နယ် အ‌ခြေစိုက် ၁၀၁၃ နှင့် ၁၀၁၄ နယ်ခြား‌စောင့်တပ်ရင်းတို့က ၎င်းတို့တပ်စခန်းများ‌ဆောက်‌ရေး အတွက် လိုအပ်‌သော သစ်၊ ဝါးနှင့် သက်ကယ်များကို ပို့‌ပေးရန် ယင်း‌ဒေသရှိ မဲ့က‌နော၊ မဲ့သရီးကြီး၊ မဲ့သရီးဖိုးခီး နှင့် ထီး‌ထောခီး စသည့်‌ကျေးရွာတို့မှ ရွာသားများအား အတင်းခိုင်း‌စေခဲ့သည်ဟု KHRG မှ ဧပြီလ ၂၃ရက်‌နေ့၌ အစီရင်ခံစာတစ်‌စောင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မြိုင်ကြီးငူဆရာ‌တော်မှ ဦး‌ဆောင်ပြီး ယွန်းစလင်း‌ချောင်းကိုဖြတ်၍ ‌ဆောက်လုပ်ရန်ရှိ‌သော ထီးလား အယ်ထာ့ဟု‌ခေါ်‌သော တံတားအတွက် မဲ့ပ‌ရေးနှင့် ‌ကျောပါး‌ကျေးရွာအုပ်စု အပါအဝင် အခြား‌သော ‌ကျေးရွာ အုပ်စု ၃ ရွာမှ တစ်ရွာလျင် အနည်းဆုံး လူ ၅ဦးမှ ၁ဝ ဦးအထိ ‌နေ့တိုင်းလုပ်အား‌ပေးဆင်း‌နေရသည်ဟု KHRG က ဆိုသည်။

“အခု လက်ရှိအ‌ခြေအ‌နေအရ အခွင့်အ‌ရေးချိုး‌ဖောက်ခံ‌နေရတာ‌တွေက‌တော့ အရင်က‌လောက် မဆိုး‌ပေမယ့် အ‌ကြောင်းအမျိုးမျိုးပြပြီး ‌စေခိုင်း‌နေတာ ရှိတုန်းပါပဲ။ ခိုင်း‌စေမှုက‌တော့ ဇန်နဝါရီလက‌နေ ‌ဖေ‌ဖော်ဝါရီလအထိ ဖြစ်ပွားမှု‌တွေကို ထုတ်ပြန်ထားတာဖြစ်ပါတယ်”ဟု KHRG ‌ပြောခွင့်ရ ‌နော်ခူးခူးဂျူးက ‌ကေအိုင်စီ သို့‌ပြောသည်။

အဆိုပါ‌ဒေသရှိ ရွာသားများက သတင်းပို့‌ပေးရခြင်း၊ ကင်း‌စောင့်‌ပေးရခြင်း၊ ထမင်း၊ ဟင်းချက် ပြုတ်‌ပေးရခြင်း များအပြင် ‌ပေါ်တာလိုက်‌ပေးခြင်းများကိုလည်း နယ်ခြား‌စောင့်တပ်အတွက် ယခုအချိန်ထိ လုပ်‌ဆောင်‌ပေး‌နေရ သည်ဟု KHRG က ‌ပြောသည်။

‌နော်ခူးခူးဂျူးက “အခု ပစ်ခတ်ရပ်စဲ‌ရေးကာလမှာ ကရင်‌ဒေသက ရွာသား‌တွေ အတင်းအဓမ္မခိုင်း‌စေခံရမျိုး ဆက်ရှိ‌နေ‌သေးတာကို ‌တွေ့ရတဲ့အတွက် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုကိစ္စနဲ့ပတ်သက်ပြီး ပြည်သူဘက်က‌နေ တတ်နိုင်သ‌လောက် ကျမတို့ အဖွဲ့က‌နေ ကြိုးစားသွားမယ်”ဟု ဖြည့်စွက်‌ပြောဆိုသည်။

KHRG ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ ယခု ဖာပွန်မြို့နယ်အတွင်းရှိ ‌ဒေသခံများကို အဓမ္မခိုင်း‌စေ‌သော နယ်ခြား‌စောင့်တပ် ၁၀၁၃ တပ်ရင်းကို ဗိုလ်မှူး‌စောလှကြိုင်မှ ဦး‌ဆောင်ပြီး ၁၀၁၄ တပ်ရင်းကို ဗိုလ်မှူး ‌စော‌မောင်ချစ်က ဦး‌ဆောင်သည်ဟု ‌ဖော်ပြထားသည်။
KHRG ကို ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံရှိ ကရင်ပြည်နယ်အပြင် ကရင်‌ဒေသအတွင်းတွင် ဖြစ်ပွား‌နေ‌သော လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို အချက်အလက်စု‌ဆောင်းကာ လိုက်လံ‌ဆောင်ရွက်လျှက် ရှိသည်။